Wednesday, December 14, 2016

How to use vps

How to use easy to VPS with Traffic Exchange (for blogger and beginner tips)

Replies: 0

By: silancestorm


ကျနော် ဒီနေ့ windows VPS နဲ့ပက်သတ်တာရော Blogger တွေ အတွက်ရော ကြော်ငြာခပိုရနိုင်တဲ့ နည်းလေးကျနော် လမ်းညွန်ပေးမှာပါ....

ကျနော်တို့ blog တွေ faucet ဆိုဒ်တွေ မှာကြော်ငြာတွေ ထည့်ရင် လူဝင်များရင်များသလို ကြော်ငြာခ ရပါတယ်...အဲ့ဒါထက် ပိုရတာကတော့ ကြော်ငြာကို ကလစ်သွားရင်ရတာပါ...ဒါပေမဲ့ ဘလော့တွေ တော်တော်များပါတယ်...တကယ်လူဝင်နှုန်းကောင်းတဲ့ဘလော့က ရှားပါတယ်...

အဲ့တော့ ကျနော်တို့ ကြော်ငြာခတွေ ရမဲ့ နည်းက လူဝင်များမှရမှာပါ...လူဝင်များအောင်ဘယ်လိုလုပ်မလဲ မိတ်ဆွေရဲ့ ဘဘော့မှာ တကယ်အကျိုးရှိတဲ့ ပို့စ်တွေ တင်ရမှာပါ...ဒါမှ လူက ပုံမှန်အမြဲ ပြန်လာဝင်ကြည့်ဖြစ်မှာပါ... ကိုယ့်ရဲ့ဆိုဒ် ကိုယ့်ရဲ့ဘလော့ကို... Faucet ဆိုဒ်ဆိုရင်လဲ ဘစ်ကွိုင် အလုံလောက် ထည့်ထားပေးပြီးတော့ ၁ နာ၇ီခြားကို များများစားစား ပေးမှ လူပုံမှန်ဝင်မှာပါ...

ဒါတောင်အချိန်တော်တော်ပေးပြီးမှ ဖြစ်လာမဲ့ ပုံမျိုးပါ... ကျနော်တို့ ဘလော့အသစ်အနေနဲ့ဆိုရင်တော့ ချက်ချင်း လူဝင်ဖို့ဆိုတာ ၃ လမှ ၆ လလောက်တော့ အသာလေးကြာပါတယ်....အဲ့ တော့ ကျနော်တို့ အကူညီသုံးပြီးတော့ ကိုယ့်ရဲ့ ဆိုဒ်ကိ လူဝင်အောင်လုပ်ပါမယ်...လူများများဝင်မှ ကြော်ငြာခ ကရမှာကိုး...
လူဝင်များ သွားပြီဆိုတာနဲ့ ကိုယ့်ဆိုဒ်က ၂၄ နာ၇ီ ၇ ရက်ပတ်လုံး ကိုယ့်ကို ၀င်ငွေရှာပေးနေမှာဖြစ်ပါတယ်..

ဘလော့နဲ့ faucet ဆိုဒ် ထောင်တာ ကို ကျနော် မရေးပြတော့ပါဘူး ဘာမှလဲမခက်ပါဘူး faucet ဆိုဒ်ဆိုတာလဲ ဖ၇ီး ဒေါင်းလော့ script တွေပေးထားပါတယ်... ဖရီး ဒိုမိန်းနဲ့သုံးရသလို ဖရီး ဟို့စတင်တွေနဲ့လဲသုံးရပါတယ်...

ဖရီးဟို့စ် တွေသုံးရင်တော့ဘန့်ဝပ်ပြည့်တာ နဲ့ ဆိုဒ်ပြုတ်ကျမှာဖြစ်ပါတယ်... လစ်မစ် နဲ့ဘဲပေးသုံးလို့ပါ...

https://faucetinabox.com/
်facucet box မှာ သူ့စခရစ် ဒေါင်းပြီးတော့ config.php မှာ ဆိုဒ်ရဲ့ MySQL မှာ ဒေတာဘေ့ create လုပ်ပြီးတော့ data base setting ချိတ်ပြီးတာနဲ့ လိုအပ်တဲ့ ဟာတွေ စက်တင်ချပြီး သုံးနိုင်ပါတယ်...သူတို့ဆိုဒ်မှာလဲ example တွေ ပြထားပေးပါတယ်...Faucetbox မှာ API key ယူပြီးတော့ချိတ်ပြီး ငွေထုတ်သွင်းလုပ်ပေးယုံပါဘဲ

ဘလော့ လုပ်နည်းတော့မပြောတော့ပါဘူး ဘာမှကိုမခက်လို့ပါ...
ဂျီမေး၁ ခုရှိတာနဲ့ ဘလော့ တွေ စတင်ထောင်လို့ရပါတယ်.... အစိမ်းသက်သက် ဖြစ်နေတဲ့သူတွေလဲ google မှာသာ how to create blog ဆိုပြီးတော့ လိုက်ရှာဖတ်ကြည့်ပါ.... ဖတ်လို့မှ မသိရင် youtube မှာပါထပ်ရှာပြီးတော့ သူပြသလိုသာ ၁ဆင့်ချင်းလိုက်လုပ်ကြည့်ပါ တတ်သွားပါလိမ့်မယ်

အရင်ဆုံးကျနော် တို့ ဆိုဒ်တွေ ကိုလူဝင်အောင် Traffice Exchange ကိုအသုံးပြုရပါမယ် အဲ့ဒါကိုသုံးဖို့အတွက် အကောင့်သွားဖွင့်ရပါမယ်...

http://www.otohits.net/

အဲ့ဆိုဒ်မှာအကောင့်သွားဖွင့်ပါ....အကောင့်ဖွင့်ပြီးရင် တော့ ဆော့ဝဲ ဒေါင်းလော့ဆွဲချရပါမယ်...ဆော့ဝဲနဲ့မသုံးချင်လဲ auto surf နဲ့ ဘရောင်ဇာက နေမောင်းနေလဲရပါတယ်..

သဘောကတော့ ကျနော်တို့က သူ့ဆိုဒ်က နေ သူများကြော်ငြာထားတဲ့ဆိုဒ်တွေ ကိုဘရောင်ဇာနဲ့ auto surf နဲ့ အလိုအလျောက် ကြည့်သွားမှာပါ.... အဲ့လိုသူများဆိုဒ်တွေ ကိုကြည့်ပေးသွားရင်...ကိုယ်က ပွိုင့်တွေ ရလာပါလိမ့်မယ်.... အဲ့ Point တွေနဲ့ ကိုယ့်ရဲ့ဆိုဒ်ကို ပြန်ပြီးတော့ ကြော်ငြာ လိုက်တာနဲ့ တခြားသူတွေကလဲ ကိုယ့်ဆိုဒ်ကို ပြန်ပြီးတော့ ၀င်ကြည့်ပေးမှာဖြစ်ပါတယ်....

