Friday, April 8, 2016

How to trade Bitcoin with web and MT4 for beginner(ဘစ်ကွိုင်ကို ထရိတ်လုပ်ပြီး ရောင်းဝယ်လုပ်ချင်သူတွေအတွက်)

How to trade Bitcoin with web and MT4 for beginner(ဘစ်ကွိုင်ကို ထရိတ်လုပ်ပြီး ရောင်းဝယ်လုပ်ချင်သူတွေအတွက်)

on  8:27 AM  Bitcoin Tips Trade 3 comments


မြန်မာနိုင်ငံကနေလဲ အချိန်ပိုင်း Freelancer လုပ်ကို အင်တာနက်ရှိယုံနဲ့ လုပ်ကိုင်နိုင်ပါတယ်ခင်မျာ
အွန်လိုင်းမှာ ၀င်ငွေ ရှာဖွေတဲ့အလုပ်တွေက နိုင်ငံခြားနဲ့ အနောက်နိုင်ငံတွေမှာတော်တောာ်လေးကို လုပ်ကိုင်နေတဲ့သူတွေ များနေပါပြီ မြန်မာနိုင်ငံမှာသာ တွင်တွင်ကျယ်ကျယ် မလုပ်ကိုင်ဖြစ်ကြသေးတာပါ...

ကျနော်ဒီနေ့ ဘစ်ကွိုင်နဲ့ ပက်သတ်ပြီးတော့ Forex Market ကိုအခြေခံတဲ့ Bitcoin Brocker ဆိုဒ်တစ်ဆိုဒ်ဖြစ်တဲ့ BTC-e မှာ ဘစ်ကွိုင် Trade လုပ်တာကိုအကြမ်းဖျင်း သိမ်းကျုံးရေးပြပေးသွားပါမယ် ခင်မျ....ဘစ်ကွိုင်ကို web ပေါ်မှာ ထရိတ်လုပ်ပြီး ရောင်းဝယ်တာ လွယ်ကူပါတယ် မရင်းနှီးသေးတဲ့ သူတွေအတွက်သာ အနည်းငယ်စိမ်းနေတာပါ...

BTC-e ဆိုဒ်ကတော့ bitcoin နဲ့တခြား နိုင်ငံခြားငွေကြေးများ ဖြစ်သော အမေရိကန်ဒေါ်လာ,ယူရို နဲ့ ရူဘယ်, cryptocurriencies တွေ အကြား ကမ္ဘာ့ဈေးကွက်နဲ့အတူ လဲလှယ် ရောင်းချလို့ရတဲ့ ဆိုဒ် တစ်ဆိုဒ်ဖြစ်ပါတယ်....အဆိုပါဆိုဒ်ကို အသုံးပြုဖို့ အတွက် User Interface ကိုတော့ အင်္ဂလိပ်,ရုရှား နဲ့ တရုတ် ဘာသာစကား၃ ခုနဲ့ ဖော်ပြပေးထားပါတယ်....Meta Trader4 ကိုအသုံးပြုပြီးလဲ Trade ပေးလုပ်ထားပါတယ်....

BTC-e ဆိုဒ်ကိုဘာလို့ရွေးပေးလိုက်လဲဆိုရင်

မြန်မာနိုင်ငံအတွက်တခြားထရိတ်ဆိုဒ်တွေကိုအသုံးပြုမယ်ဆိုရင်အရင်ဆုံး မိမိ ထရိတ်အကောင့်ကို Verify အဆင့် (၃)ဆင့် လုပ်ပေးရပါတယ် အကောင့် Verify ဖြစ်မှာသာ ငွေပြန်ထုတ်လို့ ရနိုင်ပါတယ်
Btc-e ဆိုဒ်မှာတော့ အကောင့် Verify မဖြစ်ဘဲ ငွေထုတ်သွင်းကို အဆင်ပြေပြေနဲ့ အသုံးပြုနိုင်လို့ပါ
နောက်၁ချက်က တော့ Meta Trader4 ကိုအသုံးပြုလို့ရတဲ့အားသာချက်ပါ...API key ယူပြီးတော့windown မှာတင်ပြီးလဲ ထရိတ်လို့ပါတယ်....July 17, 2011 ထဲကဆိုဒ်ထောင်ထားခဲ့တဲ့ အတွက် သက်ရှည်ဆိုဒ်၁ဆိုဒ်အနေနဲ့ရော ငွေထုတ်ငွေသွင်း မှန်ကန်တဲ့ဆိုဒ်၁ဆိုဒ်အနေနဲ့ပါ ရပ်တည်နေပါတယ်  ကမ္ဘာပေါ်မှာယခုထိ.... BTE-e မှာငွေထုတ်ရင်တော့ 
ဘစ်ကွိုင်နဲ့ ထုတ်မယ်ဆိုရင် ချက်ချင်း Instant ထုတ်နိုင်ပါတယ် ၁ နေ့ကို 100 Btc ထိ အများဆုံးထုတ်ယူနိုင်ပါတယ်ခင်မျာ.....အရောင်းဝယ်လုပ်ဖို့အတွက်၂၄ နာ၇ီ ၇ ရက် ဈေးကွက်လဲဖြစ်ပါတယ်

Currency pairs

BTC/USDBTC/EUR (Euro)BTC/RUR (Russian Ruble)USD/RUREUR/USDLTC/BTC, LTC/USD, LTC/RURNMC/BTC
အထက်ပါပါ currency pairs တွေကို BTC-e မှာ Support လုပ်လို့ရပါတယ်ခင်မျာ....

Deposit options (ဒီပို့ဇစ်လုပ်လို့ရတဲ့ Currency အမျိုးစားတွေပါ)

မြန်မာနိုင်ငံကအသုံးပြုတဲ့သူတွေအတွက်ကတော့ Perfect Money(PM) သို့မဟုတ် (Bitcoin) ကြိုက်နှစ်သက်တဲ့ အမျိုးစားနဲ့ ဒီပို့ဇစ်တင်နိုင်ပါတယ် ကျနော်နိုင်ငံမှာတော့ ဒီကာရန်စီ အမျိုးစားတွေဘဲ

အသံုးလို့ရေသးလို့ပါခင္မ်...

BTC (bitcoin)

Btc-e ဆိုဒ်မှာဒီပို့ဇစ်တင်ဖို့အတွက် fees ၀န်ဆောင်ခ မပေးဆောင်ရပါဘူး... Btc-e ကထုတ်တဲ့ evouncher (or) redeemable code ကိုအသုံးပြုပြီးတော့ ဒီပို့ဇစ်တင်ပြီးအသုံးပြုနိုင်ပါတယ်...Btc-e redeemable ကုဒ်တွေကို နိုင်ငံခြား digital good site တွေမှာ instant နဲ့လဲဝယ်ယူပြီးတော့ အသုံးပြုနိုင်ပါတယ်...

 depositing bitcoins or depositing (redeeming) a BTC-e redeemable code (BTC).

USD

Cash deposit (USD currency) at Post of RussiaCash deposit (USD currency) at various banks: (Savings Bank of Russia (Sberbank), Privatbank, RU/UA Terminals, Russian banks, Евросеть (Euroset), Лидер (Lider), Contact, Anelik, UNIStream)Webmoney WMZ (with volume discount available)Interkassa.com (VISA, MasterCard, PayPal, LiqPay, etc.)Yandex.ruLiqPayPerfect MoneyQiwiOKPayRBK MoneyAdditional digital currencies (НСМЭП (NSMEP), Единый Кошелек (Unified Purse), TeleMoney, moneymail, Unikarta, webcreds.com, z-payment, MTS, Альфа-Клик (Alfa-Click), Megafon, Monexy, Pin-Code)BTC-e redeemable code, including those obtained from BitInstant (funding options include QIWI, Cyberplat) and AurumXChangeInternational Wire Transfer (Wires in currency other than USD will be converted to USD at no charge

EUR

SEPA bank transfer (fee applies)

RUR

QIWILiqPayWebmoney WMRBTC-e redeemable codeBank transfer

Withdraw options(ငွေထုတ်ဖို့အတွက်currency အမျိုးစားတွေပါ)

BTC

ငွေအထုတ်ကိုတော့ ဘစ်ကွိုင်အနေနဲ့ထုတ်မယ်ဆိုရင် Min amount for withdrawal - 0.002 BTC ပါ..E-vouncher သို့မဟုတ်  BTC-e redeemable code အနေနဲ့လဲထုတ်ယူနိုင်ပါတယ်... Also available for withdrawal to BTC-e redeemable code (BTC).

USD

Usd အနေနဲ့ထုတ်မယ်ဆိုရင်တော့ ကျနော်တို့ PM/PP နဲ့ထုတ်လို့အဆင်ပြေပါတယ်ခင်မျာ ကျနော့်တို့အတွက်ကတော့ US ဒေါ်လာအနေနဲ့ဆို Perfect Moneyနဲ့ PayPal ကိုသာအသုံးပြုလို့ဘဲရနိုင်အုံးမှာပါ

Webmoney WMZPayPalPerfect MoneyLiqPayQIWIOKPayPayza/AlertPayEpese.comEcoin.ccRedPass.comPrivatbank - USD, UAHSavings Bank (Sberbank)TelebankAlfa BankWire TransferBTC-E redeemable code (cash out aurumxchange --> MtGox)

EUR

Withdrawal methods in Euro.

SEPA bank transfer (fee applies)

RUB

Withdrawal methods in Rubles.

QIWILiqPayWebmoney WMRЯндекс.Деньги (Yandex)RBK MoneyCash deposit into account at Сбербанка России! (Savings Bank Sberbank), Телебанк (Telebank), and АльфаБанк (Alfa Bank)Cash in Moscow, Russia (delivery to your address is possible)Transferred to credit card - VISA and MasterCardBTC-e redeemable code (RUR)Bank transfer
ကျနော်ငွေအထုတ်အသွင်းနဲ့ ခွင့်ပြုထားတဲ့ကာရန်စီတွေကိုတော့ ရေးပြပြီးသွားပါပြီ ကျနော်တို့ အကောင့်ဖွင့်ဖို့အတွက်  အောက်ကလင့်ကိုသွားဖွင့်ရပါမယ်ခင်မျ.....
No Ref Link
https://btc-e.com/

အကောင့်ဖွင့်ရတာလဲခက်ခဲမှု သိပ်မရှိပါဘူးခင်မျာ ပေးထားတဲ့လင့်ကသွားပြီးတော့ လိုအပ်တာတွေကိုဖြည့်ပေးလိုက်ပါခင်မျာ


အကောင့်ဖွင့်ပြီးသွားပြီဆိုရင်တော့ Btc-e ဆိုဒ်ကို Login ၀င်လိုက်ပါ...



ကျနော်တို့ အကောင့်ဝင်ပြီးသွားရင် စတင်ထရိတ်ဖို့အတွက် ကျနော်တို့ ဒီပို့ဇစ်တင်ရပါမယ်..ကျနော်ကတော့ ဘစ်ကွိုင်ကို ဒီပို့ဇစ်တင်တာကို ရေးပြပေးသွားမှာပါခင်မျာ...
အကယ်လို့သင်က US ဒေါ်လာ PM နဲ့ ဒီပို့ဇစ်တင်ပြီး Bitcoin ၀ယ်သွားလို့ရပါတယ်...



ပုံမှာမြှားပြထားပါတယ် ...အပေါ်ဘက်မှာပါ Finances ကိုနှိပ်လိုက်ပါ.....ဘယ်ဘက်မှာ Funds ဆိုတာထပ်နှိပ်လိုက်ပါ... BTC ဆိုတာကို တွေ့ နိုင်ပါတယ် အဲ့မှာ Deposit ကိုနှိပ်ပြီးတော့ ဘစ်ကွိုင်ကိုစသွင်းနိုင်ပါပြီ... ပုံမှာ အောက်ဆုံးမှာဝိုင်းပြထားတာကတော့ USD နဲ့ဒီပို့ဇစ်တင်ချင်ရင် တင်လို့ရအောင် ပြထားတာပါ...


Btc deposit ကိုနှိလိုက်ပြီဆိုရင် တော့ ပုံမှာ အနီနဲ့ဝိုင်း ပြထားသလို ကိုယ်ပို့ရမဲ ဘစ်ကွိုင်လိပ်စာ ကျမှာဖြစ်ပါတယ် ပြီးရင် ကိုထည့်သွင်းမဲ့ ဘစ်ကွိုင် အမောက်ကို  အဲ့သူပေးထားတဲ့ လိပ်စာအတိုင်း ပို့ပေးလိုက်ပါ.....ဖုန်းနဲ့သုံးရင်လဲ QR code ကို scan ဖတ်ပြီး ပို့ပေးလိုက်ပါ ပိုမို မြန်ဆန်ပြီးတော့လွယ်ကူပါတယ်....Deposit ကတော့
အနည်းဆုံး Minimal amount for deposit is - 0.0001 BTC. ပါ ဒါပေမဲ့ 0.01 လောက်ထည့်မှ ထရိတ်လုပ်လို့ရမှာပါ သူတို့ကထရိတ်မယ်ဆိုရင် 0.01btc / $2.30  မှစတင် ၀ယ်ရောင်း ထရိတ်လုပ်ခွင့်ပေးထားတာပါ...အဲ့ဒါကြောင့်ကျနော်က တခါထဲ 0.01 btc ကိုဒီပို့ဇစ် တင်ခိုင်းလိုက်တာပါခင်မျာ..... ကိုယ်ဒီပို့ဇစ် တင်လိုက်တာ ချက်ချင်း မ၀င်ပါဘူး...3 confirmations on the Bitcoin network ဖြစ်မှာ ကိုယ့်အကောင့်ထဲ ရောက်မှာပါ...ပုံမှန်ကတော့နာရီဝက် ၁ နာရီအပြင် ပိုမကြာပါဘူး ရောက်ပါတယ်...

ကိုယ်ဒီပို့ဇစ်တင်လိုက်တာ ၃ ကွန်ဖန်း ပြည့်သွားခဲ့ပြီဆိုရင်

Transactions history ကိုဝင်ကြည့်လိုက်ပါ...မိမိ သွင်းထားတဲ့ ဟာကို တွေ့ ရပါလိမ့်မယ်

  

အပေါ်က ပုံကတော့  အနီရောင်တွေနဲ့ ပြထားတာက ကျနော် အော်ဒါဖွင့်ထားတာတွေပါ....
အစိမ်းရောင် တွေနဲ့ ၀ိုင်းထားတာ ကတော့ ဒီပို့ဇစ်တင်ထားတာတွေပါ... 0.5  btc and 0.005 and 0.006 btc တို့သွင်းထားတာရောက်ကြောင်း ပြနေပါတယ်....

ငွေရောက်ပြီဆိုတာနဲ့ ကျနော်တို့ စတင်ထရိတ်လို့ရပါပြီ.....
ကျနော်တို့ အဓိက Major pairs  BTC/USD ကိုဘဲထရိတ်လုပ်ပြပါမယ် ဘာလို့လဲဆိုတော့ ကျနော်တို့ ဘစ်ကွိုင်နဲ့ ဘဲထုတ်ထုတ် USD နဲ့ဘဲ ထုတ်ထုတ် သွင်းသွင်း အဆင်ပြေနိုင်လို့ပါ ...ကျနော်တို့မှာ PM နဲ့ BTCအကောင့်တွေက အလွယ်တကူ အသုံးပြုနိုင်လို့ပါ...



အရင်းဆုံး ဘယ်ဘက် ထိပ်မှာ ရှိတဲ့ TRADE ကိုနှိပ်လိုက်ပါ....ပြီးရင် မြှားပြထားတဲ့ BTC/USD pair ကိုရွေးပေးလိုက်ပါ.....ပုံမှာ ပေါ်နေတဲ့Chart ကတော့  BTC/USD ရဲ့ ဈေးကွက် အတက်ကျကို ပြပေးထားပါတယ်... Buy ၀ယ်မယ်ဆိုရင် အခုလက်ရှိဈေး 230.659 USD ပါ...အပြာရောင်နဲ့ဝိုင်းထားပါတယ်.....Sell ရောင်းမယ်ဆိုရင်တော့...230.465 USD ပါ
Sell လုပ်မယ်ဆိုရင်တော့ ကိုယ့်ဆီမှာ Bitcoin ရှိမှဖြစ်ပါမယ်...Buy လုပ်မယ်ဆိုရင်တော့ ကိုယ့်အကောင့်ထဲမှာ USD ရှိမှာ ဖြစ်မှာပါ.....

ကျနော်က Sell လုပ်ပြမှာ ရောင်းမှာမလို့ပေါ့...
Amount မှာ မိမိရောင်းချင်တဲ့ အမောက်ကိုထည့်ပါ အနည်းဆုံး 0.01 btc မှစတင်ထရိတ်လုပ်နိုင်ပါတယ်...
Price per btc မှာတော့ ကိုယ်ရောင်းမဲ့ဈေးကို ထည့်ပေးရပါမယ်
အခုပေါက်ဈေးတိုင်းရောင်းရင်တော့ချက်ချင်းရောင်းထွက်သွားမှာဖြစ်ပါတယ် ကိုယ်ကဈေးတက်မှ ရောင်ချင်ရင်တော့ အခုပေါက်ဈေးထက် နဲနဲပိုပေးပြီး အော်ဒါတင် ထားခဲ့ပြီးတော့ ရောင်းနိုင်ပါတယ်..

Last Price 230$ မှာတော့ အခုချိန် ဆက်တိုက်ထိုးကျရင်  229.701 $ ထိကျနိုင်ပြီးတက်ရင်တော့ 239.0079 $ထိတက်နိုင်တာ သူပြနေပါတယ် ....

တက်မယ်ကျမယ်ဆိုရင်ဈေးကွက် ရဲ့ သတင်းတွေ ကိုလဲအနည်းငယ်တီးမိခေါက်မိ လေ့လာထားသင့်ပြီးတော့ ဘယ်အချိန်တွေမှာအတက်များပြီး ဘယ်အချိန်တွေမှာ အကျများလဲဆိုတာ  သိထားသင့်ပါတယ်...မတူညီတဲ့ ငွေကြေး လဲလှယ်မှု နှုန်းများဟာ ဘယ်အချိန်ဟာ ဘယ်ငွေကြေးကပိုပြီး ခိုင်မာသလဲပေါ်မူတည်ြပီး ပြောင်းလဲနေပါတယ်..

ကျနော် တို့အဲ့ဒါတွေကို မသိသေးဘူး အခုမှ စလုပ်မှာဆိုရင်တော့ အလွယ်ဆုံးနည်းနဲ့ထရိတ်လို့ရပါတယ်....

ဥပမာ ကျနော် ဘစ်ကွိုင်ကို ၁ ဘီတီစီ ဖိုး ၂၃၀ ဒေါ်လာနဲ့Buy ကျနော်ဝယ်ထားခဲ့ပါပြီ.... ကျနော်ညနေလောက်မှာ ၂၃၃ ထိ ဈေးတက်လာတွေတွေ့ လို့ ကျနော် Sell ထုတ်ရောင်းလိုက်ပါပြီပေါ့...ကျနော့်လက်ထဲမှာ ၂၃၃ ဒေါ်လာ ရသွားပါပြီ Profit ၃ကျပ်မြတ်ပြီပေါ့...ကျနော်မထုတ်ပါဘူး ဒေါ်လာကို ဒီတိုင်းကိုင်ထားလိုက်ပါတယ် နောက်နေ့ မနက်မှာ ၂၃၀ ဈေးကိုပြန်ရောက်သွားပြီ ပေါ့ဗျာ ....(ဥပမာဆိုတော့ ဈေးတက်ကျနဲ့ မြတ်တာ မြန်တယ်.) ကျနော် ၂၃၃ဒေါ်လာဖိုး ၀ယ်လိုက်ပါပြီ ကျနော့်လက်ထဲမှာ မှာ ဘစ်ကွိုင် ၁ဘီတီကို ကျော်ပြီး ၃ကျပ်ဖိုး ပိုပြီးရနေပါတယ်ခင်မျာ.... ဒါက ဈေးအတက်ကျ ကိုကြည့်ပြီး တက်ရင်ရောင်းမယ် ကျရင်ဝယ်မယ် ဆိုတဲ့ သဘောမျိုးလေးပါ....အချိန်တိုင်း ထရိတ်စရာမလိုဘူး ဈေးကျ ပီအမ်နဲ့ဝယ်လိုက် ဈေးတက်ဘစ်ကွိုင်နဲ့သွားရောင်း....အလွယ်ကူဆုံးနည်းပေါ့ အကယ်လို့ ဈေးသာကျနေမယ်ဆိုရင် မရောင်းနဲ့အုံးပေါ့....လေ..ဒီနည်းကတော့(Technical Analysis) မသိသေးလဲရိုးရိုးရှင်းရှင်းထရိတ်လို့ရတာပေါ့.... Trading ကတော့ Risk အနည်းနဲ့အများဆိုသလို ရှိတာပါဘဲ Risk မယူရဲရင်တော့ ထရိတ်မလုပ်တာအကောင်းဆုံးပါဘဲ..

ပုံက Chart ကိုကြည့်လိုက်ပါ 240$ ကနေ အခု 230$ ထိကို မနေ့ကနေကျလာတာပါ....ကျနော် အခုချိန်ဝယ်ရင် ၂၃၀ နဲ့ နောက်နေ့ ၂၄၀ လောက်ပြန်ရောက်လာရင် ကျနော် ၁၀ မြတ်ပါပြီ ဒါပေမဲ့
အဲ့မှာ ဈေးတက်မယ် ကျမယ် ဆို ဘယ်သူမှ ပုံသေကြီး မပြောနိုင်ပါဘူး ဈေးကွက်ရဲ့ ၀ယ်လိုအား ရောင်းလိုအား များရင်များသလို နည်းရင်နည်းသလို ငွေကြေးခိုင်မာမှုပေါ်မူတည်ပြီး ပြောင်းလဲနေတာပါ...

အကယ်လို့ ကျနော့်လက်ထဲမှာ အခု ၁ဘီတီစီ ရှိတယ်ပေါ့....ကျနော် Sell လုပ်ပြီး ရောင်းလိုက်ပါမယ်....
ကျနော် လက်ထဲ ၂၃၀ ဒေါ်လာ အခုပေါက်ဈေးရပြီပေါ့...ကျနော်ဈေးကွက်ကို စောင့်ကြည့်တယ် ကျနိုင်ချေဆက်တိုက် ရှိတယ် လို့တွက်ဆ ပြီးတော့ ကျနော် လက်ရှိဈေးနဲ့ရောင်းချလိုက်တာပါ...နောက် ၅ နာ၇ီအတွင်း ၂၂၀ ထိ ကျသွားခဲ့တယ်ပေါ့ ကျနော် ၂၃၀ ဖိုးBuy သွားဝယ်လိုက်ပါမယ် ဘစ်ကွိုင်ကို ကျနော် ၁ဘီတီစီ ကို ၁၀ ဖိုး ပိုပြီး တော့ ရနေပါလိမ့်မယ်..ဒါကတော့ ဈေးဆက်တိုက်ကျမယ်ဆိုတာ ကိုယ့် Mindset နဲ့ အတွေ့ ကြုံ နဲ့ သတင်း တွေကိုကြည့်ပြီး ဆုံးဖြတ်ေ၇ာင်းလိုက်တာဖြစ်ပြီး မှန်သွားလို့ပါ ...

အကယ်လို့ကျနော် ၂၃၀ နဲ့ရောင်းခဲ့တာ ဈေးက၁ရက်တိတိ ထိ မကျဘူး ၂၃၅ လောက်ထိပြန်တက်လာတယ် ဆိုရင်တော့ ကျနော် သွားဝယ်ရင် ၂၃၀ ဖိုးဝယ်ရင် ကျနော် ၄ ကျပ် ရှံးပါပြီ...ကျနော်တွက်ချက်သလို မဖြစ်လာလို့ပါ...

ဒီလိုပါဘူး ဈေးလဲ နည်းနည်းကွာ ရင် ကျရင်ကျသလိုနဲ့ တက်ရင်တက်သလို အခေါက်ရည်များစွာ ထရိတ်လုပ်အော်ဒါ တွေ ဖွင့်ပြီး ၁နေ့ ထဲမှာထရိတ်နိုင်ပါတယ်

ဥပမာ ကျနော် အခု ၂၃၀ နဲ့ sell လုပ်တယ်... အော်ဒါဖွင့်ခဲ့တယ်ပေါ့...နောက်ဒောာ်ဒါတစ်ခု မှာကျနော်
၂၂၅ နဲ့ Buy ပြန်ဝယ်ထားဖို့ အော်ဒါပြန်ဖွင့်ထားတယ်ပေါ့ ၂၃၀ ဆိုရင် ချက်ချင်း ရောင်းထွက်ပါတယ်

၂၂၅ ကိုတော့ ချက်ချင်း ၀ယ်လို့မရသေးပါဘူး ကိုယ့်အော်ဒါရဲ့ အပေါ်မှာ ကိုယ့်ထက်ဈေးများများပေးထားတဲ့အော်ဒါတွေ ရှိနေပါသေးတယ် ...၂၂၅ ကိုဈေးကျလာချိန်မှာ ကိုယ့်အော်ဒါကို သူများက ရောင်းပေးမှာဖြစ်ပါတယ်...ကိုယ်ရောင်းလိုက်တိုင်း ၀ယ်လိုက်တိုင်းမှာ ကိုယ့်လိုမျိုးဟိုဘက်လူ၁ယောက်ကလဲ ၀ယ်လိုက်ရောင်းလိုက်လုပ်နေတာပါ....

