Monday, August 29, 2016

paypal account လုပ်နည်း

Myanmar IP Address ဖြင့် PayPal အကောင့်အား (၁၀) မိနစ်အတွင်း အလွယ်တကူ၍ Online Payment/ Online Shopping/ Online Business များအား ပြုလုပ်နည်း။ ယခုဖော်ပြမည့် နည်းလမ်းသည် မြန်မာနိုင်ငံမှ PayPal အကောင့်ပြုလုပ်၍ ငွေပေးချေခြင်း(Online Payment) ၊ ငွေလက်ခံခြင်း (Get Paid), အွန်လိုင်းတွင်ငွေရှာခြင်း (Online Business)၊ အွန်လိုင်းတွင် ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်း (Online Shopping)၊ အွန်လိုင်းမှတဆင့် အလူငွေများ ထည့်ဝင်းခြင်း (Online Donation) စသည့် လုပ်ငန်းစဉ်များအတွက် လွတ်လပ်လွယ်ကူစွာ ဆောင်ရွက်နိုင်သော နည်းလမ်းဖြစ်ပါသည်။
ယခုဖော်ပြမည့် 
နည်းလမ်အား မြန်မာနိုင်ငံ၏ မည်သည့် အင်တာနက်လိုင်းဖြင့် မဆို အသုံးပြု၍ ရပါသည်။ ပြည်တွင်း အင်တာနက်လိုင်းမျိုးစုံဖြင့် စမ်းသပ်ပြီး ဖြစ်ပါသည်။ PayPal တွင် အကောင့်အမျိုးအစား ၃ မျိုးရှိပါသည်။ 1. Personal Account - အင်တာနက်ပေါ်တွင် ငွေသုံးရန်၊ Personal payment များအား လက်ခံရန်အတွက် သီးသန့်ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။ 2. Premier Account - အင်တာနက်ပေါ်တွင် ငွေသုံးရန်၊ Online Business လုပ်ငန်းများမှ ငွေလက်ခံရန် Individual အတွက် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။ 3. Business Account – Company များ၊ အသင်းအဖွဲ့များအတွက် ငွေပမာဏ များများ လက်ခံနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။ ယခုဖော်ပြမည့် နည်းလမ်းသည် Premier Account ပြုလုပ်နည်း ဖြစ်ပါသည်။ လူကြီးမင်းအနေဖြင့် PayPal - Premier Account ပြုလုပ်ထားခြင်းဖြင့် Online ပေါ်တွင် ငွေသုံးနိုင်သည့်အပြင် Online မှတဆင့်လဲ ငွေလက်ခံနိုင်ပါသည်။ Online Business များ ပြုလုပ်နိုင်ပါသည်။ PayPal Button၊ Shopping Cart စနစ်များအား မိမိတို့၏ Website များ အသုံးပြုနိုင်၍ ငွေလက်ခံနိုင်ပါသည်။ လူကြီးမင်းတို့အနေဖြင့် Paypal ဖြင့် လက်ခံထားသော ငွေများကို ငွေပြန်လည်ထုတ်ယူလိုပါက www.shwemoney.com သို့ ဆက်သွယ်၍ ငွေထုတ်နိုင်ပါသည်။ PayPal အကောင့် ပြုလုပ်ရန်အတွက် လိုအပ်ချက်များ။ 1. Email address တစ်ခု (Paypal တစ်ခါမှ မဆောက်ဖူးသေးသော၊ Paypal ဖြင့် တစ်ခါမှ link မချိတ်ဖူးသော Email အသစ်ဖြစ်ရန် လိုအပ်ပါသည်။) 2. ShweMoney Virtual VISA Card တစ်ခု (Paypal နှင့် Link မချိတ်ဖူးသော၊ Paypal တွင် တစ်ခါမှ မသုံးဖူးသေးသော Card အသစ် ဖြစ်ရန် လိုအပ်ပါသည်။) (Note : ShweMoney Virtual VISA Card အား www.shwemoney.com တွင် အလွယ်တကူ လျှောက်ထားရရှိနိုင်ပါသည်။) ယခုဖော်ပြမည့် နည်းလမ်းအား အသုံးပြု၍ Myanmar IP ဖြင့် Paypal အကောင့်ပြုလုပ်ထားသူများသည် Online တွင် ငွေသုံးရာတွင် Paypal ထဲသို့ ငွေကြိုထည့်ထားစရာ မလိုအပ်ပါ။ ShweMoney Virtual VISA Card ဖြင့် ချိတ်ဆက်ထားရန်သာ လိုအပ်ပါသည်။ Paypal မှတဆင့် Online ငွေအသုံးပြုမှု မှန်သမျှကို Virtual VISA Card ထဲမှ အလိုအလျောက် နုတ်ယူသွားမည် ဖြစ်ပါသည်။ ထို့အတွက်ကြောင့် အကြောင်းတခုခုကြောင့် PayPal Limited ဖြစ်သွားပါက PayPal ထဲသို့ ငွေကြိုထည့်ထားစရာ မလိုသဖြင့် ငွေဆုံးရှုံးမှု ရှိမည် မဟုတ်ပါ။ ၁။ www.paypal.pl သွားရောက်ပါ။ Poland နိုင်ငံ Payal စနစ် ဖြစ်ရပါမည်။ Sign Up ပြုလုပ်ရန်အတွက် ညာဖက်အပေါ် ထောင့်စွန်းရှိ အပြာရောင် Button အား နှိပ်ပါ။ 

