Saturday, September 17, 2016

paypal to MMK

PayPal Account ကနေ ငွေ သွင်း/ထုတ်/လွှဲ နည်း

Replies: 0

By: Aung Kyaw

PayPal Account ကနေ ငွေ သွင်း/ထုတ်/လွှဲ နည်း

ကဲ... PayPal လာပါပြီ..အင်တာနက်မှာငွေရှာနေသူများ အသိချင်ဆုံး ကိစ္စ PayPal အကြောင်းလေး အဓိက ကျတဲ့တစ်စိတ်တစ်ဒေသကို တင်ဆက်ပေးလိုက်ပါတယ်... အခုငွေရှာတဲ့ ဆိုဒ်တွေကနေဘဲ ရလာတဲ့ ပိုက်ဆံတွေကို Cash out ( or ) Withdraw လုပ်လိုက်မယ်ဆိုရင် PayPal ထဲကိုရောက်သွားပါ့မယ်..ဟုတ်ပြီ ဘယ်လိုပုံနဲ့ရောက်မှာလဲဆိုရင် အောက်ကပုံကိုကြည့်လိုက်ပါ..ငွေရှာတဲ့ဆိုဒ်တွေကနေ PayPal ထဲကိုရောက်လာတဲ့ ပုံလေးပါ။

ကဲ......ငွေတော့ရောက်လာပြီ အဲဒီငွေကို မြန်မာငွေ ဖြစ်အောင် ဘယ်လိုပြန်ပြောင်းမလဲဆိုတဲ့ အဆင့်ကို ရှင်းပါတော့မယ်... ကျွန်တော်တို့ မြန်မာနိုင်ငံမှာ MyanPay ဆိုတာရှိပါတယ်
www.myanpay.com.mm ဖြစ်ပါတယ်.. အခု PayPal ကနေ မြန်မာငွေပြောင်းဖို့ MyanPay ကိုလွှဲရမှာဖြစ်ပါတယ်... ဒီအတိုင်းတော့ တိုက်ရိုက်လွှဲလို့မရပါဘူး.. ကြားခံငွေလွှဲ
ပေးတဲ့ ၀န်ဆောင်မှုကနေတစ်ဆင့် MyanPay ကိုလွှဲရတာဖြစ်ပါတယ်.. ဥပမာ ကျွန်တော်ကို ကြားခံဝန်ဆောင်မှု လို့သတ်မှတ်လိုက်ပါ..ကျနော်က မိတ်ဆွေတို့ လွှဲလိုက်တဲ့ USD Dollar အတိုင်းကာလပေါက်ဈေးကိုတွက်ချက်ယူပြီး MyanPay ထဲကိုထည့်ပေးမှာဖြစ်ပါတယ်...အဲဒီ MyanPay ကနေတစ်ဆင့် မိတ်ဆွေတို့နဲ့ နီးစပ်တဲ့ ဘဏ်ကနေတစ်ဆင့်ထုတ်
ယူနိုင်ကြမှာပါ.. ဘဏ်မှာ Account ( ဘဏ်စာအုပ်) တော့ဖွင့်ထားဖို့လိုပါ့မယ်.. ဘဏ်စာအုပ်ကလဲ မများပါဘူး တစ်အုပ်မှ တစ်ထောင်လောက်ပဲရှိတာပါ..ဒါဆိုရင် သက်ဆိုင်ရာ ဘဏ်
ရဲ့ ဘဏ်စာအုပ်နဲ့ဘဏ် Account ကိုရပါပြီ.. ကဲ.. နားလည်အောင်ရှင်းပြလိုက်ပါ့မယ်..ငွေထုတ်ပုံအဆင့်ဆင့်ကတော့

PayPal >> ကြားခံဝန်ဆောင်မှု >> MyanPay >> Myanmar Bank အဲလိုအဆင့်ဆင့် ငွေထုတ်ယူသွားရတာပါ...... ကဲ.. MyanPay ကိုအသာထားဦး လောလောဆယ် PayPal နဲ့ ကြားခံဝန်ဆောင်သူရဲ့ ဆက်သွယ်မှုကိုရှင်းပါ့မယ်..ဘယ်လိုဆက်သွယ်မှုလဲဆိုရင် ငွေထုတ်လိုတဲ့ PayPal Account ပိုင်ရှင်ကနေ ကြားခံဝန်ဆောင်မှုပေးမယ့် PayPal
Account ပိုင်ရှင်ဆီသို့ အရင် ငွေလွှဲရပါ့မယ်... ဒီလိုလွှဲနိုင်ဖို့အတွက် Send Money ( or ) Send Funds ကိုနှိပ်လိုက်ပါ.... အောက်ပုံမှာကြည့်ပါ။

To ( Email ) ဆိုတဲ့နေရာမယ် ကြားခံဝန်ဆောင်မှု ပေးသူရဲ့ လိပ်စာကိုထည့်ရပါမယ်... Amount နေရာမှာတော့ မိမိငွေလွှဲပြောင်းလိုတဲ့ ငွေပမာဏကိုထည့်ရပါ့မယ်.. အခု
တစ်ဒေါ်လာလွှဲမှာဖြစ်တဲ့အတွက် 1 လို့ဘဲ ထည့်ထားလိုက်ပါတယ်.. 10$ လွှဲချင်ရင်တော့ 10 လို့ထည့်ပါ... ပြီးတာနဲ့ ညာဘက်အခြမ်းမှာတော့ USD-U.S.Dollars ကို
ရွေးပေးရမှာဖြစ်ပြီး.... အောက်မှာတော့ I'm sending money to family or friends ဆိုတာကိုရွေးပေးရမှာဖြစ်ပါတယ်... ပြီးတာနဲ့ Continue ပေါ့...

Payment To အောက်က လိပ်စာကတော့ ကြားခံဝန်ဆောင်မှုပေးသူရဲ့ လိပ်စာဖြစ်ပါတယ်..ဘေးနားကဟာတွေကတော့.. ဒီအတိုင်း Information တွေဘဲဖြစ်ပါတယ်.. အိုကေ
Send Payment သာနှိပ်လိုက်တော့..

ကဲ... Kyaw Kyaw Naing ဆိုတဲ့ လူက ကြားခံဝန်ဆောင်မှုပေးသူဖြစ်တဲ့ Nwe Nwe ဆိုတဲ့ သူဆီကိုငွေပေးပို့ခြင်းပြီးဆုံးပါပြီ... ဒီလိုဆိုရင် ကြားခံဝန်ဆောင်သူက မြန်မာငွေအဖြစ်
ပြောင်းလဲပြီး ပေးပို့သူရဲ့ MyanPay Account ထဲကိုထည့်ပေးလိုက်တာနဲ့ Kyaw Kyaw Naing ဟာ သူ့ရဲ့ MyanPay Account ကနေတစ်ဆင့် သက်ဆိုင်ရာ မြန်မာဘဏ်သို့
ငွေလွှဲကာ မြန်မာငွေအဖြစ်ထုတ်ယူလို့ရပြီဖြစ်ပါတယ်ဗျာ..ဖူးးး.မောထှာ..အဆင်ပြေကြပါစေခင်ဗျားးးး

                  http://makingmoneytutorial.weebly.com ဆိုဒ်မှကူးယူဖော်ပြထားသည်။

Labels: paypal အကြောင်း


Posted via Blogaway

1 comment: