Friday, October 28, 2016

How to use Advcash ADvcash

How to use Advcash ADvcash ကိုသုံးပြီးတော့ ဘစ်ကွိုင်နဲ့ဒေါ်လာအတွက်ဖိစ်မရှိဘဲအိပ်ချိန်းလုပ်လို့ရတဲ့နည်းလေးပါ..

Replies: 3

By: silancestorm



ကျနော်ဒီနေ့ ADVcash ဆိုတဲ့ Payment gateway ၁ခုနဲ့မိတ်ဆက်ပေးပါ့မယ်ခင်မျာ...
သိပြီးသားသူတွေလဲသိကြပါတယ်...သုံးတဲ့သူတွေတော့နည်းပါသေးတယ်.....

ဘာအားသာချက်တွေရှိလို့ကျနော်ရေးပေးလဲဆိုတော့.... အချင်းချင်းငွေပို့ရင် Fee ပို့ခမရှိပါဘူး....ပြီးတော့ ADVcash ကိုအိပ်ချိန်းဆိုဒ်တိုင်းလိုလို လက်ခံပါတယ်.... ပြီးရင် ADVcash မှာ ဘစ်ကွိုင်ဒီပို့ဇစ် တင်လို့ရပါတယ်.... မိတ်ဆွေတို့ ဘစ်ကွိုင်ကနေဒေါ်လာ ပြောင်းချင်တယ်ဆိုရင်.... အိပ်ချိန်းဆိုဒ်ထဲကိုသွားရမယ်ပေါ့...ပြီးရင်အိတ်ချိန်းဖိစ် ပေးရမယ် ပေါက်ဈေးအတိုင်းနဲ့လဲပြီးတော့ ငွေထုတ်ရင် withdraw fee ထပ်ပေးရမှာပါ.....

အဲ့ဒါတွေထက်ဈေးသက်သာပါတယ် ADVcash မှာ ဗယ်ရီဖိုင်းမလိုပါဘူး...၁၅၀၀ ဒေါ်လာထိသုံးလို့ရပါတယ်... ဥပမာ ၁၀ ဒေါ်လာ ဘစ်ကွိုင်ထည့်လိုက်ပြီဆို၇င် ADVcash မှာ 6 network confirm ပြီးသွား၇င် ၁၀ ဒေါ်လာဝင်နေပါလိမ့်မယ်....

အဲ့ ADVcash ကနေ ပီအမ်ပြန်ထုတ်အုံးမလား Fee မပေးရပါဘူး...ငွေပို့တဲ့ PM Fee သာကျမှာပါ...၀.၅၀ ပါစန့်ဖိစ်ပါ....

ပြီးရင် ဘာအားသာလဲဆိုရင် ADVcash က PM ထက်ကိုဈေးပိုပြင်းပါတယ်.... ပြီးတော့ဆိုဒ်တိုင်းလိုလိုမှာလိုက်ချိန်းကြည့်ပါ...ဘာနဲ့ချိန်းချိန်း ဖိစ်အရမ်းသက်သာပါတယ်...

PM to BTC ချိန်းပါ.... ၁၀၀ လဲလို့ ၉၇ ကျပ်ဘဲပြန်ရမှာပါ...ဆိုဒ်တိုင်းလိုလိုပါဘဲ....
နောက်ဆုံး ကျနော်တို့ မြန်မာက အိပ်ချိန်းဖြစ်တဲ့ Voda exchange မှာသွားလဲရင်...ပီအမ်နဲ့ ၅ကျပ်ဘဲဈေးကွာပါတယ်.....

ဘစ်ကွိုင် ၁၀ဖိုးဒေါ်လာသွားရောင်းရင် အမှန်တကယ်ကိုယ်ပေးလိုက်ရတာ ၁၁ကျပ်ခွဲဖိုး၁၂ကျပ်ဖိုးလောက်ရှိပါတယ်... အိပ်ချိန်းမှာကော်မရှင်ဖိစ်နဲ့ အိတ်ချိန်းရိတ်နဲ့ ၂ကျပ်နီးပါးလောက်ဖြတ်စားခံရပါတယ်...

ADVcash နဲ့တန်းပြီးတော့သွားရောင်းကြည့်လိုက်ပါ... VODA မှာ ဘစ်ကွိုင်ထပ်တောင်ဈေးပိုရပါတယ်...ပြီးရင် ဖိစ်လဲလုံးဝမရှိပါ...၁၀ ဒေါ်လာဆိုရင် ၁၀ ဒေါ်လာဘဲပို့ရမှာပါ...

ပြီးရင်တော့ instant အနေနဲ့ ငွေလဲလက်ခံပြန်ရမှာပါ....

