Wednesday, December 14, 2016

visa card

How to get Bitcoin Virtual Visa Card afew 3 mins (bitcoin virtual visa card အား ၃ မိနစ်ဖြင့်လျှေက်နည်းလေးပါ)

Replies: 0

By: silancestorm



ကျနော်ဒီနေ့ Bitcoin Visa Debit Card လေးအကြောင်း ကျနော်ရေးပြပေးပါ့မယ် ဘလော့မှာလဲ ကျနော်ပို့မတင်ဖြစ်တာ ကြာပါပြီ...

တခြားနေရာမှာ ကျနော်တို့ Online Payment တွေငွေချေဖို့အတွက် ကဒ်တွေ လျှောက်ရပါတယ်... အခကြေးငွေလဲပေးရပါတယ်... အခု ကတော့ ကျနော်တို့ လက်ထဲ ငွေ ဒေါ်လာ 2.5 ရှိယုံနဲ့ ကဒ်၁ကဒ်ကို ချက်ချင်းပိုင်ဆိုဒ်ရမှာဖြစ်ပါတယ်.... မမိုက်ဘူးလား... ကျနော်အခုဘဲ လျောက်ကလိရင်းနဲ့စမ်းလိုက်တာ... ကဒ်တကဒ် ချက်ချင်းရသွားပါပြီ...

ပလပ်စတစ် ကဒ်လျောက်ရင်လဲရပါတယ်...ကြိုက်တဲ့ နေရာ အင်တာနေရှင်နယ် VISA Card support ပေးတဲ့ ATM တိုင်းမှာထုတ်ရပါတယ်... မြန်မာနိုင်ငံမှာလဲ စက်တွေ အများကြီးပါ... ထုတ်ချင်သလိုထုတ်ရပါတယ်....VISA Card ကတော့မြန်မာနိုင်ငံမှမဟုတ်ပါဘူး... နိုင်ငံတကာ သွားသွား ဒီမြန်မာကကဒ်ဘဲ ယူပြီးသွားသုံးသုံး နိုင်ငံခြားက ကဒ်ဘဲ ယူလာပြီးတော့ ဒီမှာလာသုံးသုံး  ထရန်စလေးရှင်းဖိစ် ဖြတ်မှာပါ... အိပ်ချိန်းလုပ်ပြီးတော့ပေါက်ဈေးအတိုင်းပေါ့....

ပြီးရင် လစဉ်ကြေး နှစ်စဉ်ကြေးကတော့ အမျိုးမျိုး ကဒ်လုပ်ပေးတဲ့ ဆားဗစ်တွေအပေါ်မူတည်ပြီးတော့..ပြောင်းနိုင်ပါတယ်... ဒီမှာတော့ ကဒ် သုံး၇င် ၁ လကို ၁ ဒေါ်လာသာပေးဆောင်ရမှာပါ....

ကဒ်သက်တမ်းက ၃ နှစ်ထိပေးထားတယ် သက်တမ်းကုန်ပြန်လျောက်ယုံဘဲ

တနေ့ကို ဒေါ်လာ ၂၅၀၀ ထိထည့်လို့ထုတ်လို့ရတယ်..... ဒါတောင် unverified အတွက်နော်.. Verify user ဆိုရင် ဒေါ်လာ ၂၀၀၀၀ ထိရတယ်....

 နိုင်ငံတကာမှာငွေပေးချေရင်တော့ Foreign Transaction Fee  3% ဖြတ်မှာပါ....

ပလစ်စတစ်ကဒ်ဘဲသုံးသုံး Virtual Visa ကဒ်ဘဲသုံးသုံးပါ....ပလစ်စတစ်ကဒ်ကတော့ သူတို့ခွင့်ပြုထားတဲ့နိုင်ငံတွေဆိုရင်တော့ ဖရီးပို့ပေးပါတယ်.... ကျန်တဲ့ နိုင်ငံတွေကတော့ Shipping fee ကောက်မှာပါ...

Number of online transactions ကတော့ စိတ်ကြိုက် သုံးချင်သလေက်သုံးပါ.. Unlimited ပါဘဲ..

ဘာဘဲဖြစ်ဖြစ် လွယ်လွယ်ကူကူ နဲ့ချက်ချင်းလျောက်လို့ရတဲ့ Virtual Visa Card ဆိုလို့ဒီကောင်ဘဲရှိပါတယ်.. ကိုယ်လက်ထဲ ဘစ်ကွိုင် ၂ ကျပ်ခွဲ ရှိရင် ချက်ချင်းရပြီ...