၂။ အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။ နောက်ထပ်အဆင့်များပြုလုပ်ရာတွင် လွယ်ကူစေရန်အတွက် language အား ပြောင်းလဲပေးပါ။ 

၃။ အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။ PayPal အကောင့်စတင်ပြုလုပ်ရန်အတွက် “Paypal for you” အောက်ရှိ “Get Started” Button အား နှိပ်ပေးပါ။ 

၎။ ဤအဆင့်တွင် PayPal အကောင့်ပြုလုပ်ရန်အတွက် လိုအပ်သည့်အချက်အလက်များအား ဖြည့်သွင်းရပါမည်။ အချက်အလက်များအား မဖြည့်သွင်းမီ Poland Address Information နှင့် Poland ဖုန်းနံပါတ်တစ်ခုခု အား ကြိုတင်ရှာထားရန် လိုအပ်ပါသည်။ (စာမျက်နှာ၏ နောက်တစ်မျက်နှာအား ကြိုတင်ကြည့်ရှုပေးပါရန်..) 

၅။ Poland Address လိပ်စာနှင့် Phone number အား ရှာဖွေရန်အတွက် http://www.spokeo.com/Dunn+Rd+Poland+ME+addresses သို့ သွားရောက်ပါ။ ၆။ မိမိစိတ်ကြိုက် လမ်းနာမည်တစ်ခုအား ရွေးလိုက်ပါ။ 

၇။ နောက်တစ်ဆင့်တွင် ထိုလမ်းတွင်နေထိုင်သော လူများ၏ အချက်အလက်အား တွေ့မြင်ရပါလိမ့်မည်။ 

၈။ စိတ်ကြိုက် နာမည်တစ်ခုအား ရွေးချယ်ပေးပါ။ ထိုသူ၏ လိပ်စာအား အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။ 

အထက်ပါ ပုံအား လေ့လာကြည့်ရှုပါက Poland Address လိပ်စာအား အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။ Address – 77 Dunn Rd City – Poland State – ME Postal code – 04274 - Poland Country ဖုန်းနံပါတ် code သည် +48 (0048) ဖြစ်ပါသည်။ ဖုန်းနံပါတ်အရေအတွက် (9) လုံး ရှိပါသည်။ ထို့ကြောင့် အထက်ပါ ပုံအား လေ့လာ၍ ဖုန်းနံပါတ်ထည့်သွင်းရာ၌ 0048207998xxx ဟုထည့်သွင်းရပါမည်။ Example ... 0048207998775 . ၉။ အချက်အလက်များ ပြည့်စုံပြီးပါက PayPal အကောင့်အား ဆက်လက်ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ PayPal တွင် လူကြီးမင်း၏အချက်အလက်အားထည့်သွင်းပေးပါ။ လိပ်စာနှင့် ဖုန်းနံပါတ်ကို အထက်ပါရှာဖွေခဲ့သည့်အတိုင်း ထည့်သွင်းပေးရပါမည်။ ထို့နောက် “Agree and Create Account” Button အား နှိပ်ပေးပါ။ 

၁၀။ ထို့နောက် နောက်တစ်ဆင့်တွင် အောက်ပါအတိုင်း Image Capture အား ထည့်သွင်းပေးရပါမည်။ ပုံတွင်ပြထားသည့်စာသားများအတိုင်း ထည့်သွင်းပေးရန် လိုအပ်ပါသည်။ 

၁၁။ ထို့နောက် “Continue” Button အား နှိပ်ပေးပါ။ ၁၂။ နောက်တဆင့်တွင် လူကြီးမင်း၏ Virtual VISA Card နှင့် ချိတ်ဆက်ရန် အောက်ပါအတိုင်း တွေ့မြင်ရပါမည်။ Pay with my card အောက်ရှိ “Continue” Button အား နှိပ်ပေးပါ။ 

၁၃။ ထို့နောက် လူကြီးမင်း၏ Virtual VISA Card အချက်အလက်အား ထည့်သွင်းပေးပါ။ 

၁၄။ လူကြီးမင်း၏ Virtual VISA Card နှင့် ချိတ်ဆက်ပြီးပါက အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။ 