ဆော့ဝဲ ဒေါင်းခိုင်းတာက ဆော့ဝဲ နဲ့ အော်တို ၂၄ နာ၇ီဖွင့်ထားပြီးတော့ သူများဆိုဒ်တွေကို ကြည့်ခိုင်းထားမှာဖြစ်ပါတယ်... အဲ့ဆော့ဝဲကို ဖွင့်ဖို့အင်တာနက်လိုပါတယ်... အဲ့ဆော့ဝဲ ဖွင့်ထားလိုက်တာနဲ့ အော်တို ပွိုင့်တွေ က အလိုလို တက်လာပါလိမ့်မယ်... ကိုယ်ကြည့်တာ များရင်များသလို Point  ACHIEVEMENTS တွေက ထပ်ရမှာပါ... အဲ့ကျရင် စစချင်း SITE 3 ခုကနေ နောက်ပိုင်းထပ်တိုးတိုးလာပါလိမ့်မယ်
ဘရောင်ဇာကနေဘဲ auto surf အနေနဲ့ သုံးသုံး soft ware ကိုဘဲမောင်းမောင်း အင်တာနက်ဘေက စားမှာ ဖြစ်ပါတယ်...သူတို့ကလဲ သူတို့ ဆော့ဝဲ သုံးသုံး auto surf ကိုဘဲ သုံးသုံး VPS နဲ့သုံးမှ အဆင်ပြေမယ်လို့ recommend ပေးထားပါတယ်...

ဘာလို့လဲဆိုတော့ vps မှာ သု့ဆိုဒ်ကိုသွားပြီးရင်အကောင့်ဖွင့် ဆော့ဝဲ ဒေါင်းလော့ဆွဲ ပြီးရင် ဆော့ဝဲကို ၂၄ နာ၇ီ အော်တို မောင်းထားခဲ့ယုံပါဘဲ.... ကိုယ် က ကွန်ပြူတာပိတ်ပြီး တော့ လုပ်ချင်တာလုပ်နေလို့ရပါတယ်... vps မှာ သူ့ဆာဗာက အင်တာနက်နဲ့သူ့ ကွန်ပြူတာနဲ့သူ ၂၄ နာ၇ီ မောင်းပြီးတော့ အလုပ်လုပ်နေမှာပါ...ကိုယ့် အပြင်က ကွန်ပြူတာ ပိတ်ထားရင်တောင် ဆာဗာထဲက ထွက်သွားရင်တောင် သူကတော့အလုပ်လုပ်နေအုံးမှာပါ....


ပုံမှာကတော့ ကျနော့် အကောင့်ရဲ့ Point တွေပါ... ၃၇ သိန်းကျော်ကျန်ပါသေးတယ်...

ဆော့ဝဲ ဒေါင်းလော့ ကတော့ App V3 ကိုဒေါင်းလော့ဆွဲရမှာပါ...



ပုံမှာအနီကွက်တွေနဲ့ဒေါင်းပြထားတဲ့ ဟာတွေကို ဒေါင်းလိုက်ပါ... ပြီးရင်တော့ ကိုယ့် ကွန်ပြူတာမှာဖြစ်ဖြစ် VPS ဆာဗာ မှာဖြစ်ဖြစ် အင်စတော လုပ်လိုက်ပါ....



ဆော့ဝဲကိုဖွင့်လိုက်ပြီးရင် မိမိ အကောင့်အီးမေးနဲ့ ပက်ဝက်မှန်အောင်ထည့်လိုက်ပါ....ဆော့ဝဲစတင်အလုပ်လုပ်ပြီးတော့ ပွိုင့်တွေ တက်လာတာကိုတွေ့ ရပါလိမ့်မယ်...

vps ပေါ်မှာဆိုရင်တော့ ၂၄ နာရီမောင်းထားလိုက်တာ အင်တာနက်ဘေလဲကုန်မှာမဟုတ်ပါဘူး..
VPS ကို သုံးရင် ဘာတွေကောင်းလဲတော့ကျနော်လဲကျနော် သိသလောက် လေးပြောပြပေးပါ့မယ်...ကျန်တဲ့ဟာတွေတော့ ကျနော်လဲ မသိပါ.... ၂၄ နာ၇ီ Bot တွေနဲ့မောင်းရမဲ့ဟာတွေ အလုပ်လုပ်ရမဲ့ဟာတွေ ဆိုရင် အင်တာနက် ဖိုးတော်တော်သက်သာပြီးတော့ ကွန်ပြူတာလဲ သက်သက်သာနိုင်မှာပါ....

ပြီးရင် ဘလော့ကာတွေ အတွက် ပိုကိုက်နိုင်ပါတယ်...ဆော့ဝဲ တခုကိုဒေါင်းလော့ဆွဲမယ်ပေါ့ ပြီးရင်ကိုယ့်ရဲ့ ဘလော့မှာ ပြန်တင်ရမယ်ဆိုရင် 1 G ဆွဲရမယ်ပေါ့...VPS နဲ့ဆွဲကြည့်လိုက်ပါ....၁ မိနစ် လောက်ဘဲကြာပါတယ် 1g က ဒေါင်းလို့ပြီးပါတယ် ပြန်တင်လိုက်ပါ အပ်လုပ် နဲ့ ကိုယ့်ဘလော့မှာ ၁ မိနစ်လောက်ဘဲ ထပ်ကြာမှာပါ...အချိန်ကြာတာထက်ကို ကိုယ့်ရဲ့အင်တာနက်ဘေက တော်တော်လေးကို အကုန်ကျမရှိဘဲ နဲ့သုံးရမှာဖြစ်ပါတယ်....

Video ဆိုဒ်တွေ ဆိုရင်ပိုတွက်ချေကိုက်ပါတယ်...video တွေ ကဆိုဒ်ကြီးတွေကြီးပါဘဲ...ဖုန်းဘေနဲ့သာအလုပ်လုပ်မယ်ဆိုရင်တော့ ဘေဖိုးနဲတင် မွဲနိုင်မဲ့ကိန်းဖြစ်ပါတယ်... Vps သုံးမယ်ဆိုရင်တော့ ဘေဖိုးက ဘာမှကုန်မှာမဟုတ်ပါဘူး သူ့ဆာဗာကိုချိတ်တဲ့ အင်တာနက်ဖိုးလောက်သာကုန်ကျမှာပါ...

နောက်ပြီးရင် ဂိမ်းဆော့တဲ့ သူတွေ Bitcoin dice ဂိမ်းတွေပေါ့..Auto betting တွေမှာ settting ချပြီးတော့ ၂၄ နာ၇ီမောင်းထားလို့ရပါတယ် ပစ်ထားလိုက်ယုံပါဘဲ ကိုယ်ထိုင်ကြည့်နေစရာမလိုပါဘူး... Web mining တူးတဲ့သူတွေလဲ သုံးလို့၇မှာပါ... ဒါပေမဲ့ မိုင်နာတွေ ကတော့ VPS plan ကောင်းကောင်း ၀ယ်သုံးမှ ကောင်းမှာပါ....မဟုတ်ရင်တော်တော်လေး ကို လေးလံနေမှာဖြစ်ပါတယ်...