အားသာတာကတော့ ADV ထဲမှဒေါ်လာရှိနေရင် ဘစ်ကွိုင်ပြန်ထုတ်မလား...ပေါက်ဈေးအတိုင်း...ချက်ချင်းရတယ်...ပီအမ်ပြန်ထုတ်မလား ချက်ချင်းရတယ်...ဖိစ်လုံးဝ မရှိပါဘူး....အိပ်ချိန်းတွေထက် အများကြီးသာတယ်လို့ ပြောရမှာပါ...

၁၅၀၀ ဒေါ်လာလစ်မစ်ဆိုလဲမဆိုးဘူးပြောလို့ရပါတယ်...သုံးရတာအရမ်းအဆင်ပြေပါတယ်...အသုံးပြုပုံကတော့
PM အသုံးပြုတာနဲ့တူတူပါဘဲ....

အကောင့်ဗယ်ရီဖိုင်းကတော့လုပ်လို့မရပါဘူးး...မြန်မာနိုင်ငံမပါလို့ပါ.....ကဒ်လဲလျောက်လို့ရပါတယ်.. ၁ကျပ်ဘဲကျတယ်...

အရင်ဆုံးအကောင့်သွားဖွင့်လိုက်ပါခင်မျာ...အကောင့်ဖွင့်တာဘာမှမခက်ပါဘူး...

http://wallet.advcash.com/

ဒါကတော့ကျနော့်အကောင့်ပုံပါ... အကောင့်ကို US dollar နဲ့ Euro Ruble ၃ ခုပေးသုံးထားပါတယ်...
ဒီဘက်ကတော့ကျနော်ငွေချေပြီးသုံးခဲ့တဲ့ထရန်စလေးရှင်းတွေပါ.... ဖိစ်၁ပြားမှမကုန်ပါဘူး...

ကျနော်ကဒ်လဲလျောက်ထားတာပါ...ကဒ်ထဲမှာ ၃ကျပ်ဘဲကျန်ပါတော့တယ်...စမ်းသုံးထားလိုပါ.. 

PM အကောင့်သုံးမယ်ဆိုရင် unverify account သုံးရင် ၂ % ဖြတ်ခံရမှာပါ...ငွေပို့ရင်...၁၀၀ပို့ ၁၀၂ကျပ်ကျမှာပါ.... Verify လုပ်ပြီးမှ 0.50% သာဖြတ်မှာဖြစ်ပါတယ်...တော်တော်များများက ဗယ်ရီဖိုင်းမဖြစ်ကျတာများပါတယ်....

ADVcash ကတော့ ဗယ်ရီဖိုင်းမဖြစ်လဲ ဖိစ်မရှိပါဘူးအေးဆေး ၁၅၀၀တော့ထုတ်သွင်းလုပ်နေလို့ရပါတယ်...

မိတ်ဆွေတို့အကောင့်ဖွင့်ပြီးသွားရင်ဆိုဒ်ထဲကိုဝင်လိုက်ပါ.... အိုင်ပီပြောင်းသွားရင်PIN Code တောင်းပါလိမ့်မယ်.... PIM code ကမိမိဖွင့်ခဲ့တဲ့ အီးမေးထဲကိုပို့မှာပါ.... အဲ့ပင်ကုဒ်ကိုထည့်ပေးလိုက်ပြီးတော့လော့အင်ဝင်လိုက်ပါ....

ကျနော်အရင်ဆုံး Deposit တင်တာကိုစပြပေးပါ့မယ်....


Deposit Fund ဆိုတာကိုသွားလိုက်ပါ...ပြီးရင်ကိုဒီပို့ဇစ်တင်မဲ့အမောက်ကိုထည့်လိုက်ပါ...
 ပြီးရင်တော့ E-currencies ကိုရွေးပေးလိုက်ပါ... အခုလို ကာရန်စီ တွေကျလာပါလိမ့်မယ်...
 $10 ကျနော်ထည့်လိုက်ပါတယ်.. ပြီးရင် ကျနော်ဘစ်ကွိုင်ကို ရွေးထားလိုက်ပါတယ်... ကိုယ်တင်ချင်တာနဲ့တင်လို့ရပါတယ်... Fee ကတော့အစားစား ပြပေးနေပါတယ်...ကျနော်က ဘစ်ကွိုင်ကဖိစ် 0.00% မလို့ဘစ်ကွိုင်နဲ့တင်လိုက်တာပါ...