ပြီးရင် အကောင့်ဖွင့်ထားပြီးရင်လဲ ဘစ်ကွိုင် ဝေါလက် ၁ ခုအနေနဲ့ အသုံးပြုလို့ရအုံးမှာပါ...

USD လား Euro လား GBP လား ကြိုက်တာသုံး... ဘစ်ကွိုင်ထည့်ပေးလိုက် ပေါက်ဈေးအတိုင်း အော်တိုကဒ်ထဲချိန်းသွားပေးပါလိမ့်မယ်

 ကဒ်ထဲက ဘစ်ကွိုင်တွေ ပြန်ထုတ်ချင်လား ဝေါလက်ထဲကို ပြန်ထုတ်လိုက်ယုံပါဘဲ.....
 ပြီးရင်တော့ ကဒ်ကိုငွေပြန်ဖြည့်မယ်ဆိုရင် သူများတွေဆီမှာ အကောင့်သွားဖွင့်ထားတဲ့သူတွေဟာ ကိုယ့်အကောင့်ငွေသွင်းဖို့အတွက် သူတို့ကိုဆက်သွယ်ရပါမယ်...
ပြီးရင် သူတို့ကိုငွေပို့ပေးပြီးမှ ကိုယ့်ကဒ်ထဲ ငွေက ရောက်မှာပါ... ပြီးရင် ငွေဖြည့်ခ ဖိစ် ကောက်အုံးမှာပါ..

ဒီမှာတော့ ငွေပြန်ဖြည့်ရင် ဖိစ်က ၁ ပါစန့်

ကိုယ်ကဒ်ထဲငွေဘယ်လောက်ကျန်သေးလဲဆိုတာလဲ အခုလို လွယ်လွယ် ကူကူ နဲ့စစ်လို့ဖို့ ဆိုတာမလွယ်ကူပါဘူး...

ဒီမှာတော့ ဘစ်ကွိုင်ထည့်...ဘစ်ကွိုင်ထည့် လိုက်တာနဲ့ Bitcoin Network Confirmed 3 ခါပြည့်ပြီးတာနဲ့ ကိုယ့်အကောင့်က နေ ကဒ်ထဲပြောင်းထည့်လိုက်ယုံပါဘဲ... ဘယ်သူ့မှအားကိုးနေစရာမလိုပါဘူးခင်မျာ....

ကျနော်ဒီနေ့ Bitcoin Debitc Card ၁ ကဒ်လျောက်နည်းရေးပြပေးပါ့မယ် အရမ်းလွယ်ကူပါတယ်.... အချိန် ၃ မိနစ် လောက်ပေးယုံနဲ့ မိမိ တို့ အွန်လိုင်းငွေချေနဲ့ Virtaul Debit Card လေးတကဒ် ရရှိနိုင်မှာဖြစ်ပါတယ်... မြန်မာ နိုင်ငံတော့မပါဘူးနော်... စိတ်မပူ နဲ့ ၃ မိနစ် ဘဲကြာမယ်... ရစေရမယ် မြန်မာနိုင်ငံမပါလဲ....

https://goo.gl/w8WHX8

အပေါ်ကလင့်မှာ အကောင့်သွားဖွင့်ရမှာပါ....အင်ဗိုက်ပေးတဲ့အတွက် ဖွင့်တဲ့သူက ၂၅% ဒစ်ကောင့်ရမှာပါ..ကျနော်က ၁၀% ပါ... မိတ်ဆွေတို့ထည့်တဲ့ငွေတွေရမှာမဟုတ်ဘူး သုံးတဲ့ ငွေရဲ့ ဖိစ်ရဲ့ ၁၀ % နော်... 

အကောင့်ဖွင့်တာတော့ ကျနော် သေချာမရေးပြတော့ဘူးနော် ကျွမ်းနေကြပါပြီ ကျနော်တို့ ဂရုကလူတွေအမြဲဖွင့်နေကြဘဲ...

အကောင့်ဖွင့်ပြီးသွားရင် ကျနော်တို့ ကဒ်လျောက်ဖို့အတွက် Sigin ၀င်လိုက်ပါ...