Primedice ,999,freebitcoin ဒီဆိုဒ်တွေAuto betting တွေ ရပါတယ်...တခြား အင်တာနက်နဲ့ ၂၄ နာရီ လုပ်ရမဲ့ အလုပ်တွေ ကို vPS မှာ ကိုယ်သုံးတတ်ရင်သုံးတတ်သလို အသုံးပြုနိုင်ပါတယ်...ကျနော်ကတော့ ကျနော်သိသလောက်လေးကိုသာ သိမ်းကြုံးပြီးတော့ေ၇းပြသွားတာပါ...



ပုံမှာကတော့ My site ဆိုတဲ့နေရာကိုဝင်လိုက်ရင် အောက်ဆင်းလိုက်ပြီးတော့ ကိုယ့်ရဲ့ ဆိုဒ်ကို လိပ်စာကိုထည့်ပါ... 10 ပွိုင့် အနည်းဆုံးထည့်ရပါတယ်... 10 second ကို ဒီထက်ပိုပြီးတော့ထည့်ချင်ရင်လဲ ကိုယ့်ရဲ့ ဆိုဒ်ကို ပြန်ချိန်လို့ရပါတယ်... 600 second ထိ ထားလို့ရပါတယ်...

Hide IP and  Reffer လဲပိတ်လို့ရပါတယ်...ဘယ်ကနေ ကိုယ့်ဆိုဒ်ကို လူဝင်လာတာဆိုတာကိုလဲ ဖျောက်ထားလို့ပါတယ်...ဒီကောင်ကတော့ X2 ၂ ဆပွိုင့်ကုန်မှာပါ

ပြီးရင် Click လဲလုပ်လို့ရပါတယ် X4 ဒီကောင်က ၄ ဆ ပွိုင့် ဖြတ်မှာပါ...ကလစ်ကို ဘယ်လို ကလစ်လုပ်မလဲဆိုတာတွေနဲ့ ပါ... ကျနော်လဲအကုန်မစမ်းရသေးပါဘူး ကိုယ့်ဘာသာ ထပ်ပြီးတော့စမ်းသပ်ကြည့်နိုင်ပါတယ်...

ဒီဆိုဒ်သုံးတာဘာမှမခက်ပါဘူး.... တကယ်လို့ VPSမသုံးချင်ဘဲ ဒီတိုင်းကိုယ့်ဆိုဒ်ကို လူဝင်များအောင်ဘဲလုပ်ချင်ရင်တော့ Point ၀ယ်လို့ရပါတယ်... ကျနော် ဆို ၀ယ်ထားပါတယ် စိတ်မရှည်လို့ပါ...

Euro $5 ပါ.... ရူရို နဲ့ဖြတ်ပါတယ်... paypal နဲ့ချေလို့ရပါတယ် အော်တိုဖြတ်သွားပါလိမ့်မယ်...အလွန်ဆုံးမှ မြန်မာငွေ ၇ ထောင် မကုန်ပါဘူး...ပွိုင့် ၄ သန်းတောင်ရပါတယ်.... သုံးပါလေ့ဘဲ....paypal အကောင့်ကလဲ ဗယ်ရီဖိုင်းမလိုပါဘူး လွယ်ကူစွာဖွင့်ပြီးတော့ ငွေချေလို့ရပါတယ်...

တနေ့ကို ကိုယ့်ဘလော့ ဖြစ်ဖြစ် ဆိုဒ်ဖြစ်ဖြစ် Preview ၃ သောင်း ကျော်လောက် တက်ပါတယ်...



ဘလော့ဆို ရင် ပြသနာမရှိပါ... ဖရီး ဟို့စ်တွေ သုံးထားတဲ့ ဆိုဒ်တွေဆိုရင်တော့ ပြုတ်ကျမှာ ဘန့်ဝပ်ပြည့်ပြီးတော့ လူ အရမ်းဝင်လို့ပါ... ကိုယ့်ဘာသာ ဟို့စ်တင် အန်လစ်မစ် တက် ၀ယ်ထားတဲ့ သူကတော့ ပြုတ်ကျမှာမဟုတ်ပါဘူး...


shop ထဲဝင်ပြီးတော့ ပွိုင့်တွေဝယ်ရပါတယ်  ၁၀ တန်ဆိုရင် ပိုတောင် တန်ပါသေးတယ် ပွိုင့် ၉ သန်းတောင်ပါ....

၁၀ ဒေါ်လာ သုံးပြီးတော့ ကိုယ့်ဆိုဒ်ကို လူ သန်းနဲ့ချီပြီးတော့ ၁ လအတွင်းဝင်အောင်လုပ်နိုင်တာ အရမ်းတန်တယ်လို့ ပြောလို့ရပါတယ်...

Vps နဲ့သုံးတဲ့သူတွေကတော့ ဖရီး ပွိုင့်တွေ ရနိုင်မှာဖြစ်ပါတယ်...

Vps ၀ယ်တဲ့နည်းကတော့ အောက်ကဆိုဒ်မှာ ၀င်ဝယ်လိုက်ပါ ဘာမှမခက်ပါဘူး..

http://www.win-vps.com/

အဲ့ဆိုဒ်မှာ ကိုယ်ဝယ်ချင်တဲ့ Plan 1ခု လောက်ရွေးလိုက်ပါ ပြီးရင် checkout လုပ်လိုက်ပြီးတော့လိုအပ်တဲ့ဟာတွေဖြည့်ပေးလိုက်ပါ...email, ထည့် addres မှာ yangon တွေကြီးဘဲထည့်ပေးလိုက်ပါ အတိကျမလိုပါဘူး...ပြီးရင် တော့ zip တောင်းပါလိမ့်မယ်.... 11021 ထည့်လိုက်ပါ... ကျနော်လဲအဆင်ပြေတာထည့်လိုက်တာ..
ပြီးရင် ကိုယ်သုံးချင်တဲ့ windows အမျိုးစားတွေ ကိုရွေးပေးလိုက်ပါ...တချို့ဟာတွေက တော့ ပိုက်ဆံထပ်ပေးရတဲ့ extra တွေပါပါတယ် ဖရီးဘဲသုံးလို့ရတဲ့ဟာကိုသာေ၇ွးပြီးတော့သုံးပေါ့ တက်နိုင်ရင်တော့ တက်နိုင်သလောက် ကောင်းတာသုံးပါ..

. ပြီးရင်တော့ ဘစ်ကွိုင်နဲ့ဖြစ်ဖြစ် ပေပယ်နဲ့ဖြစ်ဖြစ် ငွေချေပေးလိုက်ပါ.... တခြားဟာတွေလဲ ချေလို့ရပါတယ်..အဆင်ပြေတာနဲ့ ချေလိုက်ပါ..