၁၅။ လူကြီးမင်း၏ Paypal အကောင့်အား ပထမအဆင့် ပြုလုပ်ပြီးစီးသွားပြီ ဖြစ်ပါသည်။ ယခုအဆင့်တွင် လူကြီးမင်း၏ Paypal အကောင့်အား အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။ လူကြီးမင်း၏ Paypal အကောင့်သည် Poland နိုင်ငံလိပ်စာဖြင့် ပြုလုပ်ထားသဖြင့် Default Currency မှာ Poland ငွေကြေး (PL) ဖြင့် ဖော်ပြထားသည်ကို တွေ့မြင်ရပါလိမ့်မည်။ 

၁၆။ ထို့အတွက်ကြောင့် Default Currency အား US Dollar အဖြစ်သို့ ပြောင်းလဲရန် လိုအပ်ပါသည်။ ထိုသို့ပြုလုပ်ရန်အတွက် အောက်ပါအတိုင်း “Currency Converter” တွင် Click နှိပ်ပြီး ပြောင်းလဲပေးရန် လိုအပ်ပါသည်။ 

၁၇။ နောက်တဆင့်တွင် အောက်ပါအတိုင်း တွေ့မြင်ရမည်ဖြစ်ပြီး “US Dollar” အား ရွေးချယ်၍ “Make Primary” Button အား နှိပ်ပေးပါ။ 

၁၈။ ထို့နောက် “Overview” ကို ပြန်နှိပ်ပေးပါ။ အောက်ပါအတိုင်း Default Currency မှာ USD အဖြစ် ပြောင်းလဲသွားကြောင်း သိရှိပါလိမ့်မည်။ 

၁၉။ အထက်ပါအဆင့်များပြီးစီးပါက ဒုတိယအဆင့်အနေဖြင့် လူကြီးမင်း၏ PayPal အား Email verify ပြုလုပ်ရန် လိုအပ်ပါသည်။ လူကြီးမင်း၏ PayPal အကောင့် ပြုလုပ်ခဲ့သော Email အား စစ်ပေးပါ။ “Activate your new PayPal account” ဟူသော Email Subject ဖြင့် Email တစ်စောင် တွေ့ပါလိမ့်မည်။ ထို Email တွင် ပါဝင်သော “Activate My Account” အား နှိပ်ပေးပါ။ 

၂၀။ PayPal Web Page တစ်ခုတက်လာမည်ဖြစ်ပြီး PayPal password အား မေးပါလိမ့်မည်။ လူကြီးမင်း Paypal အကောင့်၏ Password အား မှန်ကန်စွာ ထည့်သွင်းပေးရန် လိုအပ်ပါသည်။ 

၂၁။ Password မှန်ကန်ပါက နောက်တဆင့်တွင် လူကြီးမင်း အကောင့်၏ Security Question and Answer များအား သတ်မှတ်ပေးရပါလိမ့်မည်။ လူကြီးမင်း ကြိုက်နှစ်သက်သော မေးခွန်း (၂) ခုနှင့် အဖြေ (၂) အား အောက်ပါအတိုင်း ထည့်သွင်းပေးရန် လိုအပ်ပါသည်။ ထို့နောက် “Submit” Button အား နှိပ်ပေးပါ။ 

၂၂။ အထက်ပါအဆင့်များ ပြီးစီးပါက paypal ပြုလုပ်ခြင်း ဒုတိယအဆင့် ပြီးစီးပြီ ဖြစ်ပါသည်။ 

၂၃။ PayPal ပြုလုပ်ခြင်း တတိယအဆင့်အနေဖြင့် လူကြီးမင်း၏ Virtual VISA Card နှင့် Paypal အကောင့်အား Link ချိတ်၍ Verify ပြုလုပ်ရန် လိုအပ်ပါသည်။ ၂၄။ ထိုသို့ပြုလုပ်ရန်အတွက် ညာဖက်ထောင့်ရှိ “Link and confirm my credit card” အား နှိပ်ပေးပါ။ 

၂၅။ အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။ Confirm ပြုလုပ်ရန် သေချာကြောင်းကို “Continue” Button အား နှိပ်၍ အတည်ပြုပေးပါ။ 

၂၆။ အတည်ပြုပြီးပါက Paypal မှ လူကြီးမင်း၏ Virtual VISA Card အတွင်းမှ ငွေ အနည်းငယ်မျှ နုတ်ယူသွားပါလိမ့်မည်။ ထို နုတ်ယူသွားသော ငွေအနည်းငယ်ကို လူကြီးမင်း၏ အကောင့် Verify ပြုလုပ်ပြီး နောက်ပိုင်းတွင် လူကြီးမင်း၏ Paypal Balance ထဲသို့ ပြန်ထည့်သွင်းပေးပါလိမ့်မည်။ 

