Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Thursday, October 29, 2015

Youtubeသို့videosတင်နည်း

Youtubeသို့videoတင်နည်း

By: Master Myo


Youtubeပေါ်သို့videoတင်နည်း screenshotပုံတွေကိုpdfစာအုပ်ပြုလုပ်၍တင်ပေးလိုက်ပါတယ်။

လိုအပ်သူများအောက်မှာဒေါင်းနိုင်ပါတယ်။



>ဒေါင်းလော့မလုပ်တက်ရင်နှိပ်ကြည့်ပါ<




>DOWNLOAD<
.


Posted via Blogaway

Thursday, August 27, 2015

AIDE APK အသုံးပြုနည်း

Sunday, January 4, 2015

AIDE APK အသုံးပြုနည်း

AIDE Apk အသုံးပြုပုံ

Package Name ​နေရာမှာ ကိုယ်​အဆင်​​ပြေသလို ပြင်​​ရေးလို့ရပါတယ်။ပြီးရင် Create ကိုနှိပ်ပါ။

Run လိုက်​ပါ။

MyApp တခုရရှိပါမည်​။
AIDE Apk အသုံးပြုပုံ ဖြစ်​ပါသည်​။

ရေးသားသူ =​ဇေယျာလင်း

ရေးသားသူ =​ဇေယျာလင်း

Zay Yar Lin at 4:26 PM



Posted via Blogaway

Monday, August 17, 2015

Huawei ဖုန်းများကို Offical Firmware တင်နည်း

Huawei ဖုန်းများကို Offical Firmware တင်နည်း

Replies: သက်ဆိုင်သူများကို
               ကျေးဇူးတင်ပါတယ်

By: ဇူးနစ်

မင်္ဂလာပါ

ဒီတစ်ခါ Android User တွေအတွက် ကျနော်လက်ဆောင်အဖြစ်တင်ပေးသွားချင်တာကတော့ Huawei ဖုန်းများကို Official Firmware တင်နည်းပဲ ဖြစ်ပါတယ်။တကယ်တော့ Huawei ဖုန်းများကို Firmware တင်ရတာ အရမ်းလွယ်ကူပါတယ်၊ ဒါပေမယ့် လေ့လာခါစညီအစ်ကိုတွေအတွက်တော့ စိတ်ကသိကအောက်ဖြစ်နိုင်ပါတယ်။

Huawei ဖုန်းများကို Firmware တင်တော့မယ်ဆိုရင်အောက်ပါလိုအပ်ချက်များကို သိထားရမှာ ဖြစ်ပါတယ်။

လိုအပ်ချက်များ

===========

၁။ Huawei Official Firmware

၂။ dload

၃။ Update.app

၎။ SD CARD – 4GB

အထက်ပါ လိုအပ်ချက်များနဲ့ ပြည်စုံပြီးရင်တော့Firmware တင်ဖို့ အသင့်ဖြစ်နေပါပြီ။

အရင်ဦးဆုံး မိမိလုပ်ဆောင်ရမယ့် အပိုင်းကHuawei ဖုန်းများအတွက် Firmware တွေကို လိုက်ရှာစုဆောင်းရမှာဖြစ်ပါတယ်၊ ဖုန်းModel အလိုက် မိမိမှာ အသင့်ရှိနေလေ ပိုကောင်းလေပါပဲ၊ 

ဆိုင်တွေမှ ၀ယ်ယူအသုံးပြုနိုင်သလိုအချင်းချင်းလည်း အလွယ်တကူ Share လုပ်ယူတာမျိုး သို့တည်းမဟုတ် Internet Connection သာအဆင်ပြေမယ်ဆိုရင်တော့ 

Online ပေါ်ကနေ Official Web မှာ Free

Account တစ်ခု အလွယ်တကူ Register တင်ပြီးမိမိလိုအပ်သလောက် ဒေါင်းလော့ရယူသိမ်းဆည်းရမှာ ဖြစ်ပါတယ်။

တကယ်လို့ Online ပေါ်မှ Firmware တွေကိုဒေါင်းလော့ရယူမယ်ဆိုရင်တော့ ရရှိလာမယ့် 

Firmware ဖိုင် Data တွေဟာ များသောအားဖြင့်Zip တွေ ဖြစ်နေပါလိမ့်မယ်။

ဒေါင်းလော့ဆွဲပြီဆိုရင်လည်းUnofficial Firmware တွေကို မရယူပါနဲ့၊

 ဖြစ်နိုင်ရင်တော့ Offical Firmware ကိုသာDownload ရယူသိမ်းဆည်းပါ။

အခုလပ်တလောမှာ Online တစ်ခွင်Huawei ဖုန်းတွေအတွက် Official Firmware တွေရယူနိုင်မယ့် Web တွေ အများအပြားရှိနိုင်ပါတယ်၊အဲဒီအထဲကမှ ကျနော် လိုအပ်တဲ့အချိန်တိုင်း သွားသွားယူနေကြ အောက်ပါ လင့်များမှာလည်း ဒေါင်းလော့အလွယ်တကူရယူနိုင်ပါတယ်။