ကျနာ့်ကဒေါ်လာအကောင့် U ထဲကိုငွေသွင်းတာဖြစ်ပါတယ်..အခု ၁၀ ဒေါ်လာဖိုးပါ ဘစ်ကွိုင်နဲ့....0.017 btc ပို့ပေးရမှာပါ.... Confirm ကိုနှိပ်လိုက်ပါ...

သူပေးထားတဲ့လိပ်စာကို ဘစ်ကွိုင်ပို့ပေးလိုက်ပါ...အတိကျမလိုပါဘူး...လိုလဲရတယ် ပိုလဲရတယ်....ကိုယ့်ဒေါ်လာအမောာင့်ထဲကို ပေါက်ဈေးအတိုင်း ကိုယ်ပို့သလောက် ထည့်ပေးပါတယ်...စိတ်ပူစရာမလိုပါဘူး...ကျနော်ဆို ၁၀ ဒီပို့ဇစ်တင်ပြီးတော့... ၂၀ ပို့လိုက်လဲ ၂၀ ထည့်ပေးပါတယ်....  ငွေပို့ရင်တော့ 15 min အတွင်းပို့ပေးရမှာပါ... မဟုတ်ရင် အော်ဒါဒီပို့ဇစ်က အလိုလို ပျောက်သွားမှာပါ... Bitcoin wallet တွေက API နဲ့ Generate လုပ်ပြီးတော့ထုတ်ပေးနေလို့အမြဲပုံသေမဟုတ်ပါခင်မျာ....

ငွေပို့လိုက်ပြီးရင် I have Paid ကိုနှိပ်လိုက်ပါ....


Funds have been transferred successfullyလို့ပြပေးပါလိမ့်မယ်...ဒါပေမဲ့ကိုယ့်ထဲကိုဒေါ်လာမ၀င်သေးပါဘူး... Confirmation 6 bitcoin network စောင့်ပေးရမှာပါ.... အဲ့ဒါပြီးမှ ကိုယ့်အကောင့်ထဲကိုဝင်မှာပါ.....

 

 Transaction search မှာကြည့်နိုင်ပါတယ်...ကိုယ့်ရဲ့ထရန်စလေးရှင်တွေကို ကဒ်လဲကြည့်ရပါတယ်..အခုကျနော်ပုံကတော့ ကျနော့် USD wallet ရဲ့ပုံပါ....

ကျနော်ထည့်လိုက်တဲ့ 10 usd ကိုပြပေးနေပါတယ်...Pending အနေနဲ့..ကွန်ဖန်းပြီးသွားရင်အီးမေးလာပါလိမ့်မယ်... ခနစောင့်ရမှာပါ...ဘစ်ကွိုင်မှမဟုတ်ပါဘူး... Altcoin တွေသုံးရင်တော့ အခုထည့်အခုသုံးမရပါဘူး...နက်ဝက်ကွန်ဖန်းပြည့်မှသုံးလို့ရတာကြီးပါဘဲ...နှေးတာမြန်တာဘဲကွာတာပါ..

 ADVcash ကတော့ဒေါ်လာနဲ့ဘစ်ကွိုင် ကိုအလွယ်တကူဖိစ်မရှိဘဲပြောင်းလဲလို့ရတာအားသာတာပါ...ဟိုရှေ့ရက်က ကျနော်ဘစ်ကွိုင်ဈေးကျတုန်းက ၂၅၀ လဲထားပါသေးတယ်... ADV ထဲကို ၅၈၀ နှုန်းမှာလဲထားလိုက်တာပါ... မနက်ကျတော့ ၅၂၀ ထိကျနေတယ်...ဒါပေမဲ့ ကျနော် ၂၅၀ ဖိုးဘစ်ကွိုင်ပြန်ထုတ်တဲ့အချိန်မှာ ကိုယ်ထည့်တဲ့ဘစ်ကွိုင်ထက်ပိုပြီးတော့ ပြန်ရပါတယ.်....

PM ပြန်ထုတ်သွားချင်ရင်လဲအလွယ်တကူဖိစ်မရှိဘဲထုတ်လို့ရမှာပါ...သူတို့ဘက်ကဖိစ်မဖြတ်ပါဘူး.

PM ကသူငွေပို့ခဖိစ် ၀.၅၀ ဖြတ်တာပါ..ဒါကတော့ပုံမှန်ပါဘဲ...ဘယ်သူ့ကိုပို့ပို့ဒီနှုန်းဖြတ်မှာပါ...အိပ်ချိန်းဖိစ်လုံးဝမပါပါဘူး..အိတ်ချိန်းတွေသုံး

ဖူးတဲ့သူဆိုရင်သိပါတယ်...