 ကျနော် စရှင်းပြပေးပါ့မယ်... အခု ပုံမှာမြင်ရတာကတော့စစချင်းဝင်တာနဲ့ Account ကိုစပြပေးနေပါလိမ့်မယ်... ဒါကတော့ Bitcoin ဝေါလက် တခုအနေနဲ့ သုံးလို့ရတဲ့ Account ဖြစ်ပါတယ်... အဲ့ မှာ Bitcoin account , Euro ,GBP ,US dollar account ဆိုပြီးတော့ ၄ ခု ရှိပါတယ်...

အပေါ်ဆုံးကောင်က ကျနော်တို့ ရဲ့ ဘစ်ကွိုင် ဝေါလက်အတွက် အကောင့်ပါ... အောက်မှာကပ်ပြီးတော့ဘစ်ကွိုင်လိပ်စာတွေပေါ်နေပါတယ်....

သူက တော့အိတ်ချိန်းသဘောလိုမျိုးပါ.... Bitcoin account ထဲကိုထည့်ရင် Bitcoin ရောက်မယ်...

Usd account ထဲကို ထည့်ရင်  USD ဒေါ်လာအဖြစ်ပြောင်းသွားပါလိမ့်မယ် ပေါက်ဈေးအတိုင်းပေါ... ကိုယ် က ၆၆၀ ဒေါ်လာနှုန်းနဲ့ ၁ ဘီ ထည့်လိုက်ရင် USD ကိုပေါ့.. USD အကောင့်ထဲမှာ 660 usd လို့ပြပေးမှပါ..... 

GBP and EURO အကောင့်တွေလဲ ထိုနည်းတိုင်းပါလဲ ဈေးတက်ကျမှာ ပြန်ပြီးတော့ထုတ်ရင် ပေါက်ဈေအတိုင်းအိပ်ချိန်းလုပ်နိုင်ပါတယ်... ဈေးအတက်
အကျ  အပြောင်းနဲ့ အရှုံးမြတန်ထွက်နိုင်ပါတယ်....

ဘာလို့လဲဆိုတော့ ၆၆၀ နှုန်းနဲ့ ၁ ဘီ USD အကောင့်မှာထည့်ခဲ့ရင် 700 ဒေါ်လာထိ ဘစ်ကွိုင် ဈေးပေါက်တဲ့အချိန်မှာ ကိုယ်ပြန်ထုတ်ရင် ၁ ဘီ အပြည့်မရတော့ဘူး... ၄၀ ဒေါ်လာဖိုးဘီလျော့နေပါလိမ့်မယ် ...ကိုယ့်ကို ၆၆၀ ဒေါ်လာ နဲ့ ဈေးဖြတ်ထည့်ထားလို့ပါ

600 ဈေးထိ ဘစ်ကွို င် ဈေးကျခဲ့ရင်တော့ ၆၀ ဒေါ်လာ ဖိုးအမြတ်နဲ့ ဘစ်ကွိုင်က ၁ ဘီ ထက် ပိုပြီးတော့
ပြန်ရပါလိမ့်မယ် ထရိတ် ဆိုဒ်တွေ မှာ အိပ်ချိန်းလုပ်ပြီးကိုင်ထားတဲ့သဘောမျိုးပါဘဲ...

ကျနော်ကပ်လျောက်တာ စတင်ပြောပါ့မယ်
...အခုပုံထဲမှာက ကျနော် ကဒ်လျောက်ထားပြီးသားကြီး ကဒ်က active ဖြစ်နေတဲ့ပုံကြီးပါ....

အကောင့်စစချင်းဆို ကဒ်လျေက်မလားတန်းပေါ်ပါတယ် ကျနော်ကတော့ကဒ်လုပ်ပြီးသားမလို့ ပြမရတော့ပါဘူး....

ဟိုးအောက်ဆုံးထိ ဆင်းလိုက်ပါ.... အောက်ဆုံးနားမှာ Service ဆိုတာရှိပါတယ်.... အဲ့အောက်မှာ
Bitcoin Debit Card ဆိုပြီးတော့ရှိပါတယ်... အဲ့ကောင်ကိုရွေးလိုက်ပါ...ကျနော်ပုံမှာ အနီနဲ့ဝိုင်းပြထားပါတယ်....

ပုံမှာ ပြထားတဲ့အတိုင်းရွေးပေးပါ... ကျနော်တို့အနေနဲ့ ပလပ်စတစ်ကဒ်လျောက်ဖို့မလွယ်ကူပါဘူးမြန်မာကဆိုရင် တခြားနိုင်ငံကဆိုရင်တော့ Plastic Card ကိုရွေးပေါ့...မြန်မာကလူတွေကတော့ Virtual Card ကိုဘဲရွေးပါ... $2.5 ဒေါ်လာကဒ်ဖိုးကျမှာပါ...