ပုံမှာ payment မှာငွေချေလို့ရတဲ့ အမျိုးစားတွေ ပြပေးထားပါတယ်..ဘစ်ကွိုင်ကတော့ လွယ်ကူမြန်ဆန်ပါတယ်.... ငွေချေပြီးတာနဲ့ ကျနော်တို့ ချက်ချင်းမရသေးပါဘူး My service မှာ active မဖြစ်သေးပါဘူး... စောင့်ရပါလိမ့်မယ် မစောင့်ချင်ရင် support chat မှာ သွားပြောလိုက်ပါ... ၅ မိနစ်အတွင်း သူတို့ လုပ်ပေးပါလိမ့်မယ်

ပြီးရင်တော့ အီးမေးထဲကို Active VPSအီးမေးလာပါလိမ့်မယ်...

အဲ့ကျရင် သူပေးတဲ့ RDP connect address နဲ့ Username and password ကိုကွန်ပြူတာမှာ

Remote Desktop connection မှာ သွားထည့်ပါ...Search box ကနေရှာလိုက်ပါ မတွေ့ ရင် ...



ပုံမှာ Rdp address ကိုထည့်ထားတာပါ...ပြီးရင်တော့ connect ကိုနှိပ်လိုက်ပါ...

စစချင်သုံးမယ်ဆိုရင်တော့ connect မလုပ်ခင် Option မှာ Username အရင်ထည့်လိုက်ပါ...ပြီးမှ connect လုပ်ပြီးတော့ ပက်ဝက်ထည့်လိုက်ယုံပါဘဲ


ပက်ဝက်ထည့်ပြီးရင်တော့ Ok နှိပ်လိုက်ပါ....ကျနော်တို့ VPS server ကိုချိတ်ပြီးတော့ အထဲကိုဝင်သွားပါပြီ...ကျနော်တို့စတင်ပြီးတော့ကိုသုံးချင်တဲ့ဆော့ဝဲ ဒေါင်းလော့ဆွဲပြီးတော့ မြန်မာဖောင့်တွေဘာတွေ အင်စတောလုပ် ပြီးရင် ကိုယ်သုံးချင်တဲ့ကောင် စတင်သုံးနိုင်ပါပြီ...

VPS ကို mobile ကနေသုံးချင်တဲ့သူတွေအတွက် Microsoft Remote Desktop ကိုဒေါင်းပြီးတော့ သုံးနိုင်ပါတယ်...android and Ios ၂ ခုလုံးရပါတယ်

ဖုန်းထဲကနေ ကွန်ပြူတာ တလုံးလို အကုန်လုံးသုံးလို့ရမှာပါ...

ျRDP address ထည့်
username က ကိုယ်ဝယ်တဲ့ နေရာက ပေးတဲ့ အီးမေး မှာပြန်ရှာ password ပါပါတယ်... အဲ့ ၃ ခု ထည့်ပြီးရင် သုံးလို့ရပြီ ....

https://play.google.com/store/apps/details?id=com.microsoft.rdc.android&hl=en

အဲ့မှာဒေါင်းလော့ဆွဲလိုက်ပါ...



ကွန်ပြူတာနဲ့မသုံးဖြစ်တဲ့အချိန်တွေမှာလဲ ကိုယ့်ဖုန်းထဲကနေ ၀င်ကြည့်နိုင်သလို အသုံးပြုနိုင်မှာဖြစ်ပါတယ်...Tablet လောက်မှ ကြည့်လို့ကောင်းပြီးတော့သုံးလို့ကောင်းမှာပါ...ဘာလို့လဲဆိုတော့ ကိုယ် မြင်ရတဲ့ UI က Windows UI ကိုပြပေးမှာဖြစ်လို့ပါ...ကိုယ်ဝယ်တဲ့ VPS က ကောင်းရင်ကောင်းသလို ပိုမိုမြန်တဲ့ service ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်..

ဘလော့မှာ ကြော်ငြာ တွေ ထည့်ချင်တဲ့သူတွေ ကတော့ ကျနော် bitcoin ads network တွေကိုဘဲ ညွန်ပေးလိုက်ပါတယ်..တခြားနက်ဝက်တွေလဲရှိပါတယ် အများကြီးပါ ကိုယ့်စိတ်ကြိုက် ထည့်ချင်သလို ထည့်နိုင်ပါတယ်....

ဒီ AD network ကတော့ အသစ်ပါ...ကျနော်ထည့်ထားတာ ၆ ရက်လောက်ဘဲရှိပါသေးတယ် ကလစ် လုပ်သွားရင်တော်တော်လေးကို ပေးပါတယ်... ၁နေ့ကို ကို ၁သိန်းနှုန်းလောက်သွားပါတယ် စတိုရှီ နဲ့ပြောတာပါ..တစ်သိန်းဆိုတာက...  အောက်ကလင့်မှာအကောင့်ဖွင့်ပြီးတော့ ကြော်ငြာကုဒ်ယူနိုင်ပါတယ်...ဘလော့ကာတွေကတော့ ကြော်ငြာကုဒ်ယူတာလောက်တော့ သင်ပေးစရာမလိုပါဘူး....

https://www.u-ads.com


ကျနော်ထုတ်ထားတာ ၃ ကြိမ်ရှိပါပြီ ၁ ခါထုတ် ၅ နာ၇ီ ကျော်လောက်တော့ကြာပါတယ်...ပို့ပေးပါတယ်..
အောက်ကပုံကတော့ ကျနော် A ADs မှာ ယူထားတဲ့ကြော်ငြာ ၁ခုပါ.. ပုံမှာသူတို့ ထုတ်ပေးထားတဲ့ဟာတွေ ကိုကြည့်နိုင်ပါတယ်...

တခြား Ad နက်ဝက်တွေ ကိုတော့ အရင် ၄ လလောက်က ပို့စ်အဟောင်းတခု မှာ ပြန်ရှာဖတ်နိုင်ပါတယ်... ဘစ်ကွိုင် ကြော်ငြာ နက်ဝက်တွေ ကို ဘလော့ကာတွေ အတွက် ကျနော် ရေးပေးခဲ့ဖူးပါတယ်..


အောက်ကလင့်မှာ ပို့စ်အဟောင်း Ad network တွေကို ပြန်ရှာဖတ်နိုင်ပါတယ်..

http://www.mmbitcointips.xyz/2015/09/bitcoin-advertising-network-services.html

မိမိ ဘလော့ကို လူဝင်များအောင်လုပ်ရတာတကယ်မလွယ်ကူပါဘူး...အခုလို နည်းနဲ့ကျတော့ အရမ်းလွယ်ကူသွားပါတယ်....

ကျနော်တော့ ကိုက်ပါတယ် ပွိုင့်ဝယ်တာနဲ့ ကြော်ငြာခပြန်ရတာနဲ့မြတ်ပါတယ်...၁နေ့ကို စတိုရှီ အနည်းဆုံး ၁သိန်းခွဲလောက် ကြော်ငြာခပြန်ရလို့ အခု အရင်ပွိုင့် ၄ ကို ဆိုဒတွေမှာ အကုန်ထည့်ထားပြီး နောက်ထပ် point 9 သန်း ထပ်ဝယ်လိုက်ပါပြီ...