Bitcoin trading ရဲ့ ဘဘောတရားကတော့ Exchanger လုပ်သလိုမျိုးပါဘဲ Peer to Peer အချင်းချင်း ဆက်သွယ်ပြီးတော့ ဈေးကွက်အတက်ကျမှာ ရောင်းဝယ်ဖောက်ကားတဲ့ အမြတ်စွန်းရှာဖွေ တဲ့နည်းပေါ့
ကုန်သည်တွေအများစုက ထရိတ်ဆိုဒ်တွေမှာဝင်ပြီး ဘစ်ကွိုင်တွေ အ၀ယ်အော်ဒါဖွင့်တယ်ပေါ့...ကျနော်တို့အနေနဲ့ ဈေးတက်ကျပေါ်မူတည်ပြီး ပြန်လည် လှဲလှယ်ရောင်းချတဲ့စနစ်တခုပါဘဲ
ဘစ်ကွိုင်ရဲ့ငွေကြေးစနစ်ကတော့ဘယ်ဘဏ်ရဲ့ရပ်တည်မှုအောက်မှာမှမရှိပါဘူး...ကိုယ်ပိုင်ဘဏ်ငယ်လေးတွေလိုမျိုး အချင်းချင်း Peer to Peer စနစ်နဲ့ ရောင်းဝယ် လှဲလှယ်နိုင်ပါသည်
အင်တာနက် အသုံးပြုလို့ရတဲ့ နိုင်ငံတိုင်းမှာအသုံးပြုလို့ရပါတယ်....

သဘောတရားကိုတော့ကျနော် အနည်းအကျဥ်း ရှင်းပြတာပေးတာပါ နဲနဲ ရှည်သွားပြီ ကျနော်အော်ဒါဖွင့်တာကိုစတင်လုပ်ပြပေးပါမယ်.....



sell order ဘက်မှာ အရောင်းဘက်ကသူတွေပါ ရောင်းဖို့အော်ဒါတင်ထားတာပါ
buy order ဘက်မှာကတော့ ၀ယ်တဲ့သူဘက်က သူတို့ အော်ဒါတင်ထားတာပါ..


ကျနော်ပုံထဲမှာ အရောင်း sell အော်ဒါဖွင့်လိုက်တာပါ 0.017 btc ကိုအခုပေါက်ဈေးကတော့ 230.743$ ပါကျနော်ကတော့ တက်မယ်ထင်ပြီးတော့ 231$ နဲ့ 1$ တိုးပြီးတော့ အရောင်း ဖွင့်ထားခဲ့ပါတယ်...
230 $နဲ့ဆိုရင်ချက်ချင်းရောင်းထွက်သွားမှာပါ အခုပေါက်ဈေးမလို့ဝယ်တဲ့သူတွေရှိနေလို့ပါ အ၀ယ်ဘက်မှာ
ဒေါ်လာပေါင်း Total: 2656956.44 USD အ၀ယ်တင်ထားပါတယ် အခုလက်ရှိကို ဆိုဒ်မှာ...

Your Current Order မှာ ကိုယ်အော်ဒါတင်ထားတာကိဲုကြည့်နိုင်ပါတယ်
ကျနော် အော်ဒါတင်ပြီးတော့ အခု ရောင်းထွက်သွားလို့ကျနော် စခရင်ရှော့မရိုက်လိုက်ရပါဘူး
ကိုယ့် Trade လုပ်ထားတဲ့ History ကို သွားပြန်ကြည့်လိုက်ပါ Trade History မှာ


စောနကတင်ခဲ့တဲ့ အော်ဒါဘာ စာရေးနေရင်းနဲ့ ရောင်းထွက်သွားတာပါ..ကျနော်အဲ့လိုမျိုးအကြိမ်ရေတွက်ပေါင်းများစွာ နည်းရင်နည်းသလို များရင်များသလို ထရိတ်လုပ်ပြီး အမြတ်ရှာဖွေနိုင်ပါတယ် ခင်မျာ
ကျနော်Buy လုပ်တာကို ထပ်ပြီးတော့ အော်ဒါတင်ပြပါမယ်ခင်မျာ...


ကျနော် ဘစ်ကွိုင်ကို ၂၃၁ ကျပ်နဲ့ရောင်းခဲ့ပြီးတော့အခု ၂၂၈ ကျပ်နဲ့ ပြန်ပြီး ၀ယ်ဖို့ အော်ဒါဖွင့်ခဲ့တာတာပါ...အခုပေါက်ဈေးကတော့ ၀ယ်ရင် ၂၃၀ ဆိုချက်ချင်းရပါမယ် စောနကတာင် ၂၃၁ ကိုကျော်သွားပါသေးတယ် ဈေးပြန်ကျသွားပါတယ် ဒါပေမဲ့ ကျနော် ၂၂၈ ထိရောက်သွားတာနဲ့ အော်ဒါဖွင့်ထားခဲ့တာ အော်တို ၀ယ်သွားပါလိမ့်မယ်.......

ဖွင့်ထားခဲ့တဲ့ အ၀ယ်အော်ဒါပါ....ကိုယ်ဖွင့်ထားတာ ပြန်ဖျက်ချင်ရင်လဲ Cancel လုပ်နိုင်ပါတယ်

ဒီလောက်ဆိုရင်အော်ဒါဖွင့်တာ ပိတ်တာကို လုပ်တတ်ပါပြီလို့ထင်ပါတယ်.....
ကျနော်ဘစ်ကွိုင် Withdraw လုပ်တာကိုထပ်ပြပေးပါမယ်...လက်ကျန်ရှိသေးတဲ့ဘစ်ကွိုင်အမောက်ကို

Finances ကိုသွားလိုက်ပါ BTC မှာ ငွေစသွင်းသလိုမျိုး Withdrawal ကိုနှိပ်လိုက်ပါ အခုလိုမျိုးကျလာပါလိမ့်မယ်
ကိုယ်ထုတ်မဲ့ အမောက်က အနည်းဆုံး 0.002 ရှိရပါမယ်  withdrawal fees ၀န်ဆောင်ခကတော့ 0.001 ကျပါမယ် ဘယ်လောက်ထုတ်ထုတ်ပါ...အများဆုံး တစ်ကြိမ်ကို 100 btc ထိထုတ်လို့ရပါမယ်

withdrawal ကိုဘဲနှိပ်လိုက်ပါ Address မှာကိုယ့်ဘစ်ကွိုင်လိပ်စာထည့်ပြီးတော့
ကိုယ့်အီးမေး ထဲကို လှမ်းပို့ပေးပါလိမ့်မယ်ခင်မျာ confirm Link ကို ....အီးမေးထဲမှာ အပေါ်ဆုံးက confirm link ပါ အောက်က cancel လုပ်တဲ့လင့်ပါ ငွေအထုတ်ကို Confirm ကိုနှိပ်ပေးလိုက်ပါခင်မျာ....


successfully confirmed ဆိုပြီးပြတာနဲ့ ကိုယ့်အကောင့်ထဲကို ချက်ချင်းInstant နဲ့ရောက်လာပါလိမ့်မယ်ခင်မျာ....


ကျနော့် Blockchain ထဲကိုချက်ချင်း ၀င်တာပါခင်မျာ စောနကလက်ကျန်ကိုထုတ်လိုက်တဲ့အမောက်ပါ...
အားလုံးဘဲ အဆင်ပြေနိုင်မယ် လို့ ထင်ပါတယ်ခင်မျာ....

 အခုချိန် ဘစ်ကွိုင်ဈေးက ကျနေတာပါ..ဈေးကွက်မှာ ကျနော်တို့ အခုချိန်ဝယ်စုချင်ရင် PM နဲ့ထည့်သွင်းပြီးတော့ ဘစ်ကွိုင်ကို သွားဝယ်လာလို့ရပါတယ် တခြားအိပ်ချိန်းမှာထပ် ၀ယ်ရတာပိုစိတ်ချရပေါ့ပြီးတော့ ဈေးတက်ကျ လဲကစားလို့ရတဲ့အတွက် ....