ပြီးရင်တော့ USD ကဒ်ကိုထပ်ရွေးပါ... ပြီးရင် User agree မှာ အမှန်ခြစ်ထည့်ပါ... Continue ကိုဆက်နှိပ်ပလိုက်ပါ....

Personal info မှာ First name Last name ထည့်ပါ... ပြီးရင် DOB ထည့်ပါ....
Billing Address မှာတော့ ကျနော် ထိုင်းက မြိုံကိုထည့်ထားတာပါ.... Maesei Ching Rai ကျနော့်သူငယ်ချင်းလိပ်စာ ပါ.... ထည့်ကြည်ပါ ရပါလိမ့်မယ် ဘာဖြစ်လဲ တလမ်းထဲ အတူတူနေကြတာပေါ့... ငိငိ... ကျနော် အိမ်အမှတ်တွေမထည့်ထားပါဘူး....

Country မှာ Thailand ကို ရွေးပါ... City မှာ MAESEI ပါ.. Post Code ကတော့ 57130 ပါ...

Continue ကိုဆက်နှိပ်လိုက်ပါ... အနီကွက်တွေနဲ့လိုအပ်တာတွေ အကုန် ပြထားပါတယ်...ကျနော်...

ပုံမှာအခုလိုပေါ်ပါလိမ့်မယ်... Payment detail မှာ ကိုယ့်ရဲ့ balance ထဲက ချေမလားလို့ မေးပါလိမ့်မယ် ကိုယ့်အကောင့်ထဲ ဝေါလက်ထဲ ထည့်ထားတဲ့ ဟာ မရှိသေးရင် Bitcoin Payment ဆိုပြီးတော့ ရွေးလို့ရပါတယ် အဲ့နေရာမှာ... ပုံမှာသေချာကြည့်ပါ.. ပြီးရင်တော့ Order ကိုနှိပ်ပြီးတော့ဆက်သွားလိုက်ပါ....

သူတို့ ဘစ်ကွိုင် ဝေါလက်လိပ်စာနဲ့ အမောက် ကျလာပါလိမ့်မယ် အဲ့ကို သူပို့ခိုင်းတဲ့အခိုင်းပို့လိုက်ပါ... ၁ မိနစ် အတွင်း မိမိဆီကို အီးမေးလာပါလိမ့်မယ်....

မိမိ ကဒ်ရဲ့ နံပါတ် တွေ နဲ့ Date and Year နဲ့ CVV ကုဒ်နဲ့ပါ... အနောက်ဆုံး ၃ လုံးကို သူများကိုပေးသိလို့မရပါဘူး... ကိုယ့်ရဲ့ security card no  CVV ကုဒ်ပါ....

ကျနော်ကတော့ငွေချေတာမပြတော့ပါဘူး.... EURO crad နောက် ၁ကဒ်ဖိုးပါပေးရမှာမလို့ပါ... USD ၁ ကဒ်လုပ်ထားပြီးသားမလို့ ထပ် မပြတော့တာပါ...


ဒါကတော့ ကျနော့်ကဒ်ပါ... ကဒ်နံပါတ်တွေက ဒီထဲမှာကြည့်မရပါဘူးအီးမေးထဲကိုပို့ပေးထားတာပါ...
အခုကျနော့်ကဒ်ထဲ မှာ ၁၀ ကျော်ရှိပါတယ်... $1.01 ရှိရင်ကိုကဒ်ထဲ ငွေထည့်လို့ရပါတယ်....

ကိုယ့်ကဒ်ထဲဘယ်လောက်ငွေရှိလဲဆိုတာ လဲ အလွယ်တကူ ကြည့်နိုင်ပါတယ်....

ကဒ်ကိုငွေစတင်ထည့်ဖို့. Load a Card ကိုရွေးလိုက်ပါ....ငွေထည့်ပြီးမှ ကဒ်ငွေဖြည့်လို့ရမှာနော်...