VPS ကိုလဲမိမိစိတ်ကြိုက် စိတ်ကူးကောင်းရင်ကောင်းသလို အသုံးပြုနိုင်သလို Traffic exchange ဆိုဒ်ကိုသုံးပြီးတော့ တခြားနည်းများနဲ့ မိမိ စိတ်ကူး အရ ၀င်ငွေရှာနိုင်ပါတယ်...မိုင်နာတွေကတော့ တော်ရုံ ပလမ်နဲ့ သိပ်မကောင်းပါဘူးစက်လေးသွားပါတယ်...ပလမ်ကောင်းကောင်းဝယ်သုံးရင်တော့ မောင်းနိုင်ပါတယ်..Miner app တွေကတော့အများကြီးပါဘဲ ...မိမိဘာသာ ရှာဖွေပြီးတော့စမ်းသပ်ကြည့်

ဒါပေမဲ့ Traffice exchange ဆိုဒ်တွေ မှာ AD skip တွေထည့် ပြီးတော့ မသုံးပါနဲ့ ရလဲ ၁ရက်လောက်ဘဲရပြီးတော့ မိမိ အကောင့်ဘမ်းသွားပါလိမ့်မယ် ...အချိန်ကုန်ပြီးတော့လုပ်ထားတာ ပင်ပန်းယုံဘဲရှိပါတယ်...

ကြော်ငြာတွေ ထည့်ထားရင် မိမိဘာသာ မကလစ်ပါနဲ့ တနေ့ ဘမ်းခံရပါလိမ့်မယ်...ဘမ်းခံရရင် အချိန်ကုန်တာဘဲအဖတ်တင်မှာဖြစ်ပါတယ်...

အားလုံးဘဲအဆင်ပြေကြပါစေ... စေတနာ အပြည့်နဲ့ အလကားသက်သက်မျှဝေပေးတာပါ...

Cryptominer(www.mmbitcointips.xyz)

Labels: Advertising, Bitcoin Tips, Update News


Posted via Blogaway

visa card

How to get Bitcoin Virtual Visa Card afew 3 mins (bitcoin virtual visa card အား ၃ မိနစ်ဖြင့်လျှေက်နည်းလေးပါ)

Replies: 0

By: silancestorm



ကျနော်ဒီနေ့ Bitcoin Visa Debit Card လေးအကြောင်း ကျနော်ရေးပြပေးပါ့မယ် ဘလော့မှာလဲ ကျနော်ပို့မတင်ဖြစ်တာ ကြာပါပြီ...

တခြားနေရာမှာ ကျနော်တို့ Online Payment တွေငွေချေဖို့အတွက် ကဒ်တွေ လျှောက်ရပါတယ်... အခကြေးငွေလဲပေးရပါတယ်... အခု ကတော့ ကျနော်တို့ လက်ထဲ ငွေ ဒေါ်လာ 2.5 ရှိယုံနဲ့ ကဒ်၁ကဒ်ကို ချက်ချင်းပိုင်ဆိုဒ်ရမှာဖြစ်ပါတယ်.... မမိုက်ဘူးလား... ကျနော်အခုဘဲ လျောက်ကလိရင်းနဲ့စမ်းလိုက်တာ... ကဒ်တကဒ် ချက်ချင်းရသွားပါပြီ...

ပလပ်စတစ် ကဒ်လျောက်ရင်လဲရပါတယ်...ကြိုက်တဲ့ နေရာ အင်တာနေရှင်နယ် VISA Card support ပေးတဲ့ ATM တိုင်းမှာထုတ်ရပါတယ်... မြန်မာနိုင်ငံမှာလဲ စက်တွေ အများကြီးပါ... ထုတ်ချင်သလိုထုတ်ရပါတယ်....VISA Card ကတော့မြန်မာနိုင်ငံမှမဟုတ်ပါဘူး... နိုင်ငံတကာ သွားသွား ဒီမြန်မာကကဒ်ဘဲ ယူပြီးသွားသုံးသုံး နိုင်ငံခြားက ကဒ်ဘဲ ယူလာပြီးတော့ ဒီမှာလာသုံးသုံး  ထရန်စလေးရှင်းဖိစ် ဖြတ်မှာပါ... အိပ်ချိန်းလုပ်ပြီးတော့ပေါက်ဈေးအတိုင်းပေါ့....

ပြီးရင် လစဉ်ကြေး နှစ်စဉ်ကြေးကတော့ အမျိုးမျိုး ကဒ်လုပ်ပေးတဲ့ ဆားဗစ်တွေအပေါ်မူတည်ပြီးတော့..ပြောင်းနိုင်ပါတယ်... ဒီမှာတော့ ကဒ် သုံး၇င် ၁ လကို ၁ ဒေါ်လာသာပေးဆောင်ရမှာပါ....

ကဒ်သက်တမ်းက ၃ နှစ်ထိပေးထားတယ် သက်တမ်းကုန်ပြန်လျောက်ယုံဘဲ

တနေ့ကို ဒေါ်လာ ၂၅၀၀ ထိထည့်လို့ထုတ်လို့ရတယ်..... ဒါတောင် unverified အတွက်နော်.. Verify user ဆိုရင် ဒေါ်လာ ၂၀၀၀၀ ထိရတယ်....

 နိုင်ငံတကာမှာငွေပေးချေရင်တော့ Foreign Transaction Fee  3% ဖြတ်မှာပါ....

ပလစ်စတစ်ကဒ်ဘဲသုံးသုံး Virtual Visa ကဒ်ဘဲသုံးသုံးပါ....ပလစ်စတစ်ကဒ်ကတော့ သူတို့ခွင့်ပြုထားတဲ့နိုင်ငံတွေဆိုရင်တော့ ဖရီးပို့ပေးပါတယ်.... ကျန်တဲ့ နိုင်ငံတွေကတော့ Shipping fee ကောက်မှာပါ...

Number of online transactions ကတော့ စိတ်ကြိုက် သုံးချင်သလေက်သုံးပါ.. Unlimited ပါဘဲ..

ဘာဘဲဖြစ်ဖြစ် လွယ်လွယ်ကူကူ နဲ့ချက်ချင်းလျောက်လို့ရတဲ့ Virtual Visa Card ဆိုလို့ဒီကောင်ဘဲရှိပါတယ်.. ကိုယ်လက်ထဲ ဘစ်ကွိုင် ၂ ကျပ်ခွဲ ရှိရင် ချက်ချင်းရပြီ...

ပြီးရင် အကောင့်ဖွင့်ထားပြီးရင်လဲ ဘစ်ကွိုင် ဝေါလက် ၁ ခုအနေနဲ့ အသုံးပြုလို့ရအုံးမှာပါ...