ဈေးတက်တော့ဘစ်ကွိုင်ထည့်ပြီး လာပြန်ရောင်းလို့ရပါတယ် အင်တာနက်ရှိယုံနဲ့ မြန်မာနိုင်ငံသားတွေအတွက် Extra Money ရှာဖွေနိုင်ပါတယ် သင် ဘစ်ကွိုင်ကို အမောက်များများနဲ့ ကိုင်ပြီး ထရိတ်လုပ်နိုင်ရင် ၁ ရက်ကို ၁၀ လောက်ဘဲမြတ်ပါ...ရက် ၃၀ တစ်လကို ၃၀၀ ဒေါ်လာမြတ်ပါပြီ သင် တနေကုန်လဲအချိန်ပေးစရာမလိုပါဘူး ကိုယ့်မှာရှိတဲ့ ဘစ်ကွိုင်နဲ့ဒေါ်လာနဲ့ကို အရောင်းဝယ် လုပ်ယုံပါဘဲ ဘစ်ကွိုင်က မနက်ပိုင်းဆို ဈေးကျပါတယ် များသေးအားဖြင့်  ညပိုင်း ဆို ဈေးပြန်တက်လာပါတယ်ခင်မျာ...ဟိုဆိုဒ်ဒီဆိုဒ်တွေမှာ Invest လုပ်တာထက် ကိုယ်ပိုင် ထရိတ်လုပ်တာ ပိုမို ကြိမ်းသေပြီးစိတ်ချရပါတယ်ခင်မျာ.....၁ လ  ကို ၃၀၀  ဒေါ်လာဆိုရင် voda exchange ဆိုဒ်မှာသွားရောင်းချနိုင်ပါသည်


ဒီနေ့ပေါက်ဈေးပါ PM 300 ကို 414687.96 Kyat ပါ မြန်မာငွေ ၄သိန်းကျော်ပါခင်မျာ သင်၁နေ့ ၁၀ဖိုးအမြတ်ရယူနိုင်ပါစေဗျာ Extra money ရှာဖွေရင်းနဲ့.....အွန်လိုင်းပေါ်မှာ ဘစ်ကွိုင်များများစုဆောင်းနိုင်ပါစေဗျာ.....

ကျနော်ရေးပေးခဲ့တာ အထက်ပါနည်းကတော့ For Beginner တွေအတွက်ပါ

Meta trader4 ကိုအသုံးပြုချင်ရင်တော့ (Technical Analysis) Meta trader ကိုအသုံးပြုတတ်သူဆိုရင်တော့ထရိတ်လုပ်နိုင်ပါတယ် ....



Meta Trader ဆိုတာကိုဝင်လိုက်ပါ ဘယ်ဘက်အောက်ဆုံးက.... အခုလိုမျိုးမြင်ရပါလိမ့်မယ်
အပေါ်ဆုံးမှာ MT4 ကို သုံးမယ်ဆိုရင် ဒေါင်းလော့ပေးထားပါတယ် Android and iOS အတွက်ကို Click here ကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ် Official Link ကနေသွားပြီးတော့

ပြီးရင် MT4 ကို အသုံးပြုဖို့အတွက်  Real account ကိုဖွင့်ပေးရပါမယ် ဒါမှာ ထရိတ်လို့ရမှာပါ
ပုံမှာပြထားတဲ့အတိုင်း  Real account ၁ခုသာဖွင့်လိုက်ပါ ကျနော်က ၂ ကောင့်ဖွင့်ထားပြီးသားဖြစ်နေလို့ပါ
Leverage ကို 1:3 ထားပါ ပြီးရင် open လုပ်လိုက်ပါ Trade account နဲ့  Password ကိုအီးမေးထဲမှပို့ပေးပါလိမ့်မယ်။

ဒါပေမဲ့ ထရိတ်လို့ရအုံးမှာမဟုတ်ပါဘူး   MT4 ထဲကို အကောင့်ထဲမှာ ငွေသွင်းပေးရပါမယ် US နဲ့သွင်းမယ်ဆိုရင် To Account MT မှာ မိမိ ဖွင့်ထားတဲ့အကောင့်ကိုေ၇ွးပြီးတော့ ကိုယ်ပို့ချင်တဲ့အမောက်ကို ပို့ပေးလိုက်ပါ ချက်ချင်း MT4 ထဲကို ရောက်ပါလိမ့်မယ်.....

အကောင့်ထဲငွေ ရောက်ပြီဆိုတာနဲ့ MT4 ကိုသွားဖွင့်ပြီးတော့ BTC-e server ကိုရွေးပြီးတော့ မိမိ ဖွင့်တဲ့အကောင့်နဲ့ ထရိတ်ပက်ဝက်နဲ့ဝင်ပြီးတော့ မိမိ mobile or tablet ၁ခုခုနဲ့ စတင်အသုံးပြုနိုင်ပါသည်

MT4 အသုံးပြုနည်းကိုတော့ မရှင်းပြတော့ပါဘူး MT4 ကိုသုံးမယ်ဆိုထဲက သုံးတတ်သူမလို့သာ MT4 အကောင့်ဖွင့်ပြီး အသုံးပြုတာမလို့ပါ ဆက်ရေးပြရင် တော်တော်လေးကို ရှည်ကုန်ပါပြီ ပို့စ်က....

မိမိထရိတ်လို့၇တဲ့MT4 မှ USD ကို ထုတ်ရင်တော့ ၂၄ နာ၇ီကြာပါတယ် မိမိ၇ဲ့ BTC-e အကောင့်ထဲကို ထရိတ်က ငွေပြန်ရဖို့ကို ချက်ချင်းမရောက်ပါဘူး ၂၄ ကြာမှ ရောက်ပါတယ် ...MT4 မှပြန်ထုတ်ချင်ရင်တော့



ကျနော်ထရိတ်လုပ်ထားတဲ့ပုံလေးပါ MT4 နဲ့ BTC-e User မှာကြည့်နိုင်ပါတယ်...

Developer တွေအတွက် တော့ API Key ပေးထားပါတယ် API key ယူပြီးတော့လဲ window ပေါ်မှာ ဆော့ဝဲနဲ့ ထရိတ်လုပ်နိုင်ပါသည်ခင်မျာ....


အားလုံးဘဲ အဆင်ပြေတဲ့ နည်းလမ်းကို ကြိုက်နှစ်သက်သလိုအသုံးပြုနိုင်ပါတယ်

နားမလည်တာများရှိရင် ဖေ့ဘုတ် ဂရု ကို join ပြီးတော့ မေးမြန်းနိုင်ပါသည်....
https://www.facebook.com/groups/1456018584700046/

 cryptominer(mmbitcointips.xyz)

လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ်

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....


Posted via Blogaway

Myanpay (Vodaexchange)

၂၄ နာ၇ီ ၇ ရက်ပတ်လုံး မှာအင်တာနက်ရှိယုံဖြင့် မိမိတို့စုထားတဲ့ Bitcoin and PM ကို မြန်မာငွေနဲ့ တိုက်ရိုက် လဲလှယ် ရောင်းချ တဲ့နည်းလေးပါ.(For beginner Only)

on  7:59 AM  Bitcoin Tips Exchange 1 comment




ကျနော်တို့ ရထားတဲ့ ဘစ်ကွိုင်ကို မြန်မာငွေနဲ့ ဆိုဒ်မှာဘယ်လိုလဲလှယ်မှာလဲလို့ ခဏခဏ မေးတာ ခံရပါတယ်ကျနော် myanpay account လဲ လွယ်ကူစွာ ဖွင့်နည်းကို ကျနော်ရေးခဲ့ပေးပြီးပါပြီ ...အခု

ကျနော် Vodaexchange မြန်မာ E currency အိပ်ချိန်းဆိုဒ်မှာ မိမိတို့ စုထားတဲ့ ဘစ်ကွိုင် ကို ပြန်လည် ရောင်းချတာကို ကျနော် နမူနာလုပ်ပြပေးပါ့မယ်....