၂၇။ ဤအဆင့်ပြီးစီးပါက Account Overview အား ပြန်သွားရန် “Go to Account Overview Page” အား နှိပ်ပေးပါ။ ၂၈။ လူကြီးမင်း Virtual VISA Card ၏ Statement သို့ Paypal မှ 4-digits code တစ်ခုပို့ပေးပါလိမ့်မည်။ ထို PayPal code သည် လူကြီးမင်း၏ VISA card statement တွင် PP*1234 ပုံစံဖြင့် ဖော်ပြပါလိမ့်မည်။ ၂၉။ ထို PayPal code အား လူကြီးမင်း၏ Card Statement ရရှိရန်အတွက် အနည်းဆုံး ၂ ရက်၊ ၃ ရက်ခန့် စောင့်စားရပါလိမ့်မည်။ စနေ၊ တနင်္ဂနွေ စသည့် ရုံးပိတ်ရက်ခံသော နေ့များတွင်း ၄ ရက်၊ ၅ ရက်ခန့် ကြာနိုင်ပါသည်။ ၃၀။ Myanmar နိုင်ငံ IP ဖြင့် PayPal အကောင့်ပြုလုပ်ခြင်းအား ယခုအဆင့်အထိ ပြီးစီးပါက Complete Verify မဖြစ်သေးသော်လည်း Paypal စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ၃၁။ ယခုအဆင့်ထိ ပြီးစီးပြီးပါက Online Website များတွင် ငွေပေးချေခြင်း၊ Online Shopping ပြုလုပ်ခြင်း၊ Online Donation ပြုလုပ်ခြင်း ကိစ္စရပ်များအား အသုံးပြုနိုင်နေပြီ ဖြစ်ပါသည်။ ၃၂။ အထက်ပါ Online Website များတွင် ငွေသုံးခြင်း လုပ်ငန်းစဉ်များအတွက် PayPal Balance ထဲသို့ ငွေကြိုထည့်ထားစရာ မလိုအပ်ပါ။ ၃၃။ လူကြီးမင်းအနေဖြင့် Virtual VISA Card ဖြင့် ချိတ်ဆက်ပြီး ဖြစ်ပါ၍ လူကြီးမင်း၏ Card အတွင်းမှ ငွေအား PayPal မှ အလိုအလောက် နုတ်ယူသွားပါလိမ့်မည်။ ၃၄။ ထိုသို့ပြုလုပ်ရာတွင် လူကြီးမင်း၏ Virtual Visa Card အတွင်းတွင် ငွေလုံလောက်စွာ ရှိရပါမည်။ အနည်းဆုံး မိမိအသုံးပြုလိုသော ငွေထက် $2 USD လောက် ပိုရှိနေဖို့ လိုအပ်ပါသည်။ ဥပမာ- လူကြီးမင်း PayPal ဖြင့် အသုံးပြုသော ငွေပမာဏသည် $80 ဆိုပါက Virtual VISA Card အတွင်းတွင် အနည်းဆုံး $82 USD လောက် ရှိရန် လိုအပ်ပါသည်။ ၃၅။ သို့သော် Paypal အကောင့်အချင်းချင်း ငွေလွှဲခြင်း (Send Money) လုပ်ဆောင်ချက်နှင့် Online မှ ငွေလက်ခံခြင်း (Receive Money) လုပ်ဆောင်ချက်များအား ဆောင်ရွက်၍ မရသေးပါ။ ထိုလုပ်ဆောင်ချက်များအား ဆောင်ရွက်လိုပါက ဆက်လက်၍ Complete Verify ဆက်လုပ်ရန် လိုအပ်ပါသည်။ ၃၆။ ထို Complete Verify ပြုလုပ်ရန်အတွက် လူကြီးမင်း၏ ShweMoney Virtual VISA Card Statement အား www.shwemoney.com သို့ ဆက်သွယ်၍ Check Statement ပြုလုပ်ပါ။ Check Statement ပြုလုပ်ရန်အတွက် www.shwemoney.com/check-statement တွင် သွားရောက်၍ Statement Request ပြုလုပ်နိုင်ပါသည်။ ၃၇။ သတိပြုရန်မှာ - Paypal code သည် လူကြီးမင်း၏ Card Statement အတွင်းသို့ အနည်းဆုံး ၂-၃ ရက်စောင့်ပြီးမှ ရောက်ရှိလာမည် ဖြစ်ပါသည်။ ၃၈။ ShweMoney Virtual VISA Card ၀န်ဆောင်မှုမှ လူကြီးမင်း၏ Card Statement အား Email ဖြင့် ပေးပို့ပေးပါလိမ့်မည်။ ထို Statement တွင် PayPal Code ပါလာပါလိမ့်မည်။ ၃၉။ လူကြီးမင်းအနေဖြင့် PayPal Code ရရှိပြီးပါက လူကြီးမင်း၏ PayPal အကောင့်ထဲသို့ Login ၀င်ပါ။ ၄၀။ ထို့နောက် ညာဖက်ထောင့်ရှိ “Confirm my credit card” အား နှိပ်ပေးပါ။ 