သူ့ထဲမှာလဲကဒ်လျောက်ချင်တဲ့သူတွေလျောက်လို့ရပါတယ်...ကိုယ့်ဘာသာကိုယ်စမ်းကြည့်ကျပေါ့...ေ၇ှ့မှာတခု ကဒ်လျောက်နည်းကျနော်ရေးပေးခဲ့ပြီးပြီ အဲ့နည်းတိုင်းပါဘဲ....

ADVcash အချင်းချင်းပို့မယ်ဆိုရင်တော့  Fund Transfer မှာသွားပြီးတော့ဝင်လိုက်ပါ...ကိုယ်ထည့်ချင်တဲ့အမောက်ထည့်ပြီးရင် U လိပ်စာထည့်ပြီးငွေတန်းပို့လိုက်ယုံပါဘဲ.....

တခြားကာရန်စီတွေထုတ်မယ်ဆိုရင်တော့ To E-currency ကိုရွေးလိုက်ပါ..


 ကျနော်ကပုံမှာ btc ပြန်ထုတ်ဖို့လုပ်ထားတာပါ... PM ထုတ်ချင်တဲ့သူ PMေ၇ွးပေးလိုက်ယုံပါဘဲ...

Exchange ကိုသွားရင်လဲကိုယ်လဲချင်တဲ့ကာရန်စီကို လဲလို့ရအောင်သူက ပါတနာအိပ်ချိန်းတွေ Search လုပ်ပေးထားပါတယ်...ဖိစ်တွေလဲပြပေးပါတယ်... Adv ကတော့ဖိစ်သက်သာတာနဲ့တင် အိပ်ချိန်းမှာပါ..တော်တော်များများလိုက်ပြီးတော့သက်သာသွားတာပါ...

ဘစ်ကွိုင်အတွက် ဈေးတက်ကျ ဖြစ်မှာကြောက်ရင်တော့ ADVcash ထဲထည့်ထားပြီး ဒေါ်လာပြောင်းထားနိုင်ပါတယ်...ဈေးကျတော့ပြန်ထုတ် ဈေးတက်တော့ပြန်ထည့်..ရောင်းချင်လဲ 

Voda exchang မှာသွားရောင်းလဲဖိစ်သက်သာပါတယ်...ဈေးလဲဘစ်ကွိုင်ထက်ပိုရပါတယ်...

ကျနော်စကားချပ်တခု ပြောချင်ပါတယ်... ကျနော်ရေးတဲ့စာတွေဟာမိတ်ဆွေတို့ကို ဒီလင့်ကနေဖွင့်ပါ...ဒီလင့်ကနေသွားပါ....ဒီကနေ၀င်ရင် ဘယ်လိုတွေဆားဗစ်ပေးပါမယ်ဆိုပြီးကျနော်ရေးသားချင်းမဟုတ်ပါ...အတွေ့ကြုံနဲ့သတင်းအချက်အလက်လောက်သာ

 ပြန်လည်မျှဝေပြီးတော့ရေးပေးထားတာပါ...မည်သူ့ကိုမှ လုပ်ပါလို့ မတိုက်တွန်းထားပါဘူး.... မလုပ်ပါနဲ့လို့လဲမတိုက်တွန်းထားပါဘူး....မိတ်ဆွေတို့ အသုံးပြုလို့ အဆင်ပြေသည်ရှိသော်လဲ ကျေးဇူးတင်စရာမလိုအပ်ပါဘူးကျနော့်ကို...အသုံးပြုလို့အကြောင်းရာတစုံ၁ခုဖြစ်ခဲ့သော်လဲ

ကျနော့်အား အပြစ်လာတင်စရာလုံးဝမရှိပါဘူး... တော်တော်များများခဏခဏ ကြုံနေရလို့ပါ...အစ်ကိုပြောတော့ဒီလိုဆို အခုကျတော့ဒီလိုဖြစ်နေတယ်ဆိုတာမျိုး.... ဆိုဒ်၁ဆိုဒ်မှမဟုတ်ပါဘူး... ရပ်ကွက်လေး၁ခုမှာဘဲကြည့်ပါ...အချိန်မရွေးအမျိုးမျိုးသော ပေါ်လစီ ဥပဒေတွေပြောင်းလဲနေတာပါ...နိင်ငံကိုလဲကြည့်ပါ.... ဥပဒေအမျိုးမျိုးပေါ်လစီအမျိုးမျိုးပြောင်းလဲနေတာပါ..အချိန်တိုင်းမှာ.... 