အကောင့်မရှိသေးတဲ့သူ အရင်ဆုံး အကောင့်သွားဖွင့်လိုက်ပါအုံးခင်မျာ...
အကောင့်ဖွင့်တာလဲဘာမှမခက်လို့ မရှင်းပြတော့ပါဘူးခင်မျာ....

https://www.vodaexchange.com

သူတို့ဆိုဒ်မှာ ပုံမှပြထားတဲ့ ငွေကြေး onlin Currency အကုန်လုံးကို မြန်မာငွေနဲ့ အရောင်းအ၀ယ် အကုန်လုပ်လို့ရပါတယ်ခင်မျာ....

အကောင့်ဖွင့်ပြီးပြီဆိုရင် အကောင့်ကိုဝင်လိုက်ပါ...ပြီးရင် Exchange ကိုသွားလိုက်ပါ



ပြီးရင် ကျနော်တို့ ဘစ်ကွိုင်ကို သွားရောင်းမှာမလို့ From မှာစစချင်း မြန်မာ ကျပ်ပြနေပါလိမ့်မယ် ပုံမှာတော့ ဘစ်ကွိုင်ကို ရွေးထားပြီးသားပါ....ကျနော် ဘစ်ကွိုင်ကိုရွေးလိုက် ပါ ကိုယ့်ဆီက ပေးမဲ့ကောင်ကို အ၇င်ဆုံး အပေါ်မှာ ရွေးပေးရပါတယ်....

To မှာကျတော့ ကျနော်တို့ Myanpay ကိုရွေးပေးလိုက်ပါ အော်တို ရွေးပေးနေပါလိမ့်မယ်...

Give မှာကျတော့ ကျနော်တို့ လဲလှယ်မဲ့အမောက်ကို ထည့်ပေးလိုက်ပါ ကျနော် 0.5 btc လဲမှာပါ...

အကယ်လို့ သင်က PM ကနေ မြန်မာငွေသွားရောင်းမယ်ဆိုရင်လဲ ဘစ်ကွိုင်နေရာမှာ PM ထည့်ပြီးပေးလိုက်ယုံပါဘဲ .... အကယ်လို့ bitcoin ဖြစ်ဖြစ် PMဲဖြစ် ဖြစ်ကို ၀ယ်ချင်တယ်ဆိုရင်လဲ မြန်ပေး အကောင့်ကို ထည့်ပေးလိုက်ပါ ပြီးရင်တော့ ကိုယ်ပြန်ယူမဲ့ ဘစ်ကွိုင်သို့မဟုတ် PM ၁ခုခု အကောင့်ထည့်ပေးပြီးလဲ မြန်မာငွေ နဲ့တိုက်ရိုက် ရောင်းနိုင် ၀ယ်နိုင်ပါတယ်...(ဘာလဲလဲ လုပ်လို့ရအောင်ပြောပြတာပါ..အခုဘစ်ကွိုင်လဲမှာပါ..)

Recieved မှာကျတော့ ကိုယ်ပြန်ရမဲ့ မြန်မာကျပ်ငွေပါ....

အရေးကြီးတာက သူတို့ star ပြထားပါတယ် Your Myanpay account ပါ အဲ့မှာ မိမိ မြန်ပေးအကောင့်ဖွင့်ထားတဲ့ နာမယ်ကို ၁လုံးမကျန် နဲ့ စပေ့မခြားဘဲ သေချာရိုက်ပေးရမှာပါ...မှားလို့မရပါဘူး ဘာလို့လဲဆိုတော့ ဆိုဒ်က Script နဲ့အော်တို Run နေတာမလို့ မြန်ပေးအကောင့်ထဲကို ငွေ အော်တိုလွဲပေးတာနဲ့ မိမိ အကောင့်မှားနေပြီဆို Error ဆိုပြီး မိမိအိတ်ချိန်းလုပ်တာ ပြနေပါလိမ့်မယ် နောက်ဆုံးမှာ မိမိ မချိန်းခင် အရင်ဆုံး ကိုယ်လက်ခံမဲ့အကောင့် ကို သေချာ စစ်ဆေးသင့်ပါတယ် တခြား ဟာတွေလဲဒီလိုပါဘဲ ဘစ်ကွိုင်ဝယ်ဝယ် ပီအမ်ဝယ်ဝယ် ကိုယ်လက်ခံမဲ့အကောင့် ကိုသေချာစစ်ဆေးပြီးထည့်ပါ...ကျနော်ဆိုခဏခဏ မှားပါတယ် စာလုံးပေါင်းကျန်ခဲ့တာ ပါ အမြန်၇ိုက်ထည့်တာနဲ့ ဒါပေမဲ့ ကျနော် တခါမှငွေမဆုံးပါဘူး ဖုန်းဆက်ပြီး လှမ်းပြောရင်ရပါတယ် ကိုယ်ပို့်လိုက်တာ သူတို့ထဲ ငွေဝင်နေပြီဆိုရင် သူတို့ Manual နဲ့မိမိ မြန်ပေးအကောင့်ထဲကို ငွေပြန်ထည့်ပေးပါတယ်...သတိထားဖို့ ပြောပြတာပါ ဖြစ်တတ်တာလေးတွေ
စကားများများ မပြောချင်ရရင်တော့ပိုကောင်းပါတယ် ကိုယ့်ဘက်က သတိထားပြီးလုပ်ဆောင်လိုက်ပါ..

အီးမေးနဲ့ ဖုန်းနံပါတ်ကတော့ အော်တိုပေါ်နေပါလိမ့်မယ် အကောင့်ဖွင့်တုန်းက ထည့်ထားတာမလို့ပါ..

message မှာတော့ ကျနော်တို့ လဲလှယ်တဲ့ Bitcoin to Myanpay ဆိုပြီးထည့်ပေးလိုက်ပါ...မထည့်လဲရပါတယ်....

အကုန်ပြီးပြီဆိုရင်တော့ Checkout ကိုနှိပ်ပေးလိုက်ပါ...
သူတို့ကိုပို့ပေးရမဲ့ ဘစ်ကွိုင်လိပ်စာပြပေးပါလိမ့်မယ်


ကျနော်တို့ Please Send exactly 0.05 btc ဆိုပြီးတော့ သူ့အောက်မှာပေါ်နေတဲ့ လိပ်စာကို ကော်ပီကူးပြီးတော့ 0.05 btc ကိုပို့ပေးလိုက်ပါခင်မျာ....

အရင်ကတော့ သူတို့ ဘစ်ကွိုင် ကို network confirm 6 ခါ ပြည့်တာနဲ့ မြန်ပေးအကောင့်ထဲကို ထည့်ပေးပါတယ်...အခုတော့ network confirm 10 ဖြစ်သွားပါပြီ...အရင်ကဆို နာ၇ီဝက်လောက်နဲ့ပြည့်ပါတယ် အခုဆိုရင်တော့ ၄၅ မိနစ် ၁ နာ၇ီလာက်ကြာနိုင်ပါတယ်....ဘာလို့လဲဆိုရင်တော့ မိမိ ဘစ်ကွိုင်ဝေါလက် က အ၀င်အထွက်တွေ အ၇မ်းများပြီးတော့ ၀င်ထားထွက်ထားတာမကြာသေးရင် double spend တွေဖြစ်ပြီးတော့ 1 confirm ဖြစ်ဖို့ကို ကြာတတ်လို့ပါ....

PM ကို လဲလှယ်ရောင်းချရင်တော့ ချက်ချင်းရောက်ပါတယ် သူမှာ Network confirm မရှိလို့ပါ...

ကျနော်တို့ ပို့ပြီးသွားပြီဆိုရင်..တော့History မှာသွားကြည့်လို့ရပါတယ် မိမိတို့လဲလှယ်ထားတာ Completed ဖြစ်မဖြစ်ကိုပါ...

ကျနော်တို့ လဲလိုက်တဲ့ Order ID ပါ Status ကတော့ Start ဘဲရှိပါသေးတယ် အခုမှ ပို့လိုက်လို့ပါ....
ကျနော်တို့ မြန်ပေးအကောင့်ထဲ ငွေရောက်သွားပြီဆိုတာ နဲ့ Completed ဆိုပြီးတော့  ပြနေပါလိမ့်မယ်...

ပုံမှာကတော့ကျနော်လဲလှယ်ရောင်းချခဲ့ပြီးတဲ့ exchange  History တွေပါ..
ကျနော် voda exchange မှာ Order ပေါင်း 75 ကြိမ်လဲခဲ့ဘူးပါတယ် မှားတာတွေလဲခဏခဏ ပါဘဲ ဒါပေမဲ့အခုချိန်ထိ ငွေ၁ခါမှမဆုံးဘူးသေးပါဘူး သူတို့ဆီက ငွေ ပိုပြီး လွဲပေးတာလဲ ကြုံဖူးပါတယ်...ကျနော့်အကောင့်ကနေ ပြန်ပြီးတော့ Refund ပြန်လုပ်ပေးခဲ့ဖူးပါတယ်...