Card load ထဲမှာ ကျနော်တို့ ဒီပို့ဇစ်တင်ထားတဲ့ USD account ထဲကဘဲဖြစ်ဖြစ် Btc အကောင့်ထဲကဘဲဖြစ်ဖြစ် ကြိုက်တာနဲ့ ချေလို့ရပါတယ်... ကျနော်ကတော့ပုံမှာ ၂ ခါ ငွေထည့်လိုက်တာပါ... verify မလုပ်ထားရင် တနေ့ကို ၂ ခါထဲဖြည့်လို့ရပါတယ်... ထည့်ရင်တော့ ကိုယ်သုံးမဲ့အမောက်တိုင်း ၁ခါထဲ များများစားစားထည့်ပေါ့... ၁နေ့ကို ၂ ခါငွေပေးဖြည့်ထားပါတယ်... ၂ ခါထပ်ကျော်ပြီးတော့ထည့်မရပါဘူး..

ကျနော်ပုံက ၂ ခါထည့်ထားလို့ ထပ်ပေးမထည့်တော့တဲ့ပုံပါ... Verify မလုပ်ထားလို့ပါ....
၁ခါထည့်ရင် ၂၅၀၀ ထည့်လို့ရပါတယ် ... Verify မလုပ်ထားလဲ...သုံးရင်လဲ ၂၅၀၀ ဒေါ်လာသုံးလို့ရပါတယ်လို့ ပြောထားပါတယ်.. ၂၅၀၀ တော့ကျနော်လဲမသုံးဖူးဘူး မထည့်ဖူးပါဘူး..သူတို့ရေးထားတာပြန်ပြောတာပါ... တော်ကြာအကုန်လုံးကျနော့်ခေါင်းပုံအပြစ်ပုံကျမှာဆိုးလို့ပါ

ကျနော့်ဆိုဒ်လဲမဟုတ်တော့ ကျနော်လဲ အကုန်မသိပါ...
သူတို့ ပေါ်လစီ နဲ့ သူတို့ပေါ့ သုံးရမှာ user ကတော့...

BTC ကနေ တခြားကာရန်စီ ၃ ခုကိုလဲ ငွေလွဲပြောင်းလို့ရပါတယ်... တခြားဟာ ၃ ခုကနေလဲ ထိုနည်းတိုင်းပြန်ပြီးတော့အချင်းချင်းချိန်းချင်သလိုချိန်းရပါတယ်... အိပ်ချိန်း ဖိစ် တော့ရှိပါတယ်...မချိန်းခင် ကိုယ့်ဘာသာ ကိုယ် ချင့်ချိန်တွက်ချက်ပါ... ၁ ပါစန့် ပါ...


ဒါကတော့ ကဒ်ထဲက ငွေကိုပြန်ထုတ်တာပါ.. Card unload ကိုဝင်လိုက်ပါ... ကျနော်ထုတ်ထားလို့ USD account ထဲမှာ ၅ ကျပ်ကျော်ပြန်ဝင်နေတာပါ.... ၁နေ့ကို ၂ ခါ ထုတ်လို့ရပါတယ်...၂၅၀၀ ဒေါ်လာအမောက်ပါဘဲ...

၁ ကျပ်ရှိရင်ကိုထုတ်ရပါတယ် ကဒ်ထဲကအထုတ်ဖိစ်လဲရှိပါတယ်... ၁.၁ ပါစန့်ပါ....
ဒါပေမဲ့ တခြား VISA ကဒ်တွေ သုံးတာထက် စာရင် တော်တော်ဖိစ်အသက်သာဆုံးလို့ပြောလို့ရပါတယ်...မသုံးဖူးတဲ့သူတွေသာ ဖိစ်တွေ များလှချီလားလို့ထင်တာပါ... 

ကျနော့်သုံးနေတဲ့ အပြင်ကကဒ်တွေဆို သုံးရင် ဖိစ် ၃၀၀၀ ကျပ်ဖြတ်တဲ့ကဒ်ရှိသလို ၅၀၀၀ ဖြတ်တဲ့ကဒ်လဲရှိပါတယ်... ငွေထည့်ရင် လဲ ၂၀၀၀ ဖြတ်ပါတယ်... ဘဏ်ကနေ... ပြီးရင်လဲ ကဒ်ဖိုးကလဲ ၁သောင်းကျပ်ကျပါသေးတယ် ကိုယ့်ကဒ်ကိုလဲ အလွယ်တကူ ငွေစစ်မရပါဘူး... ပြီးတော့ ကဒ်တွေက တချို့နေရာသုံးရ တချို့နေရာ သုံးမရတွေ နဲ့....