USD လား Euro လား GBP လား ကြိုက်တာသုံး... ဘစ်ကွိုင်ထည့်ပေးလိုက် ပေါက်ဈေးအတိုင်း အော်တိုကဒ်ထဲချိန်းသွားပေးပါလိမ့်မယ်

 ကဒ်ထဲက ဘစ်ကွိုင်တွေ ပြန်ထုတ်ချင်လား ဝေါလက်ထဲကို ပြန်ထုတ်လိုက်ယုံပါဘဲ.....
 ပြီးရင်တော့ ကဒ်ကိုငွေပြန်ဖြည့်မယ်ဆိုရင် သူများတွေဆီမှာ အကောင့်သွားဖွင့်ထားတဲ့သူတွေဟာ ကိုယ့်အကောင့်ငွေသွင်းဖို့အတွက် သူတို့ကိုဆက်သွယ်ရပါမယ်...
ပြီးရင် သူတို့ကိုငွေပို့ပေးပြီးမှ ကိုယ့်ကဒ်ထဲ ငွေက ရောက်မှာပါ... ပြီးရင် ငွေဖြည့်ခ ဖိစ် ကောက်အုံးမှာပါ..

ဒီမှာတော့ ငွေပြန်ဖြည့်ရင် ဖိစ်က ၁ ပါစန့်

ကိုယ်ကဒ်ထဲငွေဘယ်လောက်ကျန်သေးလဲဆိုတာလဲ အခုလို လွယ်လွယ် ကူကူ နဲ့စစ်လို့ဖို့ ဆိုတာမလွယ်ကူပါဘူး...

ဒီမှာတော့ ဘစ်ကွိုင်ထည့်...ဘစ်ကွိုင်ထည့် လိုက်တာနဲ့ Bitcoin Network Confirmed 3 ခါပြည့်ပြီးတာနဲ့ ကိုယ့်အကောင့်က နေ ကဒ်ထဲပြောင်းထည့်လိုက်ယုံပါဘဲ... ဘယ်သူ့မှအားကိုးနေစရာမလိုပါဘူးခင်မျာ....

ကျနော်ဒီနေ့ Bitcoin Debitc Card ၁ ကဒ်လျောက်နည်းရေးပြပေးပါ့မယ် အရမ်းလွယ်ကူပါတယ်.... အချိန် ၃ မိနစ် လောက်ပေးယုံနဲ့ မိမိ တို့ အွန်လိုင်းငွေချေနဲ့ Virtaul Debit Card လေးတကဒ် ရရှိနိုင်မှာဖြစ်ပါတယ်... မြန်မာ နိုင်ငံတော့မပါဘူးနော်... စိတ်မပူ နဲ့ ၃ မိနစ် ဘဲကြာမယ်... ရစေရမယ် မြန်မာနိုင်ငံမပါလဲ....

https://goo.gl/w8WHX8

အပေါ်ကလင့်မှာ အကောင့်သွားဖွင့်ရမှာပါ....အင်ဗိုက်ပေးတဲ့အတွက် ဖွင့်တဲ့သူက ၂၅% ဒစ်ကောင့်ရမှာပါ..ကျနော်က ၁၀% ပါ... မိတ်ဆွေတို့ထည့်တဲ့ငွေတွေရမှာမဟုတ်ဘူး သုံးတဲ့ ငွေရဲ့ ဖိစ်ရဲ့ ၁၀ % နော်... 

အကောင့်ဖွင့်တာတော့ ကျနော် သေချာမရေးပြတော့ဘူးနော် ကျွမ်းနေကြပါပြီ ကျနော်တို့ ဂရုကလူတွေအမြဲဖွင့်နေကြဘဲ...

အကောင့်ဖွင့်ပြီးသွားရင် ကျနော်တို့ ကဒ်လျောက်ဖို့အတွက် Sigin ၀င်လိုက်ပါ...


 ကျနော် စရှင်းပြပေးပါ့မယ်... အခု ပုံမှာမြင်ရတာကတော့စစချင်းဝင်တာနဲ့ Account ကိုစပြပေးနေပါလိမ့်မယ်... ဒါကတော့ Bitcoin ဝေါလက် တခုအနေနဲ့ သုံးလို့ရတဲ့ Account ဖြစ်ပါတယ်... အဲ့ မှာ Bitcoin account , Euro ,GBP ,US dollar account ဆိုပြီးတော့ ၄ ခု ရှိပါတယ်...

အပေါ်ဆုံးကောင်က ကျနော်တို့ ရဲ့ ဘစ်ကွိုင် ဝေါလက်အတွက် အကောင့်ပါ... အောက်မှာကပ်ပြီးတော့ဘစ်ကွိုင်လိပ်စာတွေပေါ်နေပါတယ်....

သူက တော့အိတ်ချိန်းသဘောလိုမျိုးပါ.... Bitcoin account ထဲကိုထည့်ရင် Bitcoin ရောက်မယ်...

Usd account ထဲကို ထည့်ရင်  USD ဒေါ်လာအဖြစ်ပြောင်းသွားပါလိမ့်မယ် ပေါက်ဈေးအတိုင်းပေါ... ကိုယ် က ၆၆၀ ဒေါ်လာနှုန်းနဲ့ ၁ ဘီ ထည့်လိုက်ရင် USD ကိုပေါ့.. USD အကောင့်ထဲမှာ 660 usd လို့ပြပေးမှပါ..... 

GBP and EURO အကောင့်တွေလဲ ထိုနည်းတိုင်းပါလဲ ဈေးတက်ကျမှာ ပြန်ပြီးတော့ထုတ်ရင် ပေါက်ဈေအတိုင်းအိပ်ချိန်းလုပ်နိုင်ပါတယ်... ဈေးအတက်
အကျ  အပြောင်းနဲ့ အရှုံးမြတန်ထွက်နိုင်ပါတယ်....

ဘာလို့လဲဆိုတော့ ၆၆၀ နှုန်းနဲ့ ၁ ဘီ USD အကောင့်မှာထည့်ခဲ့ရင် 700 ဒေါ်လာထိ ဘစ်ကွိုင် ဈေးပေါက်တဲ့အချိန်မှာ ကိုယ်ပြန်ထုတ်ရင် ၁ ဘီ အပြည့်မရတော့ဘူး... ၄၀ ဒေါ်လာဖိုးဘီလျော့နေပါလိမ့်မယ် ...ကိုယ့်ကို ၆၆၀ ဒေါ်လာ နဲ့ ဈေးဖြတ်ထည့်ထားလို့ပါ

600 ဈေးထိ ဘစ်ကွို င် ဈေးကျခဲ့ရင်တော့ ၆၀ ဒေါ်လာ ဖိုးအမြတ်နဲ့ ဘစ်ကွိုင်က ၁ ဘီ ထက် ပိုပြီးတော့
ပြန်ရပါလိမ့်မယ် ထရိတ် ဆိုဒ်တွေ မှာ အိပ်ချိန်းလုပ်ပြီးကိုင်ထားတဲ့သဘောမျိုးပါဘဲ...