အကယ်လို့များအကြောင်းကြောင်းကြောင့် မိမိ ငွေမြန်ပေးအကောင့်ထဲလဲရောက်မလာဘူး History မှာလဲ Completed မဖြစ်ခဲ့ဘူးဆိုရင်....မိမိ Order ID ကို ကူးပြီးတော့ Support ကနေ မေးပို့လို့ရပါတယ် ဖုန်းလဲဆက်လို့ရပါတယ် သူတို့ ချက်လဲ ဖွင့်ထားပါတယ် အကယ်လို့ ရုံးပိတ်ချိန်များမှာသွားလဲမိပြီးတော့
ဖုန်းလဲဆက်မရဘူးဆိုရင်တော့ ရုံးဖွင့်ရက်ထိ စောင့်လိုက်ပါ...

မိတ်ဆွေ ပိုက်ဆံမဆုံးပါဘူး ကျနော် Voda ex မှာ ၁ခါ ထဲ ၁၂သိန်းခွဲကျော်ထိ အော်ဒါ၁ခု လဲဖူးပါတယ် ဘာအမှားယွင်းမှမရှိခဲ့ပါဘူး အဲ့တုန်းက PM ရောင်းတာပါ ကျနော်လဲ မစောင့်ချင်လို့ ဘစ်ကွိုင်ဈေးတက်တာနဲ့ PM နဲ့ solidexchanger မှာ ဘစ်ကွိုင်သွားရောင်းပြီးတော့ မြန်မာ ငွေကို ဒီမှာလာလဲတာပါ...

မြန်မာငွေနဲ့ သာ ဘစ်ကွိုင်ကို ပြန်ဝယ်ဆိုရင်တော့ ၁ ဘီတီစီ ကို မြန်မာငွေ ၂ သောင်းစွန်းစွန်း ကွာဟပါလိမ့်မယ် ကျနော်တော့ အ၀ယ်ကို မြန်မာငွေနဲ့မ၀ယ်ပါဘူး PM နဲ့  Btc e သို့မဟုတ် Solid changer မှာသွားဝယ်ပါတယ် ပေါက်ဈေးထက် ပိုရလို့ပါ... 1 btc 240$ ဆိုရင် 241 $ သို့မဟုတ် 242$ လောက်ပိုရပါတယ် အဲ့ဆိုဒ်တွေမှာ ဘစ်ကွိုင်ကိုဝယ်ရင်တော့ ဘယ်ကာရန်စီ ဘဲဖြစ်ဖြစ် အ၀ယ်ကတော့ သက်သာတာများပါတယ်....

မြန်ပေးအကောင့်၁ခုသာ ရှိနေမယ်ဆိုရင် မိတ် ဆွေ ၀ယ်ဝယ် ရောင်းရောင်းကို ဂရုတွေမှာ လိုက်ပြီးတော့ ပို့စ်တင်ပြီးရောင်းမဲ့သူ စောင့်နေစရာမလိုပါဘူး....ပြီးရင် လိမ်ခံရမှာလဲ မပူရပါဘူး...၂၄ နာ၇ီ လာရောက် ရောင်းဝယ်လို့ရပါတယ်....

ကျနော် ကတော့ ဒီဆိုဒ်မှာဘဲ ရောင်းဝယ်ဖြစ်ပါတယ် ဈေးတက်တိုင်းလာရောင်းဖြစ်ပါတယ် ပေါက်ဈေးတိုင်းရပါတယ် သူတို့ က Coinbase ရဲ့ ပေါက်ဈေး တိုင်း သတ်မှတ်စံယူထားတာပါ....

Btc e ကတော့ Coin base ထက် ၁ ကျပ်လောက် ဈေးနည်းပါတယ် .... အဲ့တော့ကျနော်တို့ဈေးပိုရတာပေါ့...



အကြောင်းရာတခုခု ဖြစ်ပါက support ကနေမေးပို့ပေးနိုင်ပါတယ် အောက်မှာလဲသူတို့ဖုန်းနံပတ်ပေးထားပါတယ် ဖုန်းလဲဆက်လို့ရပါတယ်......

Phone :   0973135585

Email :     support@vodaexchange.com

ကျနော်အဲ့ဆိုဒ်ကလူတွေကိုလဲမသိပါဘူး မြင်လဲမမြင်ဖူးပါဘူး တကယ် အဆင်ပြေတဲ့ ဆားဗစ်၁ခုမလို့သာ
ကောင်းလို့ကောင်းကြောင်း ရေးသားပေးတာပါ...မကောင်းရင်မကောင်းတဲ့သတင်းထွက်ပါမှာဖြစ်ပါတယ်...

ကျနော်တပြားမှလဲမရထာပါဘူးသူတို့ဆိုဒ်က ဒါပေမဲ့ သူတို့ဆိုဒ်ပေါ်လာထဲက အွန်လိုင်းမှငွေရှာတဲ့သူတွေအတွက် မိမိ ရှာဖွေ လို့၇တဲ့ ငွေကြေးကို အပြင်သွားစရာမလို အင်တာနက်ရှိယုံနဲ့ အိမ်ကတင် ငွေလဲလှယ်လို့ ရလို့ အကျိုးကျေးဇူးများစွာ ရရှိလာပါတယ်....

ုမြန်မာနိုင်ငံမှာ သူတို့လိုဆိုဒ်မျိုး နောက်၁ဆိုဒ်လောက်ထပ်ပေါ်လာရင်ပိုကောင်းပါလိမ့်မယ် ဒါဆို သူတို့အချင်းချင်း ဆားဗစ် တွေ ပြိုင်ရင်းနဲ့ ကာစတမ်မာ မှာ ပိုပြီးအကျိုးရှိနိုင်ပါလိမ့်မယ်လို့ထင်ပါတယ်

အားလုံးဘဲကျေးဇူးတင်ပါတယ် အားလုံးအခုဆိုရင်လွယ်လွယ်ကူကူ နဲံ့ အွန်လိုင်းမှာ မြန်မာငွေနဲ့ မိမိဘာသာ ၂၄ နာ၇ီ ပတ်လုံးရောင်းချ နိုင်ပြီ လို့ ထင်ပါတယ်။။။ မြန်ပေးအကောင့်ထဲ ငွေရပြီဆိုရင်တော့ကိုယ်ထုတ်ချင်တဲ့နည်းနဲ့သာ ထုတ်ယူနိုင်ပါသည် ကျနော်ကတော့မိုဘိုင်းဘမ်းကင်းနဲ့သာထုတ်တာများပါတယ် .... ကိုယ်ထုတ်ချင်တဲ့နေရာမှာ ATM စက်ကငွေထုတ်လိုက်ယုံပါဘဲ ဘဏ်လုံးဝ သွားစရာမလိုတော့ပါဘူး

နားမလည်တာများရှိခဲ့ရင် ဖေ့ဘုတ် ဂရုမှာ Join  ပြီးတော့ ပို့စ်တင်မေးမြန်းနိုင်ပါတယ်ခင်မျာ..

Facebook Group Join

ရေးသားသူ  cryptominer(mmbitcointips.xyz)

လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

mmbitcoinguide


Posted via Blogaway

Tuesday, January 5, 2016

web 2 apk

Saturday, July 18, 2015

Web2 ​နဲ့ ကိုယ်​ပိုင်​apkတစ်​ခု​ရေးသားနည်း

Web 2 Apkပြုလုပ်​နည်းအဆင့်​ဆင့်
Web2apk ပြုလုပ်နည်းအဆင့်​ဆင့်​ကိုပုံနဲတကွ​ဖေါ်ပြ​ပေပါ့မယ်​​အောက်​မှာ​လေ့လာကြပါခင်​​ဗျာ ဘာအတွက်​လုပ်​မှာလည်းဆိုရငိ​​တော့မိမိတို့fbကိုဘဲဖြစ်ဖြစ်page ကိုဘဲဖြစ်ဖြစ်blog ကိုဘဲဖြစ်ဖြစ်ကိုင်​ပိုင်​apk​လေးတစ်​ခုဖန်​တီးရ​အောင်​။
အောက်​ကပုံ​လေး​တွေကြည့်​ပြီးလုပ်​နိုင်​ပါပြီး။

Apkပြုလုပ်​ရန်​ဒီlinkက​နေသွားလိုက်​ပါဒီမှာ 









ရေးဆွဲသည့်​​အချိန်​ 7/18/2015 10:37:00 PM

Share

 

Home

View web version

Powered by Blogger.