ကိုယ့်ဘစ်ကွိုင်တွေ ပြန်ထုတ်ချင်ရင်တော့ Send  ဆိုတဲ့ဟာထဲဝင်လိုက်ပါ....ပြီးရင် ကိုယ်ထုတ်ချင်တဲ့ဟာ ဘစ်ကွိုင်ဆိုရင် ဘစ်ကွိုင်ဝေါလက် လိပ်စာထည့်ပါ... ပြီးရင် အမောက်ထည့် ပြီး Transfer လုပ်ပေးလိုက်ပါ... သူများဝေါလက်ကို လွဲချင်လဲရပါတယ်...ထိုနည်းတိုင်းပါဘဲ... 

Bank ကနေထုတ်ချင်လား အဆင်ပြေတဲ့သူထုတ်ကြပေါ့... မြန်မာအတွက်တော့မပါဘူး CB တို့ AYA တို့ မတွေ့ ဘူး... 

ကဒ်ကတော့ဘယ်မှာသုံးလို့ရလဲ လျောက်သာစမ်းကြည့်ကျတော့ ကျနော်လဲ မစမ်းရသေးဘူး... Paypal verify တို့.. တခြား ဆိုဒ်တွေမှာငွေချေတာ Visa card လက်ခံတဲ့နေရာတွေ လိုက်သာစမ်းကြည့်တော့ .... အ၀င် ရော လက်ခံလားဆိုတာ ပါ လိုက်စမ်းနော် အ၀င်ပါလက်ခံရင် တကယ်ကို ရွှေ ဘဲကဒ်က မြန်မာနိုင်ငံကကဒ်တွေ အ၀င်မရဘူး တကဒ်မှသုံးစားမရဘူး....အရှုံးမရှိပါဘူး....ကိုယ့်ငွေ ပြန်ထုတ်လို့ရပါတယ် အချိန်မရွေး... သုံးမရရင်သူတို့ လဲ ကဒ်လုပ်စားမှာမဟုတ်ပါဘူး.... 

ကဲအခုလောက်ဆို အားလုံးဘဲအဆင်ပြေကြမယ်လို့ ထင်ပါတယ်... 
မသိတာ ၂၄ နာ၇ီ  Support chat ရှိပါတယ်... သူ့တို့ကိုမေးပါ.....
သိချင်တာ...

အခုပို့စ်ကိုလဲ credit ပေးချင်ပေးမပေးချင်နေပါ.. အားလုံးဘဲလွတ်လွတ်လပ်လပ်ရှဲလုပ်နိင်ပါတယ်..တခြားသူတွေ အတွက်လဲ ကဒ်လိုတဲ့သူတွေလွယ်ကူအောင်..ဈေးသက်သာအောင် ရှဲလုပ်ပေးနိုင်ပါတယ်ခင်မျာ... 

ကျနော်လဲ ထရိတ်နေရင်းနဲ့ရေးပေးရတာမလို့ တင်ပေးချင်စိတ် လောနေတာကြောင့် စမ်းချိန်မရသေးပါ...နောက်ရက်တွေ လျောက်စမ်းဝယ်ကြည့်မယ် ရတဲ့ ဟာတွေ ကျနော် အကြောင်းပြန်ပေးပါ့မယ်...အပ်ဒိတ်အနေနဲ့....ဒိုမိန်းတို့ ဟိုစတင်တို့ ၀ယ်ဖို့အတွက် ဆိုရင် ကဒ်တွေနဲ့
စမ်းချေကြည့်ပါ... တချို့ဆိုဒ်တွေက ကဒ်ဘဲလက်ခံတာများပါတယ်...အွန်လိုင်းမှာဆိုရင်...

အမှားပါရင်စိတ်မရှိကြပါနဲ့...စေတနာအပြည့်နဲ့အလကားပေးချင်ယုံသက်သက်ပါ...
ကဲအားလုံးဘဲအဆင်ပြေကြပါစေ လေးစား စွာဖြင့်...
Cryptominer.(www.mmbitcointips.xyz)

Labels: Bitcoin Tips, BTC wallet, Update News


Posted via Blogaway

2 comments:

  1. If you're trying to BUY bitcoins online, PAXFUL is the #1 source for bitcoins as it allows buying bitcoins by 100's of payment methods, such as Western Union, MoneyGram, PayPal, Visa, MasterCard, American Express and even exchanging your gift cards for bitcoins.

    ReplyDelete
  2. BitKong is a verifiably fair online bitcoin guessing game.

    DON'T Forget: Claim bitcoins every 10 minutes from the btc faucet.

    ReplyDelete