ကျနော်ကပ်လျောက်တာ စတင်ပြောပါ့မယ်
...အခုပုံထဲမှာက ကျနော် ကဒ်လျောက်ထားပြီးသားကြီး ကဒ်က active ဖြစ်နေတဲ့ပုံကြီးပါ....

အကောင့်စစချင်းဆို ကဒ်လျေက်မလားတန်းပေါ်ပါတယ် ကျနော်ကတော့ကဒ်လုပ်ပြီးသားမလို့ ပြမရတော့ပါဘူး....

ဟိုးအောက်ဆုံးထိ ဆင်းလိုက်ပါ.... အောက်ဆုံးနားမှာ Service ဆိုတာရှိပါတယ်.... အဲ့အောက်မှာ
Bitcoin Debit Card ဆိုပြီးတော့ရှိပါတယ်... အဲ့ကောင်ကိုရွေးလိုက်ပါ...ကျနော်ပုံမှာ အနီနဲ့ဝိုင်းပြထားပါတယ်....

ပုံမှာ ပြထားတဲ့အတိုင်းရွေးပေးပါ... ကျနော်တို့အနေနဲ့ ပလပ်စတစ်ကဒ်လျောက်ဖို့မလွယ်ကူပါဘူးမြန်မာကဆိုရင် တခြားနိုင်ငံကဆိုရင်တော့ Plastic Card ကိုရွေးပေါ့...မြန်မာကလူတွေကတော့ Virtual Card ကိုဘဲရွေးပါ... $2.5 ဒေါ်လာကဒ်ဖိုးကျမှာပါ...

ပြီးရင်တော့ USD ကဒ်ကိုထပ်ရွေးပါ... ပြီးရင် User agree မှာ အမှန်ခြစ်ထည့်ပါ... Continue ကိုဆက်နှိပ်ပလိုက်ပါ....

Personal info မှာ First name Last name ထည့်ပါ... ပြီးရင် DOB ထည့်ပါ....
Billing Address မှာတော့ ကျနော် ထိုင်းက မြိုံကိုထည့်ထားတာပါ.... Maesei Ching Rai ကျနော့်သူငယ်ချင်းလိပ်စာ ပါ.... ထည့်ကြည်ပါ ရပါလိမ့်မယ် ဘာဖြစ်လဲ တလမ်းထဲ အတူတူနေကြတာပေါ့... ငိငိ... ကျနော် အိမ်အမှတ်တွေမထည့်ထားပါဘူး....

Country မှာ Thailand ကို ရွေးပါ... City မှာ MAESEI ပါ.. Post Code ကတော့ 57130 ပါ...

Continue ကိုဆက်နှိပ်လိုက်ပါ... အနီကွက်တွေနဲ့လိုအပ်တာတွေ အကုန် ပြထားပါတယ်...ကျနော်...

ပုံမှာအခုလိုပေါ်ပါလိမ့်မယ်... Payment detail မှာ ကိုယ့်ရဲ့ balance ထဲက ချေမလားလို့ မေးပါလိမ့်မယ် ကိုယ့်အကောင့်ထဲ ဝေါလက်ထဲ ထည့်ထားတဲ့ ဟာ မရှိသေးရင် Bitcoin Payment ဆိုပြီးတော့ ရွေးလို့ရပါတယ် အဲ့နေရာမှာ... ပုံမှာသေချာကြည့်ပါ.. ပြီးရင်တော့ Order ကိုနှိပ်ပြီးတော့ဆက်သွားလိုက်ပါ....

သူတို့ ဘစ်ကွိုင် ဝေါလက်လိပ်စာနဲ့ အမောက် ကျလာပါလိမ့်မယ် အဲ့ကို သူပို့ခိုင်းတဲ့အခိုင်းပို့လိုက်ပါ... ၁ မိနစ် အတွင်း မိမိဆီကို အီးမေးလာပါလိမ့်မယ်....

မိမိ ကဒ်ရဲ့ နံပါတ် တွေ နဲ့ Date and Year နဲ့ CVV ကုဒ်နဲ့ပါ... အနောက်ဆုံး ၃ လုံးကို သူများကိုပေးသိလို့မရပါဘူး... ကိုယ့်ရဲ့ security card no  CVV ကုဒ်ပါ....

ကျနော်ကတော့ငွေချေတာမပြတော့ပါဘူး.... EURO crad နောက် ၁ကဒ်ဖိုးပါပေးရမှာမလို့ပါ... USD ၁ ကဒ်လုပ်ထားပြီးသားမလို့ ထပ် မပြတော့တာပါ...


ဒါကတော့ ကျနော့်ကဒ်ပါ... ကဒ်နံပါတ်တွေက ဒီထဲမှာကြည့်မရပါဘူးအီးမေးထဲကိုပို့ပေးထားတာပါ...
အခုကျနော့်ကဒ်ထဲ မှာ ၁၀ ကျော်ရှိပါတယ်... $1.01 ရှိရင်ကိုကဒ်ထဲ ငွေထည့်လို့ရပါတယ်....

ကိုယ့်ကဒ်ထဲဘယ်လောက်ငွေရှိလဲဆိုတာ လဲ အလွယ်တကူ ကြည့်နိုင်ပါတယ်....

ကဒ်ကိုငွေစတင်ထည့်ဖို့. Load a Card ကိုရွေးလိုက်ပါ....ငွေထည့်ပြီးမှ ကဒ်ငွေဖြည့်လို့ရမှာနော်...

Card load ထဲမှာ ကျနော်တို့ ဒီပို့ဇစ်တင်ထားတဲ့ USD account ထဲကဘဲဖြစ်ဖြစ် Btc အကောင့်ထဲကဘဲဖြစ်ဖြစ် ကြိုက်တာနဲ့ ချေလို့ရပါတယ်... ကျနော်ကတော့ပုံမှာ ၂ ခါ ငွေထည့်လိုက်တာပါ... verify မလုပ်ထားရင် တနေ့ကို ၂ ခါထဲဖြည့်လို့ရပါတယ်... ထည့်ရင်တော့ ကိုယ်သုံးမဲ့အမောက်တိုင်း ၁ခါထဲ များများစားစားထည့်ပေါ့... ၁နေ့ကို ၂ ခါငွေပေးဖြည့်ထားပါတယ်... ၂ ခါထပ်ကျော်ပြီးတော့ထည့်မရပါဘူး..

ကျနော်ပုံက ၂ ခါထည့်ထားလို့ ထပ်ပေးမထည့်တော့တဲ့ပုံပါ... Verify မလုပ်ထားလို့ပါ....
၁ခါထည့်ရင် ၂၅၀၀ ထည့်လို့ရပါတယ် ... Verify မလုပ်ထားလဲ...သုံးရင်လဲ ၂၅၀၀ ဒေါ်လာသုံးလို့ရပါတယ်လို့ ပြောထားပါတယ်.. ၂၅၀၀ တော့ကျနော်လဲမသုံးဖူးဘူး မထည့်ဖူးပါဘူး..သူတို့ရေးထားတာပြန်ပြောတာပါ... တော်ကြာအကုန်လုံးကျနော့်ခေါင်းပုံအပြစ်ပုံကျမှာဆိုးလို့ပါ

ကျနော့်ဆိုဒ်လဲမဟုတ်တော့ ကျနော်လဲ အကုန်မသိပါ...
သူတို့ ပေါ်လစီ နဲ့ သူတို့ပေါ့ သုံးရမှာ user ကတော့...