၄၁။ လူကြီးမင်းအနေဖြင့် အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။ လူကြီးမင်း၏ PayPal Code – 4 digits အား ထည့်သွင်ပေးပါ။ 

၄၂။ ထို့နောက် “Confirm Card” Button အား နှိပ်ပေးပါ။ ၄၃။ PayPal Code ထည့်သွင်းပြီး မှန်ကန်ပါက အောက်ပါအတိုင်း Message တစ်ခုပေါ်လာပါလိမ့်မည်။ 

 


Posted via Blogaway

payza acc ဖွင့်နည်း

Payza မှာ အွန်လိုင်းဘဏ်အကောင့်ဖွင့်ရအောင်

Replies: 0

By: Aung Kyaw

AlertPay နဲ့ Payza က အတူတူပါပဲ။ နောက်ပိုင်းမှာ AlertPay ကနေ Payza ဆိုပြီး ပြောင်းသွားတာပါ။

၁။ အရင်ဆုံး Payza ကို အရင်သွားလိုက်ပါ။ Sign Up Now ကိုနှိပ်လိုက်ပါ။




၂။ Select your country မှာ ကိုယ်ကြိုက်တဲ့ နိုင်ငံတစ်ခုခုကို ရွေးပေးပါ။ မြန်မာနိုင်ငံတော့ မပါသေးပါဘူး။

Payza ကို မြန်မာကနေ အသုံးပြုမယ်ဆိုရင် အိုင်ပီချိန်းဖို့အတွက် Prxoy ဆော့ဝဲတစ်ခုခု (ဥပမာ Yourfreedom, Hotsopt Shield, Ultrasurf) တစ်ခုခုကို သုံးပြီး အသုံးပြုမှ အဆင်ပြေပါလိမ့်မယ်။


၃။ ပြီးရင် ကိုယ်ကြိုက်တဲ့ အကောင့်အမျိုးအစားတစ်မျိုးကို ရွေးပေးပါ။ ကျွန်တော်ကတော့ Starter ကိုပဲ ရွေးလိုက်ပါတယ်။ သူတို့ရဲ့ ကွာခြားချက်တွေက 

Starter- ကိုယ့်သူငယ်ချင်း အချင်းချင်း၊ မိသားစုဝင် အချင်းချင်းကြားမှာ ငွေလွှဲငွေပို့လို့အတွက် အဆင်ပြေပါတယ်။ တစ်လကို $400 အထိပဲ လက်ခံလို့ရပါတယ်။ တစ်နှစ်လုံးမှာဆိုရင်တော့ $2000 အထိပဲ ငွေလက်ခံလို့ ရပါတယ်။ အဲဒါတွေထက် ပိုသွားခဲ့ရင် Personal အကောင့်ကို အော်တို upgrade လုပ်သွားမှာပါ။ 

Personal- သူ့မှာတော့ ငွေလက်ခံတာအတွက် ကန့်သတ်ချက်မရှိပါဘူး။ ဒါပေမယ့် ငွေလက်ခံမယ်ဆိုရင် fee က 2.5%+$0.25 ရှိပါတယ်။ 

Business- သူကတော့ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေ အတွက်ပါ။ 
(နောက်ပိုင်းမှ ကိုယ့်အကောင့်ကို ကိုယ်တိုင် upgrade ဒါမှမဟုတ် downgrade ပြန်လုပ်လို့ ရပါတယ်)

ကျွန်တော်က ဥပမာ အနေနဲ့ United States ကို ရွေးလိုက်ပါတယ်။ အဲဒါဆိုရင် နောက် page တစ်ခုတက်လာပါလိမ့်မယ်။

ကျွန်တော်ကတော့ United States အတွက်ကို Fake Name generator သုံးပြီး လိပ်စာတွေကို အရင်ရှာထားလိုက်ပါတယ်။ Fake Name generator ကို အသုံးပြုနည်းကို ရေးထားပြီးပါပြီ။ မသေချာရင် ပြန်ဖတ်ကြည့်လိုက်ပါ။ အောက်ကပုံပါ။ ကျွန်တော်တို့ လိုချင်တဲ့ လိပ်စာနဲ့ Postal code ကို ရပါပြီ။ 



Salutation: Mr. လား Mrs. လားဆိုတာရွေးပေးပါ။ 

First Name: နာမည်ရှေ့ပိုင်းကို နောက်ဆုံးအလုံးချန်ပြီး ဖြည့်ပေးပါ။ 

Last Name: နာမည်နောက်ဆုံးအလုံးကို ဖြည့်ပေးပါ။ 

Address Line 1: Fake Name generator ရတဲ့ လိပ်စာ(အခု ဒီမှာတော့ 895 Willow Oaks Lane) ဆိုပြီး မြို့နာမည်ချန်ပြီး ဖြည့်လိုက်ပါ။ 