ကျနော်ရေးသားခဲ့တဲ့ဆိုဒ်တွေက ကျနော့်ဆိုဒ်တွေမဟုတ်ပါဘူး...သိသင့်တာ..ကျနော်လဲဝင်ပြောင်းလို့မရပါဘူးပေါ်လစီကို...ထို့ကြောင့်ကျနော့်ကိုဘာကြောင့်

အကြောင်းအမျိုးမျိုးရှာကြံပြီးတော့လာပြောတဲ့သူတွေကိုကျနော်ပြန်လည်ဖြေရှင်းမှာမဟုတ်ပါ....စီးပွါးရေးတခုဘဲလုပ်

ကြည့်ပါ...သူများလုပ်လို့အဆင်ပြေရင်ပြေနေမယ်ကိုယ်ထလုပ်လို့ပြေချင်မှပြေတာပါ....

ဒါဟာပြောင်းလဲနေလို့ဆိုတာသိဖို့ကောင်းပါတယ်.... ဆိုဒ်၁ဆိုဒ်ဆိုတာလဲ အခု၁မျိုးတော်ကြာတမျိုးပေါ်လစီတွေဖိစ်တွေ ဗယ်ရီဖိုင်းတွေ အမျိုးမျိုး လိုအပ်သလိုပြောင်းနေမှာပါ...

အဲ့ဒါတွေကကျန်ာလုပ်တာလား...?သေချာတွေးကြည့်ပါ... ကျနော်လုပ်တာမဟုတ်ဘူးသူ့ဆိုဒ်ကသူပေါ်လစီပြောင်းနေတာဆိုတာသိရင် သူ့ဆိုဒ်ကSupport ကိုသွားမေးပြီး သွားပြောသင့်ပါတယ်....ကိုယ်လုပ်မဲ့အလုပ်ကိုတော့ အနည်းဆုံးသူများပြောတိုင်းမယုံသင့်ပါဘူး..ကိုယ်တိုင်လေ့လာအားတော့ထုတ်သင့်ပါတယ်..ကျနော်ကိုယ်တိုင်

ကိုယ်ပိုင်ဆိုဒ်တွေထောင်ထားတာပါ..၂ခု၃ခုကိုဘယ်သူ့ကိုမှကျနော့်ဆိုဒ်မှာလာလုပ်ပါ၁ခါမှမခေါ်ခဲ့ဘူး...ကျနော်ခေါ်လို့

ခေါ်ဖို့လဲအာရုံမရှိဘူး..လိုက်လဲမကြော်ငြာပါဘူး...အချိန်တန်စကားပြောလာပါလိမ့်မယ်သူ့ဘာသူအချင်းချင်းကောင်းရင်

ကောင်းတယ်မကောင်းရင်မကောင်းဘူးဆိုတာ...က ကျနော့်ဆိုဒ်မှာဖြစ်တဲ့ပြသနာကကျနော့်မှာတာဝန်ရှိပါတယ်..သူများဆိုဒ်မှာပြောင်းလဲတဲ့ပေါ်လစီကတော့

ကျနော်နဲ့မဆိုင်ပါဘူးလုံးဝ...

လူတိုင်းနီးပါးစာဖတ်တတ်ပါတယ်.... ဖတ်တဲ့စာက ဟာသ ၀တ္တုလား ပုံပြင်လားဆိုတာ စာဖတ်တဲ့သူအနေနဲ့

ဖတ်ရတဲ့စာပေါ်မူတည်ပြီးသိနိုင်ပါတယ်...ကျနော်ပုံပြင်ပြောနေတာလားတကယ်ပြောတာလားဟုတ်လားမဟုတ်လား

ဆိုတာ  ကိုယ့်ဘာသာဆုံးဖြတ်ပေးကြပါခင်မျာ...ဆရာ့ဆရာများကျနော့်ဘလော့သို့လမ်းမှားရောက်ခဲ့ရင်လဲကျော်ဖတ်ပေးသွားဖို့

တောင်းပန်ပါတယ်...

အသုံးတည့်မယ်ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်...ဆောင်ချင်လဲဆောင်ပါ..ရှောင်ချင်လဲရှောင်ပါ..ခင်မျာ..

အားလုံးဘဲအဆင်ပြေကျပါစေခင်မျာ....လေးစားစွာဖြင့်

Cryptominer(www.mmbitcointips.xyz)

 

Labels: Bitcoin Tips, BTC wallet, Exchange, Trade, Update News


Posted via Blogaway

1 comment:

  1. YoBit allows you to claim FREE COINS from over 100 different crypto-currencies, you complete a captcha once and claim as much as coins you can from the available offers.

    After you make about 20-30 claims, you complete the captcha and resume claiming.

    You can click on CLAIM as much as 30 times per one captcha.

    The coins will stored in your account, and you can exchange them to Bitcoins or any other currency you want.

    ReplyDelete