BTC ကနေ တခြားကာရန်စီ ၃ ခုကိုလဲ ငွေလွဲပြောင်းလို့ရပါတယ်... တခြားဟာ ၃ ခုကနေလဲ ထိုနည်းတိုင်းပြန်ပြီးတော့အချင်းချင်းချိန်းချင်သလိုချိန်းရပါတယ်... အိပ်ချိန်း ဖိစ် တော့ရှိပါတယ်...မချိန်းခင် ကိုယ့်ဘာသာ ကိုယ် ချင့်ချိန်တွက်ချက်ပါ... ၁ ပါစန့် ပါ...


ဒါကတော့ ကဒ်ထဲက ငွေကိုပြန်ထုတ်တာပါ.. Card unload ကိုဝင်လိုက်ပါ... ကျနော်ထုတ်ထားလို့ USD account ထဲမှာ ၅ ကျပ်ကျော်ပြန်ဝင်နေတာပါ.... ၁နေ့ကို ၂ ခါ ထုတ်လို့ရပါတယ်...၂၅၀၀ ဒေါ်လာအမောက်ပါဘဲ...

၁ ကျပ်ရှိရင်ကိုထုတ်ရပါတယ် ကဒ်ထဲကအထုတ်ဖိစ်လဲရှိပါတယ်... ၁.၁ ပါစန့်ပါ....
ဒါပေမဲ့ တခြား VISA ကဒ်တွေ သုံးတာထက် စာရင် တော်တော်ဖိစ်အသက်သာဆုံးလို့ပြောလို့ရပါတယ်...မသုံးဖူးတဲ့သူတွေသာ ဖိစ်တွေ များလှချီလားလို့ထင်တာပါ... 

ကျနော့်သုံးနေတဲ့ အပြင်ကကဒ်တွေဆို သုံးရင် ဖိစ် ၃၀၀၀ ကျပ်ဖြတ်တဲ့ကဒ်ရှိသလို ၅၀၀၀ ဖြတ်တဲ့ကဒ်လဲရှိပါတယ်... ငွေထည့်ရင် လဲ ၂၀၀၀ ဖြတ်ပါတယ်... ဘဏ်ကနေ... ပြီးရင်လဲ ကဒ်ဖိုးကလဲ ၁သောင်းကျပ်ကျပါသေးတယ် ကိုယ့်ကဒ်ကိုလဲ အလွယ်တကူ ငွေစစ်မရပါဘူး... ပြီးတော့ ကဒ်တွေက တချို့နေရာသုံးရ တချို့နေရာ သုံးမရတွေ နဲ့....


ကိုယ့်ဘစ်ကွိုင်တွေ ပြန်ထုတ်ချင်ရင်တော့ Send  ဆိုတဲ့ဟာထဲဝင်လိုက်ပါ....ပြီးရင် ကိုယ်ထုတ်ချင်တဲ့ဟာ ဘစ်ကွိုင်ဆိုရင် ဘစ်ကွိုင်ဝေါလက် လိပ်စာထည့်ပါ... ပြီးရင် အမောက်ထည့် ပြီး Transfer လုပ်ပေးလိုက်ပါ... သူများဝေါလက်ကို လွဲချင်လဲရပါတယ်...ထိုနည်းတိုင်းပါဘဲ... 

Bank ကနေထုတ်ချင်လား အဆင်ပြေတဲ့သူထုတ်ကြပေါ့... မြန်မာအတွက်တော့မပါဘူး CB တို့ AYA တို့ မတွေ့ ဘူး... 

ကဒ်ကတော့ဘယ်မှာသုံးလို့ရလဲ လျောက်သာစမ်းကြည့်ကျတော့ ကျနော်လဲ မစမ်းရသေးဘူး... Paypal verify တို့.. တခြား ဆိုဒ်တွေမှာငွေချေတာ Visa card လက်ခံတဲ့နေရာတွေ လိုက်သာစမ်းကြည့်တော့ .... အ၀င် ရော လက်ခံလားဆိုတာ ပါ လိုက်စမ်းနော် အ၀င်ပါလက်ခံရင် တကယ်ကို ရွှေ ဘဲကဒ်က မြန်မာနိုင်ငံကကဒ်တွေ အ၀င်မရဘူး တကဒ်မှသုံးစားမရဘူး....အရှုံးမရှိပါဘူး....ကိုယ့်ငွေ ပြန်ထုတ်လို့ရပါတယ် အချိန်မရွေး... သုံးမရရင်သူတို့ လဲ ကဒ်လုပ်စားမှာမဟုတ်ပါဘူး.... 

ကဲအခုလောက်ဆို အားလုံးဘဲအဆင်ပြေကြမယ်လို့ ထင်ပါတယ်... 
မသိတာ ၂၄ နာ၇ီ  Support chat ရှိပါတယ်... သူ့တို့ကိုမေးပါ.....
သိချင်တာ...

အခုပို့စ်ကိုလဲ credit ပေးချင်ပေးမပေးချင်နေပါ.. အားလုံးဘဲလွတ်လွတ်လပ်လပ်ရှဲလုပ်နိင်ပါတယ်..တခြားသူတွေ အတွက်လဲ ကဒ်လိုတဲ့သူတွေလွယ်ကူအောင်..ဈေးသက်သာအောင် ရှဲလုပ်ပေးနိုင်ပါတယ်ခင်မျာ... 

ကျနော်လဲ ထရိတ်နေရင်းနဲ့ရေးပေးရတာမလို့ တင်ပေးချင်စိတ် လောနေတာကြောင့် စမ်းချိန်မရသေးပါ...နောက်ရက်တွေ လျောက်စမ်းဝယ်ကြည့်မယ် ရတဲ့ ဟာတွေ ကျနော် အကြောင်းပြန်ပေးပါ့မယ်...အပ်ဒိတ်အနေနဲ့....ဒိုမိန်းတို့ ဟိုစတင်တို့ ၀ယ်ဖို့အတွက် ဆိုရင် ကဒ်တွေနဲ့
စမ်းချေကြည့်ပါ... တချို့ဆိုဒ်တွေက ကဒ်ဘဲလက်ခံတာများပါတယ်...အွန်လိုင်းမှာဆိုရင်...

အမှားပါရင်စိတ်မရှိကြပါနဲ့...စေတနာအပြည့်နဲ့အလကားပေးချင်ယုံသက်သက်ပါ...
ကဲအားလုံးဘဲအဆင်ပြေကြပါစေ လေးစား စွာဖြင့်...
Cryptominer.(www.mmbitcointips.xyz)

Labels: Bitcoin Tips, BTC wallet, Update News


Posted via Blogaway