Address Line 2 (optional): ဘာမှမဖြည့်ဘဲထားလို့ ရပါတယ်။ 

City: Fake Name generator ရတဲ့ (အခုဒီမှာတော့ Lafayette) မြို့နာမည်ကို ဖြည့်ပေးပါ။ လိပ်စာက အရေးကြီးလားဆိုတော့ မကြီးပါဘူး။ ခင်ဗျားကို တကယ်ဘယ်သူမှ လိုက်မရှာပါဘူး။ ဒါပေမယ့် ငွေကို Payza ကနေ ပေးချေတဲ့အခါ လောက်မလောက်ကို သေချာတွက်ပြီးမှ ပေးချေပါ။ တကယ်လို့ ငွေချေတာမလောက်လို့ ပြသနာပေါ်ရင်တော့ အကောင့်ကို Limited လုပ်ပြီးတော့ Passport တောင်းတတ်ပါတယ်။ အဲဒါလေးတစ်ခုပဲ သတိထားပေးပါ။ 

State: State ကိုရွေးပေးရတော့မယ်။ (အခုဒီမှာတော့ Lafayette) မြို့က ဘယ် State မှာရှိတာလဲပေါ့။ မသိရင် google ကနေရှာလိုက်ပေါ့။ Google ကပြောတာကတော့ New York တဲ့။ အောက်မှာ ပြထားပါတယ်။ 

Zip Code: Postal code ကိုပဲပြောတာပါ။ Fake Name generator က ရတာကို ဖြည့်လိုက်ပါ။ အခုဆိုရင်တော့ LA 70501 ပေါ့။ (တချို့ဆိုဒ်တွေမှာ ရှေ့က LA ကို ထည့်ပေးစရာမလိုပါဘူး။ ဂဏန်းတွေ ချည်းပဲ ထည့်ပေးရတာမျိုးရှိပါတယ်။ တကယ်လို့ zip code ကိုမှားတယ်ပြောရင် နည်းနည်းပြောင်းပြီး ထည့်ပေးပါ။ အဆင်ပြေပါလိမ့်မယ်။) 

Country: နိုင်ငံနေရာမှာတော့ ဖြည့်ပြီးသားဖြစ်နေပါလိမ့်မယ်။ မဖြည့်ရသေးရင် ကျွန်တော့်တို့ အစတုန်းက ရွေးခဲ့တာကို ရွေးပေးပါ။ 

Citizenship: နိုင်ငံသားကို ပြောတာပါ။ ကံကောင်းထောင့်မစွာနဲ့ပဲ Burma ပါပါတယ်။ ရွေးပေးလိုက်ပါ။ 

Home Phone: Fake Name generator က ရတဲ့ဖုန်းနံပါတ်ကိုပဲ ထည့်ပေးလိုက်ပါ။ 

Job Category: အလုပ်အကိုင် တစ်ခုကို ရွေးပေးလိုက်ပါ။ 

Other: အလုပ်အကိုင် တစ်ခုကို ရွေးပေးပါ။ 

Date of Birth: ဒါကတော့ မွေးလ မွေးရက် မွေးနှစ် ကိုဖြည့်ရမယ့် နေရာပါ။ 

အဲဒါတွေ ပြီးရင် Next step ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ အောက်က ပုံမျိုးပေါ်လာပါမယ်။

E-mail address: Payza အတွက် အသုံးပြုမယ့် ကိုယ်ရဲ့ အီးမေးလိပ်စာကို ထည့်ပေးပါ။ 

Password: Payza အတွက် ပက်ဝက်ကို ထည့်ပေးပါ။ 

Re-enter Password: အပေါ်က ထည့်ပေးခဲ့တဲ့ ပက်ဝက်ကိုပဲ ပြန်ထည့်ပေးပါ။ 

Transaction PIN: သူကတော့ အရေးကြီးပါတယ်။ ငွေလွှဲတဲ့အခါတိုင်း ကျွန်တော်တို့ကို မေးမှာပါ။ အမြဲမှတ်မိနေမယ့် ဂဏန်းကိုထည့်ပေးပါ။ 

Re-enter Transaction PIN: အပေါ်ကထည့်ခဲ့တဲ့ ဂဏန်းကို ပြန်ထည့်ပေးပါ။ 

Security Question: ပက်ဝက်မေ့သွားခဲ့လို့ရင် ပြန်တောင်းတဲ့အခါမှာ မေးမယ့် မေးခွန်းကို ရွေးပေးပါ။ 

Answer: အပေါ်က မေးခွန်းရဲ့အဖြေပါ။ ကိုယ်ကြိုက်တာဖြည့်ထားလို့ ရပါတယ်။ ဒါပေမယ့် မှတ်မိရပါမယ်။ 