Posted via Blogaway

Friday, December 25, 2015

MYANMAR FONT INSTALLER For HUAWEI G730 & Y511 ရယူပါ

MYANMAR FONT INSTALLER For HUAWEI G730 & Y511 ရယူပါ

Huawei G730-U00 Myanmar Font Installer (One Click Tool)
Huawei G730-U00 နဲ့ Y511 တို့အတွက် Myanmar Font Installer ပါ။

တခြား Font Changer တွေနဲ့ချိန်းထားလို့ Font မပေါ်တာတွေကိုပါ ပြင်ပေးပါတယ်။
Font Install လုပ်တာကတော့ G730 နဲ့ Y511 တို့မှာ စမ်းသပ်ပြီးသားဖြစ်ပါတယ်။

Font မပေါ်တာကို Fix လုပ်ပေးတာကတော့ G730-U00 တစ်မျိုးတည်းမှာပဲရပါတယ်ခင်မျာ
တခြား Font Changer တွေနဲ့ချိန်းထားလို့ Font မပေါ်တာတွေကိုပြင်မယ်ဆိုရင်တော့
Original Restore ကိုနှိပ်ပြီးတော့မှ Font ထည့်ပေးပါ။

တခြား Font Installer နဲ့မချိန်းထားရင်တော့ Install ကိုနှိပ်ပေးလိုက်ရင်ရပါပြီခင်မျာ။

Download Here Myanmar Font Installer For G730 & Y511

Credit Mobile Technology City

အဆင်ပြေပါစေ


Posted via Blogaway

Thursday, November 19, 2015

BMP IDE ဖြင့် Call Dialer ရေးသားခြင်း

Android Softwares & Other Technology

Thursday, October 29, 2015

Call Dialer Sample Project


~BMP IDE ဖြင့် Call Dialer Apk တစ်ခု စမ်းသပ်ရေးသားခြင်း~
==============================================

မင်္ဂလာပါ သူငယ်ချင်းများ BMP IDE ကိုလေ့လာနေကျတဲ့ သူဒေ တွက် project တစ်ခုရေးပေးလိုက်ပါတယ် ပထမတော့ BMP IDE နဲ့ ပတ်သက်ပြီး ဘာမှမတင်တော့ဘူး လုပ်မလို့ဘဲ ဒါပေမယ့် မနေ့က ဟို အရင် Demo Version တုန်းက ကလိတာလေးကို သွားသတိရတာနဲ့ Apk လေးတစ်ခုကောက်ရေးကြည့်တာ ဟီးးး မဆိုးဘူး အာ့နဲ့ ခု Beginner ဒေ လေ့လာလို့ရအောင်တင်ပေးလိုက်တာပါ ဒါနဲ့ ကျော်လည်း Beginner တျောက်ပါ :V 
Apk က ရိုးရှင်းတဲ့ Dialer လေးပါ အကြမ်းလေးပဲ ရေးထားတာ ကုဒ်တွေက ရိုးရှင်းပါတယ် အာ့ကြောင့် ကုဒ်ဒေ ကို ရှင်းပြတော့ဘူး ကွကိုယ် Try ကျိပါ နားလည်အောင်
မသိတဲ့ အပိုင်းလည်းမေးပေါ့ 
apk မှာပါတဲ့ Source Code တွေကော Project ဖိုင်ပါ တင်ပေးပါမယ် ဒီ Post က ဂယ်နားမလည်တဲ့သူဒေ ကိုရည်ရွယ်ပါတယ် တားမှာလည်း ဖုန်းစုတ်လေးနဲ့ ရေးရဒါ :'( ငိငိ BMP IDE Page မှာလည်း သိလိုတာတွေ မေးလို့ရတယ်နော်ဒီ page က BMP IDE Page မဟုတ်ဘူး ကျနော်က လေ့လာနေတဲ့ သူဒေ အဆင်ပြေအောင် တတ်နိုင်သလောက် Support ပေးတာပါ  

အောက်မှာလေ့လာပါ

Source Code

View Panel
=============

AddEditText("num",3%x, 6%y,90%x,8%y, "")
SetHint("num","Enter Phone Number . . .")
SetInputType("num",3)

AddButton("btn1",0%x,18%y,25%x,20%y, "")
SetText("btn1", "1")

AddButton("btn2",25%x,18%y,25%x,20%y, "")
SetText("btn2", "2")

AddButton("btn3",50%x,18%y,25%x,20%y, "")
SetText("btn3", "3")

AddButton("btn4",0%x,38%y,25%x,20%y, "")
SetText("btn4", "4")

AddButton("btn5",25%x,38%y,25%x,20%y, "")
SetText("btn5", "5")

AddButton("btn6",50%x,38%y,25%x,20%y, "")
SetText("btn6", "6")

AddButton("btn7",0%x,58%y,25%x,20%y, "")
SetText("btn7", "7")

AddButton("btn8",25%x,58%y,25%x,20%y, "")
SetText("btn8", "8")

AddButton("btn9",50%x,58%y,25%x,20%y, "")
SetText("btn9", "9")

AddButton("btn0",25%x,78%y,25%x,20%y, "")
SetText("btn0", "0")

AddButton("bs",0%x,78%y,25%x,20%y,"")
SetText("bs","*")

AddButton("bh",50%x,78%y,25%x,20%y,"")
SetText("bh","#")

AddButton("call",75%x,78%y,25%x,20%y, "")
SetText("call", "Call")

AddPanel("pnl",75%x,19%y,25%x,59%y, "")
SetColor("pnl",0,cYellow)

AddMenuItem("About")

====================

Event Panel
=============

Sub Activity_Pause(UserClosed)
End Sub

Sub Activity_Resume
End Sub

Sub Button_Click(Who)

Select Who

Case "btn1"

SetText("num",GetText("num")&  1)

case "btn2"

SetText("num",GetText("num")& 2)

case "btn3"

SetText("num",GetText("num")& 3)

case "btn4"

SetText("num",GetText("num")& 4)

case "btn5"

SetText("num",GetText("num")& 5)

case "btn6"

SetText("num",GetText("num")& 6)

case "btn7"

SetText("num",GetText("num")& 7)

case "btn8"

SetText("num",GetText("num")& 8)

case "btn9"

SetText("num",GetText("num")& 9)

case "btn0"

SetText("num",GetText("num")& 0)

case "bs"

SetText("num",GetText("num")& "*")

case "bh"

SetText("num",GetText("num")& "#")

case "call"

c=GetText("num")

If StringContains(c,"#")=true Then
d=StringLength(c)
d=d-1

e=SubString(c,0,d)
CallPhone(e&GetHashCharacter)
Else

CallPhone(c)

End If

End Select

End Sub

Sub Menu_Click(Which)
a="Call Dialer Sample"&CRLF&"Coded by Min Min Thu"
MsgBox(a,"About!")
End Sub

Sub Activity_KeyPress(key)

If key=4 Then

b=MessageBox("Do You Want to Exit??","EXIT!","OK","Cancel","")

If b=-1 Then

ActivityFinish

End If

Else If key=82 Then

OpenMenu

End If

End Sub

Sub Edit_Change(Who, Old, New)
End Sub
Sub Edit_enterpressed(who)
End Sub

=============

Project ကိုဒေါင်းပြီး မိမိ၏ BMP IDE Tool မှာ Import ပြီး Run ကျိပါ

Project ဒေါင်းရန်

>>> http://pc.cd/JrB7 <<<

ကွကိုယ် ထပ်မံ၍ ချဲ့ထွင်ရေးသားကျိပါ 
ကျနော်လည်း ဆရာတျောက်တော့မဟုတ်ပါ ကျနော် သိထားသလောက်နဲ့ BMP IDE 2.0 မှာ Try လို့ ရသလောက် ကြိုးစားပြီး Try ထားပါတယ် :)

အဆင်ပြေကျပါစေ~~~~

#Admin®MMT


aunt htoo at 6:34 PM

Share

 

No comments:

Post a Comment

Links to this post

Create a Link

Home

View web version

Powered by Blogger.

About Me

aunt htoo 

View my complete profile


Posted via Blogaway