http://www.needrom.com/



အထက်ပါ Web တွေ Free Account တစ်ခုအလွယ်တကူ Register တင်ပြီး

 Huawei ဖုန်းများအတွက် Official Firmware တွေဒေါင်းလော့ရယူနိုင်ပါတယ်။

http://emui.huawei.com/en


အပေါ်က Web လေးကတော့ Huawei ချစ်ပရိတ်သတ်တွေအတွက် 

လုံးဝအကြိုက်ဖြစ်စေမယ့် Official Web တစ်ခုဖြစ်ပါတယ်။

တကယ်ကို ရှာရခက်ခဲတဲ့ OfficialFirmware ကိုတစ်နေရတည်းမှာ 

အလွယ်တကူ ရယူနိုင်မှာလည်း ဖြစ်ပါတယ်။

Huawei Brand Phone အားလုံးအတွက် အစုံရှိပါတယ်

 ကျနော်ရှာကြည့်သလောက်အကုန်တွေ့ပါတယ်

 ဒေါင်းလော့လင့် လည်း အရမ်းအဆင်ပြေပါတယ်။

Firmware စတင်နည်း

=============

ဒေါင်းလော့ရလာတဲ့ Firmware ဖိုင်သည်အောက်ပါအတိုင်း Zip ဖိုင်ဖြင့်မြင်နေရပါလိမ့်မယ်။


Zip ဖိုင်ကို ဖြေရပါမှာ ဖြစ်တဲ့အတွက်အောက်ပါပုံလေးအတွက် Zip ပေါ်တွင် Right Click တစ်ချက်ထောက်လိုက်ပါ။ ပြီးရင် ပေါ်လာတဲ့စာတန်းတွေထဲမှ Extract File ဆိုတာကို တစ်ချက်နှိပ်ပြီး ဖြေချလိုက်ပါ။


ပြီးနောက် သက်ဆိုင်ရာ FirmwareFolder ကိုဖွင့်လိုက်ပါ။

dload ဆိုတာကိုတွေ့ပါလိမ့်မယ်။ 

 


dload folder လေးကိုဝင်ကြည့်လိုက်ပါ။အထဲမှာ update.app ပါမပါပေါ့။ 

မပါပါက Firmware တင်လို့ရမှာမဟုတ်ပါဘူး


Update.app လေးပါရှိနေပြီဆိုရင်Firmware တင်လို့ရပါပြီ


ဒါဆိုရင်တော့ dload ဖိုင်လေးကို SDCard ထဲကိုထည့်လိုက်ပါ။ SD Card သည် 2GB/ 4GB/ 8GB အကုန်အဆင်ပြေပါတယ်။ ပညာရှင်အများစုကတော့4GB နဲ့သာအသုံးပြုကြတာများပါတယ်။ SD Card ဆိုရာ၌ ကဒ်အဟောင်းဖြစ်က Format ချပေးလိုက်ပါ။

ဖုန်းကို ပါဝါပိတ်လိုက်ပါ။ Batteryဖြုတ်လို့ရပါက ဖြုတ်လိုက်ပါ။

ပြီးရင် Battery ပြန်တက်ပြီးVolume up + Down + Power ကိုဖိနှိပ်ထားလိုက်ပါ။


All Key လို့လည်း ခေါ်ဝေါ်ကြပါတယ်၊ ရှင်းရှင်းပြောရရင်Huawei ဖုန်းမှာ ပါလာတဲ့ လက်နဲ့ နှိပ်ဖိလို့တဲ့ ဘယ်ခလုပ်ကိုမဆို တစ်ပြိုင်တည်း တွဲနှိပ်ထားလိုက်ပါ။


(G730-U00/G730-C00 စတဲ့အချို့သောဖုန်းတွေမှာတော့Power + Volume up ကီးကိုတွဲနှိပ်လိုက်တာနဲ့ အဆင်ပြေပါတယ်၊ တကယ်လို့ Volume up နဲ့အဆင်မပြေရင်တော့ Power + Down ကီးကိုပြောင်းနှိပ်ပေးပါ)

အထက်ပါအတိုင်း Firmware တင်ရန် လိုအပ်တဲ့Key တွေကို တွဲနှိပ်ပြီးတဲ့အခါမှာတော့ အောက်ပါအတိုင်း Firmware update ဆိုပြီး သူ့အလိုလိုStep 1/2 Step 2/2 တွေဖြင့် ရေးနေပါလိမ့်မယ်။


ပုံပါအတိုင်း Firmware ရေးပြီးသွားရင်တော့Reboot တစ်ကြိမ်ကျပြီး Normal Mode ဖြင့်ပြန်တက်လာပါလိမ့်မယ်။

အပေါ်မှာပြထားတဲ့ပုံကတော့ ဟိုးအရင်ဖုန်းတွေမှာတင်တဲ့ပုံစံမျိုးပါ။Huawei ဖုန်းပေါ်မူတည်ပြီးပြောင်းလဲမူ့တွေရှိနိုင်ပါတယ်။

PDF စာအုပ်လေးအဖြစ် သိမ်းဆည်းထားချင်တဲ့သူတွေကတော့
အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါတယ်။

Download Here

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

Labels: Firmware တင်နည်းများ, နည်းပညာစာအုပ်များ


Posted via Blogaway