Third Party information: ဒီမှာတော့ No ကိုပဲ ရွေးပေးလိုက်ပါ။ 

Word Verification: အပေါ်က သူပေးထားတဲ့ စာသားကို ပြန်ရိုက်ထည့်လိုက်ပါ။ 

Check: You acknowledge that မှာ ကလစ်ပြီး အမှန်ခြစ်ပေးလိုက်ပါ။ 

ပြီးရင် Final step ကို ကလစ်ပေးလိုက်ပါ။ ကျွန်တော်တို့ဆီကို Payza ကနေ့ အီးမေးပို့လိုက်တယ် ဆိုတဲ့ page တက်လာပါလိမ့်မယ်။ 


ကျွန်တော်တို့ရဲ့ အီးမေးထဲကို သွားလိုက်ပါ။ Payza ကနေ ပို့ထားတဲ့ အီးမေးကို ဖွင့်လိုက်ပါ။ ပြီးရင် အောက်က ပုံမှာ မြှားပြထားတဲ့လင့်ကို ကလစ်လိုက်ပါ။


အောက်ကလို ပုံမျိုး တက်လာပါလိမ့်မယ်။ ဘာမှမရှိသေးတဲ့ ကျွန်တော်ရဲ့ Payza အကောင့်ပုံပါ။


အပေါ်ကလို ပုံမျိုးတက်လာပြီဆိုရင်တော့ အွန်လိုင်းဘဏ်အကောင့်လုပ်လို့ အောင်မြင်စွာနဲ့ ပြီးသွားပါပြီ။
makemoneywithptc2013.blogspot.com မှကူးယူဖော်ပြထားသည်။

Labels: Payza အကြောင်း


Posted via Blogaway

Saturday, August 27, 2016

Dropbox စွမ်ရည်များ

သင့်ဖုန်းမှ Dropbox ရဲ့ လူမသိတဲ့ စွမ်းရည်များ
BY THU YA ON AUGUST 8, 2016TUTORIALS
သင့်မှာ မိုဘိုင်းဖုန်းမှာ Dropbox သုံးတယ်ဆိုရင် ဖိုင်တွေကို Cloud မှာ သိမ်းလို့ရတာ တစ်ခုထဲ မဟုတ်ပါဘူး။ Dropbox ရဲ့ အခြား စွမ်းရည်များ ရှိပါသေးတယ်။ Dropbox ကနေ ပုံနှိပ်စာရွက်စာတမ်းတွေကို Scan ဖတ်ပြီး PDF ဖိုင်အဖြစ် သိမ်းဆည်းနိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတကွ Office Files တွေရေးမယ်၊ Edit လုပ်မယ်၊ Comment တွေနဲ့ ဆွေးနွေးမှတ်ချက်ပေးမယ် စတာတွေ လုပ်ဆောင်လို့ ရပါတယ်။ သင့်ဖိုင်တွေကို ကာကွယ်ဖို့ သင့်ရဲ့ Dropbox App ကို Passcode ခံထားတာမျိုးလုပ်သင့်ပါတယ်။
၁။ Camera ကနေ Documents တွေကို Scan ဖတ်မယ်။
Third-party Mobile Scanning App တွေက Document တွေ ဖြတ်ပိုင်းတွေကို ဓာတ်ပုံရိုက်ပြီး PDF ဖိုင်ပြောင်းပေးပါတယ်။ ပြီးတော့ Dropbox ထဲကို Upload တင်ပေးနိုင်ပါတယ်။ Dropbox နောက်ဆုံး Version မှာတော့ Document Scanning စွမ်းရည် ပါလာပါပြီ။

Dropbox ရဲ့ အောက်ခြေမှ “+” ကိုနှိပ်လိုက်ရုံပြီး Scan Document ကိုရွေးပါ။ ဖုန်းကင်မရာကို Scan ဖတ်ချင်တဲ့စာရွက်ကို ချိန်ရွယ်ပါ။ ပြီးရင် Document အနားပတ်လည်ကို အပြာရောင် Outline လေးနဲ့ ကွက်တိဖြစ်တဲ့ အထိစောင့်ပါ။
ဓါတ်ပုံရိုက်တဲ့ ခလုတ်ကို ကိုနှိပ်ပြီးရင် Scan လုပ်ထားတဲ့ ပုံ ကို Rotate လုပ်ခြင်း၊ Filter( Black-and-White,Whiteboard, Original) ထည့်ခြင်း၊ Crop လုပ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ ပြီးရင်တော့ PDF ဒါမှမဟုတ် PNG ဖိုင်အနေနဲ့ ဖုန်းမှာ သိမ်းနိုင်ပါပြီ။
အထက်မှာ ဖော်ပြထားတဲ့ Document Scanning Feature က iOS မှာပဲ ပါဝင်ပါတယ်။ ဒါပေမယ့် Android Version အတွက် မကြာတော့တဲ့ကာလတစ်ခုမှာ ရရှိလာတော့မှာပါ။
၂။ Word, Power Point နဲ့ Excel ဖိုင်တွေ ပြုပြင်မယ်၊ ဖန်တီးမယ်။
Dropbox မှာ Microsoft File တွေဖွင့်ဖို့ တခြား App တွေမလိုအပ်ပါဘူး။ နောက်ဆုံး Dropbox Update မှာ Word, PowerPoint, Excel တို့ကို တစ်ချက်နှိပ်ရုံနဲ့ ဖွင့်လို့ရပါပြီ။

“+” ကိုနှိပ်ပါ။ Create or Uplode File ကို ရွေးပါ။ Office App ကိုရွေးလိုက်ပါ။ ပြီးရင်တော့ File နာမည်ပေး တာနဲ့ သိမ်းမယ့် နေရာကို ရွေးပေးပါ။ Create ကိုနှိပ်ပြီး သင်ကြိုက်တဲ့ Microsoft Office App ကို ရွေးပေးပါ။ ( ဒီလိုလုပ်ဖို့ Microsoft’s Mobile Office Suite ကိုတော့ Install လုပ်ထားဖို့လိုပါမယ်။)
Dropbox မှာ ရှိပြီးသား Office Document တစ်ခုကိုလည်း သင့်ရဲ့ Dropbox Account ကနေ Edit လုပ်လို့ရပါတယ်။ Doc ဖိုင်ကိုဖွင့်ဖို့ နှိပ်လိုက်ရုံပါပဲ။ Screen အောက်နားက Edit ကိုနှိပ်ပါ။ သက်ဆိုင်တဲ့ Office App ကို အလိုလို ရောက်ရှိသွားပါလိမ့်မယ်။
၃။ File မှာ Comment ရေးမယ်။
ဆက်သွယ်ရေး စနစ် မကောင်းရင် ပူးပေါင်းဆောင်ရွက်ရတာဟာ အတော်လေးခက်ခဲ တဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် Dropbox မှာ လုပ်ဖော်ကိုင်ဖက်များနဲ့ Chat ပြီး ဖိုင်များ အတူတကွ ဖန်တီးနိုင်ဖို့ ပြုလုပ်ပေးထားပါတယ်။

Chat ဖို့ File ကို ဖွင့်ပြီး Comment ကို နှိပ်လိုက်ရုံပါပဲ။ Document ကို သင် Share ထားတဲ့ ဘယ်သူမဆို Comment ကို မြင်ရမှာ ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တွေကို Mention ခေါ်(Dropbox Handle) ထည့်လိုက်တာနဲ့ သူတို့တွေနဲ့ Comment မှာ Direct Chat နိုင်မှာလည်းဖြစ်ပါတယ်။
Comment Window ရဲ့ အပေါ်ထောင့်မှာ Notifications Button(ခေါင်းလောင်းပုံစံ) ကို မြင်ရမှာဖြစ်ပြီး တစ်ယောက်ယောက်က Comment ရေးလိုက်တာနဲ့ သင့်ဆီကို Notification တက်မှာဖြစ်ပါတယ်။
၎။ Dropbox ကို Passcode နဲ့ ကာကွယ်မယ်။
သင့်ရဲ့ ဖုန်း ဒါမှမဟုတ် Tablet ကို Password နဲ့ ကာကွယ်ထားပြီးသားဆိုရင်တောင်မှ Dropbox မှဖိုင်များကို ဂဏန်းလေးလုံးနဲ့ ထပ်ပြီးကာကွယ်နိုင်ပါသေးတယ်။

Dropbox Android Version အတွက် Screen ရဲ့ အပေါ်ထောင့်မှာ လိုင်းသုံးလိုင်း (Hamburger) ကိုနှိပ်ပါ၊ Setting (စက်သွားပုံ) ကို နှိပ်ပြီး Configure Passcode ကိုနှိပ်ပါ။ iOS အတွက်ကတော့ Recent Tab ကိုနှိပ်ပြီး Setting ကိုနှိပ်ပါ။ Configure Passcode ကို နှိပ်ပါ။
Passcode ကို On လုပ်ပြီးရင် PIN နံပါတ်လေးလုံး ထည့်ပေးပါ။ ဒီလိုလုပ်ပြီးရင်တော့ iOS User တွေအတွက် အခြားလူတစ်ယောက်က သင့် အကောင့်ကို ခိုးဝင်ချင်လို့ PIN နံပါတ် ၁၀ ကြိမ်မှားရိုက်တာနဲ့ အကောင့်ကနေ Log Out လုပ်ပေးမှာပါ။ Android User တွေအတွက်တော့ အခြားလူတစ်ယောက်က သင့် အကောင့်ကို ခိုးဝင်ချင်လို့ PIN နံပါတ် ၁၀ ကြိမ်မှားရိုက်တာနဲ့ Log Out မလုပ်ပေးဘဲ သင့် Dropbox ဖိုင်များကို ဖျက်ဆီးပေးအောင် လုပ်နိုင်တဲ့ Option ပါပါတယ်။

Posted via Blogaway